၄။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ခြေထောက်၊ တင်ပါး နှင့် ဝမ်းဗိုက်ကြွက်သားများကို မလှုပ်စေရန် ကြိုးစားပါ။
ထိုင်ထပြုလုပ်ခြင်း။
ထိုင်ထပြုလုပ်ခြင်းသည် တင်ပဆုံကို ကျယ်စေသောကြောင့် ရင်သွေးဆင်းရန် နေရာပိုရစေသည့်အတွက် မီးဖွားရန်တွင် အသုံးဝင်သည်။ ထိုင်ထပြုလုပ်ခြင်းသည် ပင်ပန်းသော်လည်း ကြွက်သားများ သန်မာအားကောင်းနေစေရန် ကိုယ်ဝန်ဆောင်စဉ် ခနခနပြုလုပ်ပေးသင့်သည်။
-ထိုင်ခုံ၏ ကျောဘက်ကို မျက်နှာမူပြီး ခြေထောက် နှစ်ချောင်းကို တင်ပါးအကျယ်ထက် ချဲပြီး ခြေမ နှစ်ချောင်းကို အပြင်သို့ ဦးတည်ပြီး မတ်တပ်ရပ်ပါ။ ထိုင်ခုံနောက်ကျောကို အကူအနေနှင့် ကိုင်ပါ။
-ဝမ်းဗိုက်ကြွက်သားများကို ညှစ်ပါ။ ရင်ဘက်ကို ပင့်ပြီး ပုခုံးများကို လျှော့ထားပါ။ ထိုင်ခုံပေါ်ထိုင်သကဲ့သို့ မြီးညှောင့်ရိုးကို အောက်သို့ လျှော့ချပါ။ ခန္ဓါကိုယ်၏ ဟန်ချက်သည် ဖနောင့်ပေါ်သို့ သက်ရောက်နေစေရန် ကြိုးစားပါ။ ထိုကဲ့သို့ အနေအထားကို သက်တောင့်သက်သာ နေနိုင်သလောက် ထိန်းထားပါ။
– အသက်ပြင်းပြင်းရှူပြီး ရှူထုတ်လိုက်ပါ။ ထို့နောက် ခြေထောက်များကို မတ်တပ်ရပ်သော အနေအထားသို့ တွန်းတင်ပါ။
နောက်ကျောဆန့်ခြင်း။
နောက်ကျောဆန့်ခြင်းသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အကောင်းမွန်ဆုံးဖြစ်အာင် ကူညီပေးသည်။ နောက်ကျော အတွက် လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျောနာခြင်းကို သက်သာစေသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။