backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ခံအား ကောင်းချင်သူများ မမေ့သင့်တဲ့ (၉) ချက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ခံအား ကောင်းချင်သူများ မမေ့သင့်တဲ့ (၉) ချက်

ရောဂါ တွေကို စိုးရိမ်နေရချိန်မှာ ကိုယ်ခံအား ကောင်းဖို့ ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်သင့်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ခံအားကောင်းအောင် အစားစားဖို့ နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အဓိကပဲ လို့ သိထားသူ များပါတယ်။

ဒါပေမယ့် ကိုယ်ခံအားကောင်းချင်သူတွေ အနေနဲ့ ဒီအချက်တွေကို လည်း မမေ့သင့်ဘူး လို့ သတိပေးလိုက် ချင်ပါတယ်နော်။

(၁) ကိုယ်တွင်း က အကျိုးပြုဘက်တီးရီးယား တွေကို ထိန်းညှိပါ

ဘက်တီးရီးယားဆိုတာ အရေပြား၊ လက်သည်း၊ ဆံပင်တို့လို နေရာတွေတင်မကဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း မှာလည်း ရှိနေပါတယ်။ အူလမ်းကြောင်း ထဲမှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotic ) ကို ထိန်းညှိနိုင်မှ ဝမ်းပျက်တာ၊ လေပွတာ စတဲ့ အစာခြေစနစ် နဲ့ ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ် ကုသ နိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယားတွေ ကျန်းမာ စေဖို့ ဒိန်ချဉ်၊ ကင်ချီ၊ စတဲ့ အချဉ်ဖောက် အစားအသောက် တွေအပြင် Probiotic ဖြည့်စွက်ဆေးတွေ လည်း သောက်သုံးလို့ရပါတယ်။

(၂) ဆင်ခြင်သောက်ပါ

အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို ဆင်ခြင်သောက်သင့်ပါတယ်။ အရက်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်တာကြောင့် ရောဂါကာကွယ်နိုင်စွမ်းကို လျော့နည်းစေပါတယ်။

(၃) ထိုက်သင့်တဲ့ လှုပ်ရှားမှု လုပ်ပါ

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးခြင်းအားဖြင့် ကိုယ်ခံအား စနစ်ကို အကျိုးပြုတယ် လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုက အသက်ရှူလမ်းကြောင်း ရောဂါပိုးတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်မယ့် ဆဲလ်တွေ ပိုထွက်ရှိစေတယ်လို့ သိရပါတယ်။

(၄) ဆေးလိပ်ဖြတ် ပါ

ဆေးလိပ်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို ယိုယွင်းအားနည်းစေတယ်ဆိုတဲ့အချက်က ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းရင်းတစ်ခုထဲ အပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်သောက်နေသရွေ့တော့ ကိုယ်ခံအားပိုကောင်းဖို့၊ အသက်ရှူလမ်းကြောင်းရောဂါတွေကနေ ကာကွယ်နိုင်ဖို့ မမျှော်လင့်ပါနဲ့လို့။

(၅) စောစောအိပ်ပါ

အိပ်ရေးပျက်ခြင်းက ရောဂါပေါင်းစုံ ကို မကာကွယ်၊ မဟန့်တားနိုင်တော့ဘဲ နာမကျန်း ဖြစ်လွယ် စေတဲ့ တရားခံပဲဖြစ်ပါတယ်။ အိပ်ချိန်မမှန်၊ အိပ်ရေးမဝတဲ့ အခါ ကိုယ်ခံအား ကို ကျစေပါတယ်။

(၆) စိတ်ဖိစီးမှု လျှော့ပါ

ကိုယ့်အပူ နဲ့ ကိုယ် ပူပင်စရာတွေ ရှိကြတယ် ဆိုပေမယ့်လည်း တွေးသင့်သလောက်ပဲ တွေးပါ။ စိတ်ဖိစီးနေတာ တွေကို တတ်နိုင်သလောက် ဖြေလျှော့ဖို့ ကြိုးစားပါ။

(၇) လက်ဆေးပါ

ရောဂါကင်းချင်တယ်၊ ကိုယ်ခံအားကောင်းချင်တယ်ဆို တစ်ကိုယ်ရည်သန့်ရှင်းမှုက အခြေခံအဆင့်ပါ။

လက်ဆေးပါ။ လက်သန့်ရှင်းမှု မရှိတဲ့ကိစ္စကနေ အသက်ရှူလမ်းကြောင်း နဲ့ အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။

(၈) အသီးအရွက် နဲ့ သီးနှံတွေ စားပါ

အသားဓာတ် တစ်မျိုးတည်း နဲ့ အားမဖြစ်နိုင်ပါဘူး။ အသီးအရွက် နဲ့ သီးနှံတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေက ရောဂါတွေကို ကာကွယ်နိုင်တယ်။

(၉) အချို စားသုံးမှု ကို လျှော့ချပါ

အချို စားများလို့ အားမဖြစ်ဘူးနော်။ သကြားဓာတ် ကို တော်သင့်ရုံ စားပါ။ ထပ်ပေါင်းအချိုဓာတ် ကြောင့် ကိုယ်ခံအား စနစ်အပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်တယ် လို့ သုတေသန တွေ့ရှိထားပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement