backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင်သည်ကိုယ်အလေးချိန်လျော့ကျနေပါက ဘယ်လိုကိုယ်ဝန်ရအောင်လုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်သည်ကိုယ်အလေးချိန်လျော့ကျနေပါက ဘယ်လိုကိုယ်ဝန်ရအောင်လုပ်မလဲ

ကလေးတစ်ယောက်ရနိုင်ရန်လမ်းတွင် အချက်အလက်များစွာ ရှိပါသည်။ ကိုယ်အလေးချိန် မပြည့်ခြင်းသည် ထိုထဲမှ တစ်ခုပင်ဖြစ်သည်။ သင်သည် ကိုယ်အလေးချိန်မပြည့်ပဲ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲနေသည်ဆိုပါက အောက်ပါတို့ကို တစ်ချက်ဖတ်ကြည့်ပါ။

သင်ကိုယ်အလေးချိန်ပြည့်မပြည့် ဘယ်လိုသိနိုင်မလဲ။

The Advanced Fertility Center of Chicago မှ ခန္ဓါကိုယ်အလေးချိန်ညွှန်းကိန်း(BMI) နည်းသော အမျိုးသမီးများသည် ကိုယ်ဝန်ရရန် ခက်ခဲနိုင်ကြောင်း ပြောထား၏။ BMI ၁၈.၅ အောက် နည်းပါက မျိုးပွားနိုင်စွမ်းကို ထိခိုက်ကြောင်း ယုံကြည်ထားကြသည်။

သင်၏ ကိုယ်အလေးချိန်မပြည့်ခြင်းပြဿနာသည် အပြင်းအထန်ကြီးမဟုတ်တောင်မှပင် ကလေးရနိုင်ချေကို နှောက်ယှက်နေနိုင်ပါသေးသည်။

ကိုယ်အလေးချိန်မပြည့်ခြင်းက သားဥကြွေခြင်းကို ဘယ်လိုထိခိုက်သလဲ။

ပုံမှန်သားဥကြွေနိုင်ရန် အမျိုးသမီးတစ်ဦးသည် အနည်းဆုံး ခန္ဓါကိုယ်အဆီ၏ ၁၇ ရာခိုင်နှုန်းကို လိုအပ်ပါသည်။ သားဥကြွေခြင်းဖြစ်စဉ်သည် သင့်သားဥအိမ်မှ သားအိမ်ထဲသို့ သားဥကိုလွှတ်ထုတ်လိုက်ပြီး သားအိမ်ထဲတွင် သုက်ပိုးဖြင့် သန္ဓေအောင်ခြင်းဖြစ်ရန် စောင့်နေစေပါသည်။

သင့်ခန္ဓါကိုယ်၌ အဆီနည်းပါက ဦးနှောက်မှ ပစ်ကျူထရီဂလင်းကိုလှုံစော်မည့် ဟော်မုန်းများ မထွက်တော့ပဲ သားဥကြွေရန် အားပေးသည့်အခြေအနေ ပျက်သွားပါသည်။ ရလဒ်အနေဖြင့် ပုံမှန်သားဥမကြွေတော့ခြင်း သို့မဟုတ် သားဥလုံးဝမကြွေခြင်းများ ဖြစ်နိုင်ပါသည်။

သားဥမကြွေခြင်းက သင့်မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်သလဲ။

ပြောစရာပင်မလို သားဥမကြွေပါက ကိုယ်ဝန်မရနိုင်ပါ။ တစ်ချို့ဖြစ်ရပ်များတွင် ကိုယ်အလေးချိန်မပြည့်သော အမျိုးသမီးများသည် နှစ်ပေါင်းများစွာ ရာသီတစ်ခါတောင်မလာသည့်း ဖြစ်ရပ်များရှိနိုင်ပါသည်။

သွေးဆင်းမှုရှိခဲ့လျှင်တောင်မှ မျိုးမအောင်သော သွေးဆင်းခြင်းဟူသည့် အခြေအနေရှိတတ်သောကြောင့် သင့်အတွက် မသေချာနိုင်ပါ။ လစဉ်ရာသီလာရုံနှင့်လည်း မျိုးပွားနိုင်စွမ်းရှိကြောင်း မဆိုလိုပါ။

ဘယ်လိုကုသရမလဲ။

ကျေးဇူးတင်စွာဖြင့် တခြားရောဂါများမရှိပဲ ကိုယ်အလေးချိန်နည်းသောအမျိုးသမီး အများစုသည် ပုံမှ BMI ပြန်ရောက်သည်နှင့် မျိုးပွားနိုင်စွမ်းလည်း ပုံမှန်ဖြစ်လာပါသည်။ ကိုယ်ကာယလေ့ကျင့်ခန်း နေ့စဉ်မှန်မှန်လုပ်နေသူဆိုပါက သင့်လေ့ကျင့်ခန်းများ ပြင်းထန်မှုကို လျော့ချပြီး ခန္ဓါကိုယ်တွင်ရှိသင့်သည့် အဆီပိုများကို ထိန်းသိမ်းပါ။

အဆီစားသုံးမှု လုံလောက်စေရန်အတွက် သင့်အစားအစာကို ပုံစံပြောင်းရန် လိုကောင်းလိုနိုင်ပါသည်။ ကိုယ်အလေးချိန် အနည်းငယ်တက်လာပါက သားဥပုံမှန်ကြွေပြီး ကလေးရနိုင်ရန် သင့်ခန္ဓါကိုယ်မှ အဆင်သင့်ဖြစ်နေကြောင်း ပြသခြင်းပင်ဖြစ်သည်။

သားဥမကြွေပါက ကိုယ်အလေးချိန်ပုံမှန်ထိန်းထားရင်း သားဥပြန်ကြွေအောင်လုပ်သည့် နည်းလမ်းများ ရှိပါသည်။

အချုပ်အားဖြင့် ပိန်ပါးနေပါက သားဥကြွေခြင်းကို ပုံမှန် မြင်တွေ့နေရမည်မဟုတ်ပါ။ သင့်၌ အဆီနည်းနေခြင်းက အမေဖြစ်ခွင့်မရအောင် နှောက်ယှက်နေခြင်း ဖြစ်နိုင်ပါသည်။

ကိုယ်အလေးချိန်တိုးခြင်းဖြင့် ဒီပြဿနာအား ဖြစ်ရပ်အများစုတွင် ကုစားပြီး ဖြစ်သွားပါလိမ့်မည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement