ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ် က နာတာ စိုးရိမ်ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 27, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ် က နာလာတာမျိုး ကြုံရတတ်ပါတယ်။ မိန်းမကိုယ်နာကျင်တာက ကိုယ်ဝန်ကြောင့် မိန်းမကိုယ်မှာ ဖိအားဖြစ်စေတဲ့ဖြစ်စဉ်ပါ။ ဒီအချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ၊ စိုးရိမ်ရလား၊ အန္တရာယ်ရှိလား၊ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ မေးချင်ကြမှာပါ။

တကယ်တော့ ဒါက ဖြစ်လေ့ရှိတဲ့ ပုံမှန်အခြေအနေတစ်ခုဖြစ်ပြီး ကိုယ်ဝန်ပထမအပတ်၊ ဒုတိယအပတ် ဒါမှမဟုတ် တတိယအပတ်၊ ဘယ်အချိန်မှာမဆို ဖြစ်လာနိုင်ပါတယ်။

ဘာ့ကြောင့် ဖြစ်တာလဲ

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ် မှာ ဖိအားဖြစ်စေတဲ့ အတွေ့အကြုံ၊ လက္ခဏာတွေက အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က မိန်းမကိုယ် မှာ စူးစူးနာနာဖြစ်တာ၊ တင်ပါးဆုံတဝိုက် နည်းနည်းနာလာတာနဲ့၊ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အလေးဆွဲထားသလို ဖြစ်လာတာလိုမျိုး အမျိုးမျိုးခံစားရနိုင်ပါတယ်။

ကိုယ်ဝန်လရင့်လာတဲ့အခါ ဒီလိုဖြစ်ရတာက ကလေးရဲ့ကိုယ်အလေးချိန်ကြောင့် ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်အတွင်း တင်ပါးဆုံတဝိုက်ဖိအားဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ကာလပတ်ကို မူတည်ပြီး ဘယ်လိုအကြောင်းရင်းတွေကြောင့် ဖြစ်တတ်သလဲဆိုတာ ဆက်ပြီးကြည့်ရအောင် –

ကိုယ်ဝန်ပထမအပတ်

အမျိုးသမီးအများစုက ကိုယ်ဝန်ပထမအပတ်မှာ ကိုယ်အလေးချိန်တိုးတာကြောင့် မိန်းမကိုယ်ဖိအားဖြစ်ခြင်းကို အစောကြီးခံစားရတတ်ပါတယ်။

ဒုတိယအပတ်နဲ့ တတိယအပတ်

ကိုယ်ဝန်လရင့်လာတဲ့ ကာလပတ်တွေမှာ တင်ပါးဆုံကွင်း အားနည်းလာတာရယ်၊ ကိုယ်အလေးချိန်များလာတာရယ်ပေါင်းပြီး ဒီလက္ခဏာ ခံစားရနိုင်ပါတယ်။

အန္တရာယ်ရှိနိုင်လား

ကိုယ်ဝန်လရင့်ချိန်မှာ မိန်းမကိုယ်နာတာက ကလေးစောမွေးတော့မှာလား၊ အန္တရာယ်ရှိလား စိုးရိမ်နေမယ့် အမျိုးသမီးတွေအတွက် အဖြေကတော့ နာကျင်မှုအတိမ်အနက်ပါပဲ။ တချို့ အမျိုးသမီးတွေမှာ စူးပြီးနာတာမျိုး ဖြစ်တတ်တယ်။ ဒီလိုဖြစ်တာဆိုရင် ကလေးမွေးဖွားဖို့ နီးလာတဲ့အတွက် သားအိမ်ခေါင်းက ချဲ့လာတဲ့လက္ခဏာပါ။

တကယ်လို့ –

  • နာကျင်မှုက ပြင်းထန်လာတာ၊
  • ဗိုက်အောက်ပိုင်းမှာ နာကျင်တာ၊ အောင့်တာ၊
  • သွေးဆင်းတာ စတဲ့ လက္ခဏာတွေဖြစ်လာရင် ဆရာဝန် ချက်ချင်းပြသင့်ပါတယ်။

အရေးကြီးတဲ့အချက်က –

  • ခါးအောက်ပိုင်း နာကျင်တာ၊
  • မအီမသာဖြစ်တာ၊
  • သားအိမ်ညှစ်တာ
  • ဗိုက်နာတာ စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ကလေးမွေးဖွားဖို့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုထူးခြားတဲ့လက္ခဏာမျိုးကိုမဆို ဂရုစိုက်စောင့်ကြည့်ပါ၊ သတိထားပါ၊ လေ့လာပါ လို့ အကြံပြုချင်ပါတယ်။

အရင်ဆုံး အစိုးရိမ်မလွန်ဘဲ –

  • တတ်သိကျွမ်းကျင်သူတွေဆီမှာ အကြံဉာဏ်တောင်းပါ၊
  • ကျန်းမာရေးဗဟုသုတတွေ လေ့လာပါ၊
  • ဆေးမြီးတိုနဲ့ အယူအဆမှားတွေကို ရှောင်ပါ၊
  • ထိုက်သင့်မှန်ကန်တဲ့ ကုသစောင့်ရှောက်မှုနည်းလမ်းကို ရှာဖွေပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ ခန္ဓာကိုယ်နဲ့ အစာအိမ်ကိုအကျိုးပြုပြီးတော့ ကိုယ်အလေးချိန်ကျဖို့၊ အစာခြေစနစ်ကောင်းမွန်ဖို့၊ ဝမ်းမှန်ဖို့၊ စိတ်ကျန်းမာဖို့ အကျိုးပြုပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ

လမ်းခွဲပြတ်စဲကြတဲ့အခါ စိတ်ပင်ပန်းဆင်းရဲကြရတာ၊ နာကျင်ခံစားရတာက သဘာဝပါပဲ။ ပြတ်စဲလိုက်တဲ့ အဆက်ဟောင်းကို မေ့ပစ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်တတ်ဘူးလေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သဝန်တိုစိတ်ကို ဘယ်လို လျှော့ကြမလဲ

တစ်စုံတစ်ယောက်အပေါ် မနာလိုဖြစ်မိတယ်၊ သဝန်တိုတယ်၊ အဘိဇ္ဈာပွားတယ်၊ မလိုတမာတွေးကြံနေမိတယ်ဆိုတာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read