ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့် အတက်အကျ မြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။ သိမ်ငယ်စိတ်ေတွ၊ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ အနာဂတ်ကို တွေးပူတဲ့စိတ်တွေ၊ လူတစ်ယောက်ကို ကိုယ်ပဲ အပိုင်စားလိုချင်တဲ့ စိတ်တွေဖြစ်လာကာ ကိုယ်တိုင်ကိုရော ကိုယ့်ချစ်သူကိုရော စိတ်ပူလောင်စေတဲ့ ရောဂါဖြစ်ပါတယ်။ ခုခေတ်လူငယ်တော်တော်များများ အချစ်ရေးမတည်မြဲကြတာလည်း ဒီစိတ်ရောဂါကြောင့်လို့ပဲ ဆိုနိုင်ပါတယ်။
စိတ်ရောဂါတော်တော်များများက ရုတ်တရက်ကြီး ထဖြစ်တယ်ဆိုတာ ရှားပါတယ်။ အချိန်အတော်ကြာအောင် ရင်ထဲမှာ အမြစ်တွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ရောဂါရှိလို့ရှိမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့
ပုံမှန်အခြေအနေမှာ စိတ်အကောင်းကြီးဖြစ်နေတဲ့ သူတစ်ယောက်က ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့အချိန်၊ သို့မဟုတ် တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေတဲ့အချိန်ကျမှသာ ဒီလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေထဲက အနည်းဆုံး ၅မျိုးလောက် ရှိနေတယ်လို့ သင့်ကိုယ်သင် သတိထားမိတယ်ဆိုရင်တော့ ဒီရောဂါရှိနိုင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။
BPD ဆိုတာ လူငယ်တွေမှာ အရမ်းအဖြစ်များပြီး တော်တော်လေးကို ကုရခက်တဲ့ စိတ်ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ပုံမှန်အချိန်မှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းနေတဲ့ လူတစ်ယောက်က တခြားသူစိမ်းတစ်ယောက်နဲ့ ချစ်မိလိုက်တော့မှပဲ အသိစိတ်နဲ့ လူနဲ့မကပ်၊ အမြဲလိုလို ပူလောင်နေပြီး ကိုယ်မသိလိုက်ခင်မှာ ကိုယ့်အပြုအမူတွေက ချစ်သူကို သွားပြီး ထိခိုက်စေမိတော့ အချစ်ရေးက မမြဲတော့ဘူးပေါ့။ ဒါကြောင့် ဒီလိုပြဿနာတွေနဲ့ ကြုံလာပြီဆိုရင် အကောင်းဆုံးက စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်တယ်လို့ပဲ အကြံပေးလိုက်ချင်ပါတယ်။
အကယ်လို့ ကိုယ့်မှာ ဒီရောဂါရှိတယ်ဆိုတာ သေချာပြီဆိုရင် စိတ်ရောဂါပညာရှင်မှ ကိုယ့်နဲ့အဆင်ပြေမယ့် စိတ်ကုထုံးနည်းလမ်းတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။
BPD ရှိတဲ့သူတွေအတွက် အကောင်းဆုံး ကုသနည်းလမ်း ဖြစ်ပါတယ်။ ဒီကုထုံးမှာမှ Cognitive Behavioral Therapy (CBT) ၊ Dialectical Behavior Therapy (DBT) နဲ့ schema-focused therapy (SFT) ဆိုပြီး ၃မျိုးခွဲကာ ကုသပေးဖို့လိုပါတယ်။
BPD ဟာ စိတ်ခံစားချက် အခြေခံတဲ့ စိတ်ရောဂါဖြစ်တဲ့အတွက် ဆေးဝါးနဲ့ ကုသလို့တော့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဝေဒနာရှင်မှာ တခြားစိတ်ကျန်းမာရေးပြဿနာတွေပါ ရှိနေရင်တော့ လိုအပ်မယ့် စိတ်ကျရောဂါဆေး၊ စိတ်ငြိမ်ဆေး၊ စိုးရိမ်သောကပျောက်ဆေးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆိုတာ ပေါ့ဆလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်မှု၊ ကျန်းမာရေး ဒါတွေအားလုံးကို စိတ်ကပဲ ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် စိတ်ကပြိုလဲသွားပြီဆိုတာနဲ့ ကျန်တာတွေအားလုံး ပြိုလဲဖို့ အချိန်ကာလတစ်ခုပဲ လိုတော့မှာပါ။ ခုလို BPD ဆိုတာလည်း အသက်ငယ်သေးတဲ့ လူငယ်တွေမှာ တော်တော်လေးအဖြစ်များပြီး ကုသရခက်တယ်ဆိုပေမယ့် လုံးဝမပျောက်နိုင်တာ မဟုတ်တာကြောင့် သိပ်ပြီး မစိုးရိမ်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။