backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးမီးဖွားနေစဉ် ကာမအာရုံခံစားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးမီးဖွားနေစဉ် ကာမအာရုံခံစားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား

အမျိုးသမီးတွေ ကလေးမီးဖွားနေစဉ်မှာ ကာမအာရုံခံစားလို့ရကြောင်း လေ့လာမှုတွေက သက်သေပြထားပါတယ်။ နာကျင်ခံစားနေရတဲ့ ဒီလိုအချိန်မှာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကလေးမီးဖွားရခြင်းဟာ အပြစ်ဒဏ်လိုနာကျင်မှုတစ်ခုဖြစ်တာ မှန်ပေမယ့် တချို့အမျိုးသမီးတွေက တကယ်ပဲ ကာမသာယာမှုနဲ့ မီးဖွားမှုခြင်းမျိုးရှိပါတယ်။ ခန္တာဗေဒအရဆိုရလျှင် မီးဖွားစဉ်ကာမအာရုံခံစားခြင်းဟာ ဖြစ်နိုင်ပါတယ်။ ကာမအာရုံခံစားခြင်းကြောင့်ဖြစ်စေ၊ မွေးလမ်းကြောင်းကို ဆက်တိုက်လှုံ့ဆော်မှုတစ်မျိုးက ကလေးမွေးဖွားခြင်းရဲ့ နာကျင်မှုကို တားဆီးသက်သာစေပါလိမ့်မယ်။ ဒါပေမယ့် လူတွေက မီးဖွားနေစဉ်မှာ သာယာမှုခံစားတာနဲ့ပတ်သက်လို့ သိပ်တော့စိတ်သက်တောင့်သက်သာရှိကြမှာမဟုတ်ပါဘူး။ ကလေးမွေးဖွားနေစဉ်မှာ ကာမဆန္ဒရှိခြင်းဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ တချို့ကတွေးကြလို့ပါ။

ကလေးမီးဖွားနေစဉ်ကာမဆက်ဆံဖို့ဖြစ်နိုင်သလား

မွေးဖွားစဉ်မှာ ကလေးဟာ မွေးလမ်းကြောင်းနံရံတစ်လျှောက် ဆင်းလာပြီးမွေးလမ်းကြောင်းထဲဝင်လာတဲ့အခါမှာ တခြားအချိန်တုန်းက သာယာမှုပေးနိုင်ခဲ့တဲ့ နေရာတိုင်းကိုပွတ်တိုက်မိပါတယ်။ မီးဖွားမှုက မတူညီတဲ့အခြေအနေတစ်ခုပေမယ့်ပေါ့… ဒါကြောင့် ထိုမီးဖွားခြင်းရဲ့နာကျင်မှုကိုခံစားနေရတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက် ကာမခံစားနိုင်မယ်ဆိုတာ တွေးကြည့်ဖို့ခက်လှတဲ့အရာပါ။ ပြင်းထန်တဲ့နာကျင်မှုတွေခံစားနေရချိန်မို့ ထိုအချိန်မှာ ကာမခံစားမှုဆိုတာ ဖြစ်နိုင်ချေမရှိဆုံးအရာဟု ထင်ကြပါလိမ့်မယ်။

၂၀၀၉ ခုနှစ်မှာ “သိမ်းဆည်းအထားသင့်ဆုံးလျှို့ဝှက်ချက် : ကာမရသနှင့်ကလေးမွေးဖွားခြင်း” ဆိုတဲ့အစီအစဉ်တစ်ခုဟာ မီးဖွားစဉ်ကာမခံစားခြင်းအကြောင်းဖော်ပြခဲ့ပါတယ်။ ထိုမတိုင်ခင်တုန်းကတော့ အဲ့အကြောင်းကို မယုံသူတွေက တိတ်တဆိတ်ပြောဆိုဆွေးနွေးကြတာမျိုးသာရှိခဲ့တာပါ။ ထိုအစီအစဉ်ထုတ်လွှင့်ပြီးတဲ့အခါမှ ကမ္ဘာအရပ်ရပ်ကအမျိုးသမီးတွေဟာ သူတို့ ထိုကဲ့သို့ရှားပါးတဲ့ ကာမဆက်ဆံမှုမျိုးရှိခဲ့ကြောင်း၊ အရင်ကပြောပြဖို့ရှက်ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံလာကြပါတယ်။

