အဓိပ္ပါယ်ဖွင့်ဆိုချက်
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) ကဘာလဲ။
ကိုယ်ဝန်ဆောင်ကာလဆိုတာ သားဥနဲ့သုတ်ပိုးစတင်တေ့ွရှိသန္ဓြေအောင်ပြီး သားအိမ်နံရံကိုတွယ်ကပ်ချိန်မှစလို့ မွေးဖွားချိန်ထိကို ဆိုလိုပါတယ်။
ရက်သတ္တပတ် ၄၀ ဖြစ်ပြီး သန္ဓြေသားလေးဖွံ့ဖြိုးမှုကိုမူတည်ကာ ကာလအပိုင်းအခြားသုံးခုပိုင်းခြားထားပါတယ်။
ပထမပိုင်းကာလ ( ရက်သတ္တပတ် ဝ-၁၃ ပတ်) – သန္ဓြေသားခန္ဓါကိုယ်ဖွဲ့စည်းတည်ဆောက်မှုနဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်ပေါ်ပါတယ်။ ကိုယ်ဝန်ပျက်ခြင်းနဲ့ သန္ဓြေသားထိခိုက်မှုတွေဟာ ဒီကာလမှာအဖြစ်များပါတယ်။
ဒုတိယပိုင်းကာလ (ရက်သတ္တပတ် ၁၄-၁၆ ပတ်) – သန္ဓြေသားလေးရဲ့ ဖွံ့ဖြိုးမှုတွေဆက်လက်ဖြစ်ပေါ်နေပြီး ကလေးလှုပ်ရှားမှုစတင်ခံစားရပါလိမ့်မယ်။
တတိယပိုင်းကာလ (ရက်သတ္တပတ် ၂၇-၄၀ ပတ်) – သန္ဓြေသားဖွံ့ဖြိုးမှုတွေပြည့်စုံသည်ထိ ဆက်ဖြစ်သွားပါတယ်။
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
တချို့တွေမှာ ကလေးမရနိုင်သောဆေးများမှီဝဲရသော၊ ကလေးမရအောင်တားထားသောအမျိုးသမီးတို့မှလွဲ၍ မျိုးပွားနိုင်သောအရွယ်ရှိတဲ့ အမျိုးသမီးတိုင်းမှာ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။
လက္ခဏာများ
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ကိုယ်ဝန်ရှိခြင်း၏လက္ခဏာတွေကတော့ –
- ဓမ္မတာမလာတော့ခြင်း
- ရင်သားဖွံ့ထွားလာခြင်း၊ နာကျင်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ဆီးသွားများခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
ပထမကာလမှာကြုံနိုင်တဲ့တခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့-
စိတ်အပြောင်းအလဲမြန်ခြင်း
ဖောခြင်း
သွေးအနည်းငယ်ဆင်းခြင်း
ဗိုက်နာခြင်း
ဝမ်းချုပ်ခြင်း
အစားအသောက်ပျက်ခြင်း
နှာခေါင်းပိတ်ခြင်း
ဒုတိယကာလမှာကြုံနိုင်တဲ့လက္ခဏာတွေကတော့-
ပထမပိုင်းကာလမှာကြုံရတဲ့ မသက်သာတဲ့ လက္ခဏာတွေအကုန်သက်သာသွားခြင်း
ခါးနာခြင်း
ဗိုက်နာခြင်း
ခြေထောက်ကြွက်တက်ခြင်း
ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်း
ကလေးလှုပ်ခြင်း
တတိယပိုင်းကာလမှာကြုံရနိုင်သော လက္ခဏာတွေကတော့-
အသက်ရှူရခက်ခြင်း
လိပ်ခေါင်းဖြစ်ခြင်း
ဆီးမထိန်းနိုင်ခြင်း
ခြေထောက်တွင်သွေးကြောများဖောင်းခြင်း
အိပ်စက်ခြင်းနှင့်ပတ်သတ်သောပြဿနာများ
ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးပါ။
အကြောင်းရင်းများ
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
