ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 26, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဝမ်းချုပ်ခြင်း၊ ဒါမှမဟုတ် ဝမ်းပျက်ခြင်းကို ကြုံရပါတယ်။ ဟော်မုန်းပြောင်းလဲခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဝမ်းပျက်ခြင်းကို အတော်အတန်ကြုံနေရမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ

တစ်နေ့တည်းနဲ့ သုံးလေးကြိမ်လောက် ဝမ်းသွားနေမယ်ဆိုရင်တော့ ဝမ်းပျက်ခြင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား၊ အူလမ်းကြောင်း ကပ်ပါးကောင်များကြောင့် ဝမ်းပျက်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းနဲ့ ဆေးဝါးတချို့ သောက်သုံးရာကနေလည်း ဝမ်းပျက်နိုင်ပါတယ်။

IBS လို့ခေါ်တဲ့ မကြာခဏ ဝမ်းပျက်တတ်တဲ့ရောဂါ၊ ခရွမ်းရောဂါ၊ စီးလိယတ်ရောဂါ၊ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်း စတဲ့ပြဿနာရှိသူတွေမှာ ဝမ်းပျက်တတ်ပါတယ်။

ကိုယ်ဝန်နဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– စားသောက်မှုပုံစံ ပြောင်းလဲခြင်း။ ကိုယ်ဝန်ရှိနေချိန်မှာ အမျိုးသမီးများဟာ အစားအသောက် ပြောင်းလာပါတယ်။ အစားအသောက်များ ပြောင်းလဲခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို သက်ရောက်မှုရှိပြီး ဝမ်းပျက်နိုင်ခြေ ပိုများပါတယ်။

– အစားအစာသစ်နှင့် မတည့်ခြင်း။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ပြောင်းလာပြီး စားသောက်မှုပုံစံသစ်ဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ မိမိစားသုံးနေကြမဟုတ်တဲ့ အစားအစာတွေ စားသုံးရာကနေ လေပွလေထခြင်း၊ အစာအိမ်အောင့်ခြင်းများ ဖြစ်စေပြီး ဝမ်းလည်းပျက်နိုင်ပါတယ်။

– ကိုယ်ဝန်ဆောင်ဗီတာမင် အားဆေးများ။ ကိုယ်ဝန်ဆောင်အားဆေးများဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ ကျန်းမာရေး ကောင်းမွန်စေပါတယ်။ ဒါပေမယ့် အဆိုပါဗီတာမင်တွေကြောင့် အစာအိမ် အူလမ်းကြောင်း အပြောင်းအလဲဖြစ်ပြီး ဝမ်းပျက်နိုင်ပါသေးတယ်။

– ဟော်မုန်းပြောင်းလဲခြင်း။ ဟော်မုန်းပြောင်းလဲခြင်းဟာ အူလမ်းကြောင်းကို သက်ရောက်မှု ရှိပါတယ်။ အစာခြေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ဝမ်းပျက်ခြင်းကို ဖြစ်စေပါတယ်။

မွေးဖွားခါနီးလေ ဝမ်းပျက်ခြင်းကို ပိုမိုကြုံလာရတတ်ပါတယ်။ ကိုယ်ခန္ဓာကနေ မွေးဖွားဖို့အတွက် သဘာဝအလျောက် ပြင်ဆင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းစီပေါ်လည်း မူတည်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ခြင်းကို ဘယ်လိုကုသမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေ သုံးစွဲဖို့ စိုးရိမ်စိတ်ရှိရင် တခြားရွေးချယ်စရာ နည်းလမ်းတချို့တော့ ရှိနေပါတယ်။ များသောအားဖြင့် ဝမ်းပျက်ခြင်းဟာ ကုသစရာမလိုဘဲ သူ့ဖာသာလည်း ပျောက်တတ်ပါတယ်။

ရွေးချယ်စရာနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– အချိန်ပေးပါ။ ဝမ်းပျက်ခြင်းအများစုဟာ ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဝမ်းပျက်နေချိန်အတွင်းမှာတော့ ရေဓာတ်ကို ဖြည်တင်းထားဖို့ လိုအပ်ပါတယ်။

ဆေးဝါးများကို သုံးသပ်ပါ။ ဆေးတွေကြောင့် ဝမ်းပျက်ခြင်းဖြစ်ရင်တော့ ကိုယ်ခန္ဓာကနေ ထိန်းညှိနိုင်ပြီး သက်သာသွားနိုင်ပါတယ်။ တကယ်လို့ မသက်သာဖူးဆိုရင် ဘယ်ဆေးတွေသောက်သုံးနေသလဲဆိုတာ ဆရာဝန်ကို ဖွင့်ဟတိုင်ပင်ပါ။

– ဆရာဝန်ပြပါ။ ဝမ်းပျက်ခြင်းဟာ ၂ရက်၃ရက်ကြာပြီးတဲ့ထိ မရပ်ဘူးဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ မိမိဖာသာ ပိုးသတ်ဆေးများ၊ ဝမ်းပိတ်ဆေးများ သောက်သုံးခြင်း မပြုရပါဘူး။ ဆေးဝါတွေကြောင့် ဝမ်းပျက်ခြင်း ပိုဆိုးလာတတ်ပါတယ်။ ဆရာဝန်ဟာ လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

– ဒုက္ခပေးနေတဲ့ အစားအစာတွေကို ရှောင်ပါ။ အစားအစာတချို့ဟာ ဝမ်းပျက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အဆီများလွန်းတဲ့အစာတွေ၊ အပူအစပ်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ် များလွန်းတဲ့ စားစရာတွေဟာ ဝမ်းပျက်ခြင်းဖြစ်ဖို့ အားပေးပါတယ်။

အရည်ဓာတ်ဖြည့်တင်းပါ

ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ အရည်ဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဝမ်းလျှောခြင်းကြောင့် ကိုယ်ခန္ဓာကနေ အရည်ဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ လျင်မြန်ပြီး ဆိုးရွားတတ်တာမို့ သတိပြုဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အစာအိမ်အူလမ်းကြောင်း ပြဿနာမကြုံနေဘူးဆိုရင်တောင် ပုံမှန်လူတွေထက် ရေကိုပိုမိုလိုအပ်ပါတယ်။

ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ဖြည့်တင်းနိုင်ဖို့ ရေကိုလိုအပ်ပါတယ်။ ဖျော်ရည်၊ စွတ်ပြုတ်သောက်ခြင်းအားဖြင့် ဓာတ်ဆား၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

ဘယ်အချိန်မှာ ကုသမှုခံယူသင့်သလဲ

ဝမ်းပျက်တာ ကြာလာရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ နှစ်ရက်သုံးရက်ထက် ကျော်လွန်ပြီး ဝမ်းပျက်နေမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ရေဓာတ် ဆိုးဆိုးရွားရွား ခန်းခြောက်ခြင်းဟာ ကိုယ်ဝန်ကို ဒုက္ခပေးတတ်ပါတယ်။ ရေဓာတ်ခန်းခြောက်ရင် ပေါ်လာတဲ့လက္ခဏာတွေကတော့

– ဆီးအရောင်ဝါပြီးရင့်ခြင်း

– အာခေါင်ခြောက်ခြင်း၊ စေးထန်းခြင်း

ရေငတ်ခြင်း

– ဆီးနည်းခြင်း

– ခေါင်ကိုက်ခြင်း

– မူးဝေခြင်း

– သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ရှိချိန်မှာ ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်အောင် နေ့စဉ် ရေ ၈၀ အောင်စခန့် သောက်သုံးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read