လေ့လာမှုတွေကရောဘာပြောလဲ

လေ့လာမှုတွေကတော့ ဒီရှားပါးလှပါတယ်ဆိုတဲ့ မီးဖွားစဉ်ကာမခံစားခြင်းမျိုးဟာ တကယ်တော့မရှားပါဘူး လို့ဆိုပါတယ်။ စစ်တမ်းကောက်ယူမှုများအရ လက်သည်တွေဟာ သူတို့အတွေ့အကြုံရဲ့ ၃ရာခိုင်နှုန်းလောက်မှာ မွေးဖွားစဉ်ကာမအာရုံခံစားတာမျိုး တွေ့ကြုံသိဖူးတယ်လို့ ဆိုပါတယ်။ ရာခိုင်နှုန်းနည်းတယ်လို့ ထင်ကောင်းထင်ရပေမယ့် ဒါဟာ ကိုယ်မသိရတဲ့ကာမခံစားမှုတွေရယ်၊ ရှက်ရွံတာတွေကြောင့် တချို့အမျိုးသမီးတွေက မပြောဖို့တောင်းဆိုနှုတ်ပိတ်ခဲ့တာတွေရော ကို ဖယ်ထားတဲ့ရာခိုင်နှုန်းပါ။ စိတ်ပညာရှင်တစ်ဦးရဲ့ အခြားလေ့လာမှုအရ နှစ်သိန်းခြောက်ထောင်သော မီးဖွားမှုတွေမှာ ၁၅၃၆ ဦးမျှသော အမျိုးသမီးတွေက သူတို့မီးဖွားနေစဉ်မှာကာမလှုံဆော်မှုတစ်မျိုးခံစားမိကြောင်း၊ ဒါမှမဟုတ် သာယာမှုတစ်မျိုးကိုသတိထားမိလိုက်ကြောင်း တစ်စုံတစ်ယောက်ကို ဖွင့်ပြောထားခြင်းတွေရှိကြောင်းသိရပါတယ်။ ဒီလောက်ဆိုရင် မီးဖွားနေစဉ် ကာမအာရုံခံစားမှုဟာ အရမ်းဝေးကွာတဲ့ မဖြစ်နိုင်တဲ့ကိစ္စ တစ်ခုမဟုတ်တော့သလိုပဲ မဟုတ်လား။

ကောင်းကျိုး

အဓိကကောင်းကျိုးကတော့ မီးဖွားမှုရဲ့နာကျင်မှုကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ မည်သည့်နည်းနှင့်ဖြစ်စေ မွေးလမ်းကြောင်းကိုလှုံဆော်မှုက နာကျင်မှု ဝေဒနာ ကို လျှော့ချတားဆီးပေးနိုင်တာကြောင့် သာယာမှုဟာ နာကျင်မှုကို ဖုံးလွှမ်းနိုင်တယ်လို့ဆိုလိုနိုင်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေဟာ မီးဖွားခြင်းရဲ့နာကျင်မှုကို ဘယ်နည်းနဲ့ဖြစ်ဖြစ်သက်သာချင်နေကြတယ်ဆိုပါစေ တကယ့်လက်တွေ့မှာတော့ အမျိုးသမီးအများစုဟာ မီးဖွားခြင်းနဲ့ ကာမဆက်ယှက်မှုကို ရောနှောရမှာကို သဘောကျနှစ်ခြိုက်ကြမှာမဟုတ်ပါဘူး။

ထိုအချင်းအရာကိစ္စကြောင့်ပဲ ထိုကလေးလေးရလာတာကို လူတိုင်းသိကြတာမှန်ပေမယ့် လက်တွေ့မှာ ထိုအကြောင်းအရာနှစ်ခုကို ပေါင်းစပ်ဖို့ကတော့ ခက်ခဲပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement