လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့
နေရထိုင်ရ မသက်မသာဖြစ်ပြီး အသက်ရှူရတာ တရွှီရွှီနဲ့ အသက်ရှူ မချောင် ဖြစ်နေပြီလား! ဒါဆိုရင်တော့ ဖြစ်နိုင်တာ တစ်ခုက လေပြွန်ရောင်နေတာပါ။ လေပြွန်ရောင်တာက အဖြစ်အများဆုံး ကူးစက်ရောဂါ ၁၀ မျိုးထဲက တစ်ခုပါ။ ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များတာကတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ လေပြွန်ရောင်တယ်ဆိုတာ ဘာလဲ! လေပြွန်ရောင်တယ် ဆိုတာက အသက်ရှူလမ်းကြောင်းကျန်းမာရေး ပြဿနာပါ။ လေပြွန်လေးတွေကို ရောင်ရမ်းစေတာ ဖြစ်ပြီး ချောင်းဆိုးတာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ အသက်ရှူရ ခက်ခဲတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ လေပြွန်ရောင်တာမှာ ရုတ်တရက်ဖြစ်တတ်တဲ့ လေပြွန်ရောင်တာနဲ့ နာတာရှည် လေပြွန်ရောင်တာဆိုပြီး ရှိပါတယ်။ လေပြွန်ရောင်တာက များသောအားဖြင့် ဆေးဆိုင်မှာ အလွယ်ဝယ်လို့ရတဲ့ဆေးတွေ သောက်ပေးတာ၊ အိမ်တွင်းကုထုံးတွေကို သေချာလေး လုပ်ဆောင်ပေးမယ်ဆိုရင်တော့ သက်သာသွားတတ်ပါတယ်။ ဒီတော့ လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့ […]