backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ
သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို အချိန်ဘယ်လောက်ကြာကြာထိန်းချုပ်ထားနိုင်မလဲဆိုတာဟာ အချက်အလက်များစွာအပေါ် မူတည်ပါတယ်။

ဥပမာ

ကလေးရဲ့ အသက်အရွယ်။

ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုအခြေအနေ။

ပန်းနာထတတ်တဲ့ အကြိမ်ရေ။

ဆရာဝန်ညွှန်ကြားတဲ့ကုသမှုအတိုင်း ဘယ်လောက်ထိ အတိအကျလိုက်နာသလဲ စတာတွေပဲ ဖြစ်ပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုတွေအပြင် သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်ဖို့အတွက် သင်ကိုယ်တိုင်ကူညီဆောင်ရွက်ပေးနိုင်တဲ့ အချက်လေးတွေလည်း ရှိနေပါတယ်။

ဘယ်အကြောင်းအရာတွေက ပန်းနာထစေသလဲ။

အသက်ရှုလမ်းကြောင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့အရာတွေက ပန်းနာထစေပါတယ်။ အဖြစ်အများဆုံးအချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

ဖုံနဲ့ အမှုန်တွေ (အိမ်ထဲမှာ၊ကောဇောတွေမှာ၊ခေါင်းအုံးတွေမှာ တွေ့ရတတ်တဲ့ ဖုံအမှုန်တွေပေါ့)၊ပန်းဝတ်မှုံတွေ၊တိရ စ္ဆာန်အညစ်အကြေးတွေနဲ့ တံတွေးတွေ၊မှို၊အချို့သော အစားအစာနဲ့ ဆေးဝါးတွေ။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။

မီးခိုးငွေ့၊အခန်းထဲဖြန်းတဲ့ air freshener တွေ၊ရေငွေ့တွေ၊သုတ်ဆေးအမှုန်တွေ၊ဆံပင်ဖြန်းဆေးတွေနဲ့ ရေမွှေးတွေ။

လေ့ကျင့်ခန်းလုပ်ခြင်း။

ရေအေးအေး။

ရာသီဥတုအပြောင်းအလဲ။

ဘယ်အရာ(တွေ)က သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလဲဆိုတာ သိနိုင်ဖို့ အချိန်ပေးပြီးလေ့လာရမှာဖြစ်သလို သင့်ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုလည်း စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အချက်တွေကို သိရှိသွားပြီဆိုတာနဲ့ သူတို့ကို ရှောင်ရှားစေခြင်းအားဖြင့် သင့်ကလေးပန်းနာထခြင်းကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။

ကျောင်းမှာ ပန်းနာထခဲ့ရင် ဘယ်လိုလုပ်မလဲ။

သင့်ကလေးအနေနဲ့ သူ့ရဲ့ ရောဂါအခြေအနေကို အသေအချာ သဘောပေါက်နားလည်ထားဖို့ အရေးကြီးပါတယ်။ အနည်းဆုံးတော့ သင့်ကလေးအနေနဲ့ ဘယ်လိုအရာတွေက ပန်းနာထစေတယ်၊အဆိုပါ အရာတွေကို ဘယ်လိုရှောင်ကျဉ်ရမယ်၊ဆေး ဒါမှမဟုတ် ရှုဆေး inhaler တွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတဲ့ အချက်တွေကို အတိအကျ သိထားသင့်ပါတယ်။

သင့်ကလေးပန်းနာထရင် သက်သာသွားအောင် ကူညီပေးနိုင်ဖို့အတွက် ကျောင်းတာဝန်ရှိသူတွေနဲ့ ဆရာ၊ဆရာမတွေကိုလည်း သင့်ကလေးရဲ့ အခြေအနေကို အသိပေးထားရပါမယ်။

ပန်းနာရင်ကျပ်အတွက် သင့်ကလေးသုံးစွဲနေရတဲ့ ဆေးတွေနဲ့ သိထားသင့်တဲ့အချက်လေးတွေကို မိတ္တူကူးပြီး ကျောင်းတာဝန်ရှိသူတွေကို ပေးထားနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

သင့်ကလေး လိုအပ်ကောင်းလိုအပ်လာနိုင်မယ့် ဆေးဝါးတွေကို ကျောင်းသူနာပြုထံပေးအပ်ထားရမှာဖြစ်ပြီး သုံးစွဲပုံကိုလည်း ညွှန်ကြားထားရမှာပါ။ တချို့ ရှုဆေး inhaler တွေဟာ ထုတ်လုပ်ထားတဲ့ ပုံစံအရ ဆေးဗူးထဲမှာ ဆေးရှိသေးလား၊ကုန်သွားပြီလားဆိုတာကို သိရှိနိုင်ဖို့ ခက်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ inhaler စတင်အသုံးပြုတဲ့ရက်ကို ဂရုတစိုက်မှတ်သားထားမှသာ ဘယ်အချိန်မှာ ဆေးဗူးအသစ်လဲရမလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

တချို့ကျောင်းတွေက ကျောင်းဝန်းထဲကို ဆေးဝါးတွေ(inhaler ရှုဆေးတွေ၊epinephrine အလိုလျောက်ထိုးပေးတဲ့ ဆေးထိုးအပ် စသည်)ပေးမယူတာမျိုးတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးအတွက်ဆိုရင်တော့ သင့်အနေနဲ့ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကလေးကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ညှိနှိုင်းရမှာပါ။ ကျောင်းဝန်းထဲကို ဆေးဝါးတွေ ပေးမယူခင်မှာ အဆိုပါဆေးဝါးတွေကို သင့်ကလေးအနေနဲ့ စနစ်တကျ အသုံးပြုတတ်ကြောင်းကို အသေအချာပြသနိုင်ဖို့ လိုအပ်ပါတယ်။

အရေးပေါ်အခြေအနေဖြစ်လာရင်

အကယ်၍ inhaler ရှုဆေးတွေ သုံးသည့်တိုင် ရောဂါလက္ခဏာတွေ မသက်သာရင် ဘယ်လိုဆက်လုပ်ရမလဲ၊ဘယ်အချိန်မှာ ဆရာဝန်ခေါ်ရမလဲ ဒါမှမဟုတ် ဘယ်အချိန်မှာ ဆေးရုံအမြန်ပို့ရမလဲ အစရှိတဲ့ အရေးပေါ်အခြေအနေမှာ ပြုလုပ်ဆောင်ရွက်ရမယ့် အချက်တွေကို ကျောင်းတာဝန်ရှိသူတွေထံ အသိပေးထားရပါမယ်။

တကယ်လို့ အုပ်ထိန်းသူတယောက်ယောက်နဲ့ ဆက်သွယ်ဖို့လိုအပ်တယ်ဆိုရင် ခေါ်ဆိုဖို့အတွက် သင့်ဖုန်းနံပါတ် ဒါမှမဟုတ် သင်ခင်မင်ယုံကြည်ရတဲ့ သူငယ်ချင်းတယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို ပေးထားဖို့လည်း မမေ့ပါနဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Help Your Child Manage Asthma at School.

http://www.webmd.com/asthma/guide/managing-childs-

asthma-school#2 Accessed April 5, 2017

Managing Asthma.

http://kidshealth.org/en/parents/asthma-mgmt.html#

Accessed April 5, 2017

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement