ဒါမှ မေမေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာမျိုး မဖြစ်စေမှာပါ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။
ဖောလိတ်ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ပြည့်ဝမှ ဘေဘီလေးရဲ့ အာရုံကြောစနစ်တွေ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် ချဉ်ပေါင်ဟင်း စားပေးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေကို သောက်သုံးတာက အဆင်မပြေပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား နည်းတတ်တာကြောင့် ဖျားနာလွယ်ပါတယ်။ ချဉ်ပေါင်ရွက်မှာက ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းတဲ့အခါ အအေးမိ၊ ဖျားနာတာမျိုး၊ ချောင်းဆိုးတာမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပြီဖြစ်မှာပါ။
နောက်တစ်ချက်က သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာကြောင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။
ဝမ်းမှန်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ချဉ်ပေါင်ရွက်မှာက မဂ္ဂနီဆီယမ် နဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်စာတွေကို ဝမ်းပျော့စေဖို့ စားသုံးပေးရတာမျိုးရှိပါတယ်။
မဂ္ဂနီဆီယမ်က ဝမ်းပျော့စေပြီး အူကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ဝမ်းချုပ်မှုကင်းလို့ ဝမ်းမှန်စေပါတယ်။ ချဉ်ပေါင်ရွက်မှာ မဂ္ဂနီဆီယမ် ၂၉ မီလီဂရမ် ပါဝင်နေပြီး နေ့စဉ် လိုအပ်မှုရဲ့ ၆.၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။