backup og meta

သင်ကိုယ်ဝန်ရှိနေတာကို လျှို့ဝှက်ထားချင်ပါသလား


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ကိုယ်ဝန်ရှိနေတာကို လျှို့ဝှက်ထားချင်ပါသလား

    ကိုယ်ဝန်ဆောင်ချိန်ရဲ့ ပထမပိုင်းကာလဟာ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်အများဆုံးအချိန်ပါ။ ဒါကြောင့် ပထမ ၁၂ပတ်ကာလကို တခြားလူတွေမသိသေးအောင် လျို့ဝှက်ထားချင်တယ်ဆိုရင် နားလည်နိုင်စရာပါ။ လျို့ဝှက်ထားနိုင်ဖို့ အကြံတစ်ချို့ပါ :

    ပြောမလား မပြောဘူးလား

    ဒါဟာသင့်ရဲ့လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမယ့် သင့်ကလေးတွေ (အကယ်လို့ရှိပါက) ဒါမှမဟုတ် တူတွေ တူမတွေကိုတော့ မပြောပါနဲ့၊ သူတို့က ဒါဟာသတင်းကောင်းပဲဆိုပြီး လူတကာကိုလိုက်ပြောမှာပါ။ လူလည်းမသိစေချင်သေးဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ကိုလည်း ပြောချင်တဲ့ဆန္ဒပြင်းပြတယ်ဆိုရင်တော့ သင့်ခင်ပွန်းမဟုတ်ဘဲ တခြားယုံရတဲ့လူတစ်ယောက်ယောက်ကိုတော့ ပြောချင်ပြောထားနိုင်ပါတယ်။

    အလုပ်မှာဆိုရင် သင်မပြောရင်တောင်မှ သင့်ရဲ့အပြုအမူပုံစံတွေပြောင်းလဲနေတာကြည့်ပြီး သံသယဝင်ကောင်းဝင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် အဖြူရောင်မုသားများကို သုံးနိုင်ပါတယ်။ “ကျန်းမာရေးအခြေအနေကြောင့် အရက်သောက်လို့မရတာပါ”(မှန်နေတာပါပဲ) ဒါမှမဟုတ် “စားတာများလို့ဗိုက်ပူလာတယ်” စသည်ဖြင့်ပေါ့။ ဒါပေမယ့် တတိယ ၃ လပိုင်းကိုရောက်ရင်တော့ လူတိုင်းသိမှာတော့အသေအချာပဲမို့ သိပ်ပြီးရှုပ်ထွေးသွားအောင်မလုပ်ဘဲ သိမ်မွေ့ညင်သာစွာပဲ ဖုံးကွယ်ပါ။

    ပျို့အန်ခြင်းကိုရှောင်ရှားမယ်

    အလုပ်မှာဆိုရင် ဂျင်းလက်ဖက်ရည် လိုမျိုး၊ သံပရာသကြားလုံးလိုမျိုး၊ ဒါမှမဟုတ် ကွတ်ကီးမုန့်လိုမျိုး ဆောင်ထားသင့်ပါတယ်။ ရေလုံလုံလောက်လောက်သောက်ပါ၊ အနားယူချိန်မှာ ပိုသက်တောင့်သက်သာနားပါ။

    အရက်သောက်ဖို့ဘယ်လိုငြင်းမလဲ

    အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးမကောင်းလို့ရှောင်နေတယ်လို့ပဲ ပြောလို့ရပါတယ်။ တကယ်လို့ ထိုနည်းကအလုပ်မဖြစ်ပါက သင့်ခင်ပွန်း သို့မဟုတ် ရင်းနှီးတဲ့သူငယ်ချင်းဘေးမှာထိုင်ပြီး သူတို့ကို နှစ်ယောက်စာသောက်ခိုင်းလိုက်ပါ။ ဘယ်သူမှတော့မသိပါစေနဲ့၊ အကယ်လို့ သင်တစ်ယောက်ထဲဖြစ်ပြီး ငြင်းမရပါက အယ်လ်ကိုဟောဓါတ်မပါသော ဖျော်ရည်တစ်မျိုးမျိုးကို သာ ရွေးချယ်ပါ။

    ဘယ်လိုဝတ်စားမလဲ

    ရက်သတ္တပတ်အနည်းငယ်ကြာတာတောင် ခုထိမဆုံးဖြတ်ရသေးဘူးဆိုရင် သိသာလာတဲ့ဗိုက်ကိုဖုံးဖို့ ဝတ်စားဖို့လိုလာပါပြီ။ ခပ်ပွပွအဝတ်အစားများဝတ်ဆင်ပါ။ လူတွေအာရုံကို နားဆွဲခပ်ကြီးကြီးတွေ၊ ကျောက်လည်ဆွဲ၊ လက်ကောက်တွေ စသည်တို့ဖြင့်လွှဲပစ်ပါ။ ထိုအခါသင့်ဝမ်းဗိုက်ကို အာရုံမကျတော့ပါဘူး။ အရောင်မှိုင်းမှိုင်းတွေ ဝတ်ဆင်ခြင်းဟာလည်း သင့်ကိုပိန်တယ်လို့ ထင်ရစေပါတယ်။

    လျို့ဝှက်ချက်ကြီးရှိနေသလို ခံစားမနေပါနဲ့

    တခြားလူတွေကိုပြောပြဖို့ ၊မပြောပြဖို့ဆိုတာ သင့်ရွေးချယ်မှုပါ။ လျှို့ဝှက်ထားဖို့ စိတ်ကျဉ်းကျပ်လာပြီဆိုရင် သူငယ်ချင်းတွေကိုပြောပြလို့ရပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ရှိခြင်းကို အားလုံးဆီကဖုံးကွယ်ထားပြီး သူတို့ဖာသာပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ခံစားနေတတ်ပါတယ်။ ဒါဟာသူတို့အတွက်ရော ကလေးအတွက်ရောမကောင်းပါဘူး။ တစ်ခါတလေ စိတ်ခံစားချက်အတိုင်း မှန်တယ်ထင်တာကိုသာ လုပ်ဆောင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement