backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

မွေးလမ်းကြောင်းချဲ့ခြင်းနှင့် ပတ်သက်ပြီး အမေမသိသောအရာ

မီးဖွားရလွယ်စေဖို့ မွေးလမ်းကြောင်းကို ခွဲစိတ်ဖြတ်တောက်ခြင်းကို Episiotomyလို့ခေါ်ပါတယ်။ ကလေးမွေးဖွားရ ပိုမိုလွယ်ကူစေပါတယ်။

မွေးလမ်းကြောင်းချဲ့ခြင်းနှင့် ပတ်သက်ပြီး အမေမသိသောအရာ

အရင်က နည်းလမ်းများ

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သုံးခဲ့ကြပါတယ်။ ဒီနည်းလမ်းကို သုံးရတာက အကြောင်းပြချက်ကောင်းတွေရှိပါတယ်။

အရင်တုန်းက ဒီနည်းလမ်းဟာ ကလေးမွေးချိန်မှာ မအင်္ဂါပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ဖို့ ကူညီပေးပါတယ်။

သဘာဝအတိုင်းမွေးတာထက် ပိုသက်သာနိုင်ပါတယ် ။ ပညာရှင်တွေက ဒီနည်းလမ်းနဲ့မွေးပြီးနောက်ပိုင်း လိင်ကိစ္စတွေမှာ နာကျင်မှုတွေ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်မှုတွေကို လျှော့ချပေးနိုင်တယ်ဆိုပါတယ်။ ဒီနည်းလမ်းက သဘာဝအတိုင်းမွေးတာထက်ပိုကောင်းတယ် ဆိုကြပါတယ်။

Episotomyနည်းလမ်းများ

လေ့လာချက်တွေအရ နည်းနည်းတော့ မွေးလမ်းကြောင်းချဲ့ပေးရပါတယ်။ သဘာဝအတိုင်းမွေးရင်တောင်မှပေါ့။ ပုံမှန်အတိုင်းနာကျင်မှုတွေက စအိုကြွက်သား၊ အတွင်းနံရံ စတာတွေကို ထိန်းချုပ်ရာမှာ ပြဿနာရှိနိုင်ပါမယ်။ episotomyနည်းလမ်းနှစ်ခုကတော့ ကန်လန့်ဖြတ်တောက်ခြင်းနဲ့ ပုံမှန်ဖြတ်တောက်ခြင်းဖြစ်ပါတယ်။

ကန့်လန့်ဖြတ်တောက်ခြင်းဟာ ပွင့်နေတဲ့မအင်္ဂါအလယ်ပိုင်းမှ အောက်တည့်တည့်စအိုဝဆီ ခွဲစိတ်ဖြတ်တောက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ အများဆုံးသုံးပါတယ်။ သူ့ရဲ့အားသာချက်က ပြန်ကောင်းတာမြန်ပြီး ကုသရာမှာအဆင်ပြေပါတယ်။

နာကျင်မှုကိုလျော့နည်းစေပြီး ရေရှည်ပြဿနာတွေကို လျော့နည်းစေပါတယ်။ ဆိုးကျိုးကတော့ ထိခိုက်လွယ်ပြီး စအိုကြွက်သားတစ်လျှောက်နဲ့ အတွင်းပိုင်းနေရာ ပိုကျယ်လာတတ်ပါတယ်။ တစ်ခါတစ်လေ ဆီးဝမ်းမထိန်းချုပ်နိုင်တာဖြစ်တတ်ပါတယ်။

ပုံမှန်ဖြတ်တောက်ခြင်းဆိုတာ ပွင့်နေတဲ့မအင်္ဂါအလယ်ပိုင်းကနေ တင်ပါးအောက်ကို ၄၅ဒီဂရီထောင့်ဖြတ်ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သူက စအိုကြွက်သားထိခိုက်မှုကို လျော့နည်းစေပြီး ဆိုးကျိုးတွေကတော့ သွေးဆုံးရှုံးမှုများခြင်း၊ နာကျင်ခြင်း၊ ပြန်ကောင်းဖို့ကြာခြင်း အစရှိတာတွေဖြစ်ပါတယ်။

အခု ဒီနည်းလမ်းအကြောင်း ဘယ်လိုတွေသိကြပြီလဲ။

မကြာသေးမီက သုတေသနတွေက သူဟာ ကာကွယ်တာထက် ပြဿနာပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ရောဂါပိုးဝင်ရောက်နိုင်ခြေလည်း များပါတယ်။ တစ်ကယ်လို့ ဖြတ်တာလိုတာထက်ပိုကျယ်သွားရင် စအိုကြွက်သားတွေထိခိုက်စေပါတယ်။ ပြန်ကောင်းဖို့လည်း ကြာပါတယ်။

ဒါ့ကြောင့် ဒီနည်းလမ်းကို အမြဲတမ်းတော့ မသုံးကြပါဘူး။ လိုအပ်မှပဲ သုံးပါတယ်။ ကလေးမီးဖွားချိန်မှာ မအင်္ဂါဟာ ပိုကျယ်ဖို့ လိုအပ်တယ်ထင်ရင်၊ ကလေးဟာပုံမှန်မဟုတ်တဲ့အခြေအနေမျိုးဆိုရင်၊ ပုံမှန်ထက်ထွားနေရင် ဆရာဝန်နဲ့တိုင်ပင်ညှိနှိုင်းပါ။ ဒီနည်းလမ်းနဲ့ အကူအညီရနိုင်လား မေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Labor & Delivery: Types of Episiotomy. http://www.healthline.com/health/pregnancy/episiotomy-types#1
Episiotomies: What Your Mom Never Knew. http://www.webmd.com/baby/features/episiotomy-facts#1
Episiotomy: When it’s needed, when it’s not. http://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/episiotomy/art-20047282

ယခုပုံစံ

11/06/2020

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းရာသီမှာ ကလေးငယ်များမဖျားနာဖို့ ဆောင်ရွက်သင့်သည့်နည်းလမ်းများ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/06/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