သားဥနှင့်သုတ်ပိုးပေါင်းစပ်သန္ဓြေအောင်ကာ သားအိမ်နံရံသို့တွယ်ကပ်ပြီး နောက်ထပ်ရက်သတ္တပတ် ၄၀ အတွင်းမှာ သန္ဓြေသားအဖြစ်သို့ ကြီးထွားဖွံ့ဖြိုးလာခြင်းဖြစ်တယ
ဖြစ်နိုင်ခြေများ
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
သန္ဓြေတားဆေးမသုံးခြင်း
သားဥကြွေချိန်တွင် အကာအကွယ်မသုံးဘဲ ကာမဆက်ဆံခြင်း
သန္ဓြေတားနည်းမမှန်ခြင်း
တချို့သောစားစရာတွေကလည်း ကိုယ်ဝန်ရနိုင်ချေတက်စေတယ်လို့ ဆိုကြပေမယ့် တိကျတဲ့သက်သေတော့မရှိသေးပါဘူး။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အိမ်တွင်စစ်ဆေးကြည့်ခြင်း-
အိမ်တွင် ဆီးစစ်ခြင်းဖြင့်သိနိုင်ပါတယ်။ (ဆီးတွင်း ဟော်မုန်းပမာဏစစ်ခြင်း)
ဆရာဝန်ဆီမှာစစ်ဆေးခြင်းက ပိုမိုတိကျသောအဖြေကိုပေးနိုင်ပါလိမ့်မယ်။
သွေးစစ်ခြင်း-
စောစီးစွာသိရှိလိုပါက သုံးနိုင်ပါတယ်။ ( ကာမဆက်ဆံပြီး ၉ ရက်မှ ၁၂ ရက်အတွင်းသိနိုင်တယ်)
သန္ဓြေသားထိခိုက်မှု၊ ချို့ယွင်းမှုများသိနိုင်တဲ့ စစ်ဆေးမှုများလည်းရှိပါသေးတယ်။ ဥပမာ- သန္ဓြေသားပရိုတင်းအယ်လ်ဖာ စစ်ဆေးမှု(AFP)၊ အယ်လ်ထရာဆောင်း(ultrasound)၊ amniocentesis, chorionic villus sampling (CVS) တို့ဖြစ်တယ်။
တခြားသောပုံမှန်စစ်ဆေးမှုတွေကတော့-
PAPtest
၂၄ ပတ် – ၂၈ ပတ်အချိန်တွင် ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဆီးချိုသွေးချိုရှိမရှိစစ်ဆေးမှု
လိင်လမ်းကြောင်းကူးစက်ရောဂါများစစ်ဆေးမှု
ဆီးစစ်ဆေးမှု
သွေးအားနည်းခြင်း၊ သွေးအုပ်စုများအတွက် သွေးစစ်ဆေးမှု
ကိုယ်ခံအားစစ်ဆေးမှု
Pregnancy (ကိုယ်ဝန်ဆောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အာဟာရလုံလောက်မျှတစွာစားပါ၊ နည်းနည်းနဲ့များများစားပါ။
ကိုယ်ဝန်မဆောင်ခင်ကတည်းက ဖောလစ်အက်စစ်(folic acid) မှီဝဲပါ။
ဆရာဝန်မညွှန်းမချင်းမိမိသဘောနှင့် ဆေးများမှီဝဲသုံးစွဲခြင်းမပြုသင့်ပါ။
နေထိုင်မှုပုံစံ၊ အိမ်တွင်းဆေးနည်းများ
ဒါတွေကိုရှောင်သင့်ပါတယ်-
- ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း
- စပ်ဆေးများ
- ကဖိန်းဓါတ်အများအပြားသောက်ခြင်း
- ဓါတုပစ္စည်းဖြင့်လုပ်ထားသောအချိုဓါတ်များ
ကျန်းမာရေးညီညွတ်စွာစားသောက်သင့်ပြီး
ကိုယ်ဝန်မဆောင်ခင်ကအချိန်ကတည်းက ကယ်လိုရီများသော၊ အဆီများသော၊ သကြားဓါတ်များသော အစာများကိုရှောင်ကာ အသီးအနှံ၊ အသီးအရွက်တို့ကိုများများမှီဝဲပေးသင့်ပါတယ်။
တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင ်ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-due-date]