အခြား မိခင်ဘဝ ဆောင်းပါးများ

အခြား မိခင်ဘဝ ဆောင်းပါးများ ကို ကြိုတင်ဖတ်ရှုထားခြင်းဖြင့် ကိုယ်တိုင် မိခင်ဖြစ်လာတဲ့အခါ တွေ့ကြုံလာနိုင်တဲ့ အခက်အခဲတွေ၊ ဖြေရှင်းနည်းတွေကို အတုယူနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား မိခင်ဘဝ ဆောင်းပါးများ

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာကို ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာ စိုးလို့ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်မှ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်သလို မေမေကိုယ်တိုင်လည်း ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာလူမျိုးတိုင်း အကြိုက်တွေ့ကြတဲ့ ချဉ်ပေါင်ဟင်း လေးကို ကိုယ်ဝန်ဆောင် မေမေ စားလို့ရလားဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ...... ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ အနေနဲ့ ကဖင်းများတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အယ်လ်ကိုဟော၊ နီကိုတင်းစတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပေမယ့် ချဉ်ပေါင်ဟင်းလိုမျိုး သဘာဝ အသီးအရွက်ကို […]

အခြား မိခင်ဘဝ ဆောင်းပါးများ

ကလေးမွေးဖွားရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းကတော့ ခွဲမွေးတာပါပဲ။ ဒီနည်းလမ်းဟာ ကလေးမွေးတဲ့အချိန်မှာ မိခင်ရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်သေးသေးလေး ခွဲပြီး ကလေးကို ထုတ်တာပါ။ ဒီလိုခွဲမွေးတာမျိုးဟာ သဘာဝမွေးဖွားမယ့်အချိန်ထက် ပိုစောမွေးလို့ရပေမယ့် တကယ်လို့ မိခင်မှာ အန္တရာယ်များနေတဲ့အခြေအနေတွေရှိနေတယ်ဆိုရင်လည်း မိခင်နဲ့ ကလေးကို အန္တရာယ်ကင်းစေဖို့အတွက်လည်း ခွဲမွေးနိုင်ပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန်ရနိုင်ဖို့ ဘယ်လောက်စောင့်ရမလဲ။ ဒါကတော့ သင့်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး စောင့်ဆိုင်းရတဲ့အချိန်ဟာ ၆လမှ ၂နှစ်ထိရှိနိုင်ပါတယ်။ ဒါဟာ သဘာဝအတိုင်းမွေးဖွားထားတဲ့ မိခင်တွေစောင့်ဆိုင်းရတဲ့ အချိန်ကာလနဲ့ အတူတူပါပဲ။ အန္တရာယ်အကင်းဆုံးကတော့ သင့်ခန္ဓာကိုယ်က ပြောင်းလဲမှုတွေနဲ့ အသားကျတဲ့အချိန်ထိ တတ်နိုင်သမျှ ကြာကြာစောင့်ဆိုင်းတာပါပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ အခြေအနေက တူညီကြတာမဟုတ်ပါဘူး။ အကောင်းဆုံး အကြံဉာဏ်ကို ရယူနိုင်ဖို့ အတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအချိန်အတွင်းမှာ သင့်ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် […]