တခြားသူတွေကသင့်ကိုဘယ်လိုလုပ်ရမယ် အကြံတွေပေးတဲ့အခါ သင်ကသင့်ရဲ့ပုံစံပေါ်မူတည်ပြီးအောက်မှာဖော်ပြထားတဲ့ တုံ့ပြန်မှုမျိုးလေးတွေထဲကတစ်ချက်၊ ဒါမှမဟုတ် ပိုပြီးသုံးကြည့်လို့ရပါတယ်။
- ပြုံးပြပြီးခေါင်းလေးပဲညိတ်လိုက်ပါ။ ထိုသို့ပြုမူလိုက်ခြင်းဟာသင်ကသူတို့ကိုနားထောင်နေတယ်လို့ဖော်ပြလိုက်ခြင်းဖြစ်တယ်(သင်တကယ်နားမထောင်နေဘူးဆိုလျှင်တောင်မှ) ပြီးတော့ ဒီလိုနည်းနဲ့ ပြဿနာလေးတွေကိုရှောင်နိုင်တယ်။
- အောက်ဖော်ပြပါတွေထဲကလိုပြောနိုင်ပါတယ်။
ကျွန်မနဲ့ ခင်ပွန်းကဒီလိုဆုံးဖြတ်ထားပြီးပြီမို့လို့ ဒီလိုနည်းကပဲပိုကောင်းမယ်ထင်ပါတယ်။
ဆရာဝန်ကကျွန်မတို့ကိုဒီလိုအကြံပေးထားတာမို့လို့ ကျွန်မတို့နှစ်ယောက်စလုံးဒီလိုပဲလိုက်နာတာကောင်းပါလိမ့်မယ်၊ ဆရာဝန်ကအသိဆုံးဆိုတော့လေဟုတ်လား၊
ကျွန်မသိတာတော့ ဒါက ကျွန်မရွေးချယ်လို့ရတဲ့ထဲမှာအဆိုးဆုံးလို့သိထားတာ..
ကျေးဇူးတင်ပါတယ်၊ ကျွန်မလုပ်ကြည့်လိုက်ပါမယ်နော်၊
ဒါမှမဟုတ် စကားလမ်းကြောင်းလွဲပစ်လိုက်ပါ၊
“ဟိုဇာတ်လမ်းနောက်ဆုံးပိုင်းကြည့်ဖြစ်လိုက်သေးလား” ဖြစ်ဖြစ်..၊ “ဈေးဆိုင်အသစ်ဖွင့်တယ်၊ သွားကြည့်ပြီးပြီလား” စသည်ဖြင့်….
သင်နဲ့ရင်းနှီးနေတဲ့လူတွေကလွဲရင် တခြားလူတွေကိုသင့်ကိုယ်ဝန်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ၊ စိုးရိမ်မှုတွေကိုပြောမပြပါနဲ့။ တချို့လူတွေကဒါကိုအခွင့်အရေးယူပြီးသင်ကသူတို့ကိုနားထောင်ရတော့မယ်လို့တွေးသွားနိုင်ပါတယ်။ ထိုကဲ့သို့အခြေအနေတွေကြုံလာလျှင်တော့ ပြုံးပြပြီးခေါင်းလေးညိတ်လိုက်တာဖြစ်ဖြစ် ပြုံးပြပြီး
ထွက်သွားလိုက်တာမျိုးကလုပ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။