ဒါက လူသိအများဆုံး အကျိုးကျေးဇူးတစ်ခုပါ။ နွေတုန်းက အပူဒဏ်ကြောင့် အရေပြားမှာ ဖြစ်နေတဲ့ မိတ်တွေကို အမြန်ဆုံး သက်သာသွားစေတာ မိုးရေ ပါပဲ။ မိုးရေချိုးလိုက်ရင် မိတ်ကြောင့် ယားယံနေတာတွေ သက်သာပြီး ချပ်ရပ်စေမယ်၊ အသားအေးသွားပါလိမ့်မယ်။
မိတ်ဖုတွေ ကနေ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလည်း မိုးရေ ကြောင့် တဖြည်းဖြည်း လျော့ပါး သက်သာသွားစေနိုင်ပါတယ်။
အရေပြား ကို သန့်စင်စေတယ်
မိုးရေ ရဲ့ မူလသဘာဝ ကိုက soft water ဖြစ်တဲ့ အပျော့စားရေ ဖြစ်ပြီး ရေထုညစ်ညမ်းမှု ပိုနည်းပါတယ်။ မိုးရေနဲ့ ချိုးတဲ့အခါ အသားအရေမှာ ပိုပြီး သန့်စင်တာ၊ ပိုလန်းဆန်းစေတာ ခံစားမိမှာပါ။ ပန်းကန် ဆေးကြော၊ အဝတ်လျှော်တဲ့ အခါပဲ အရင်စမ်းကြည့်ပါ၊ ဆပ်ပြာ သိပ်မလိုဘဲ ပိုသန့်စင်လွယ်တာ ကို သတိထားမိပါလိမ့်မယ်။
မိုးရေနဲ့ မျက်နှာသစ်ရင် ဘက်တီးရီးယားတွေ ဖယ်ရှားနိုင်ပြီး ဝက်ခြံတောင် ကာကွယ်နိုင်တယ် လို့ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။