ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါ

    ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါ

    ပန်းနာရင်ကျပ်ရောဂါဟာ အဖြစ်များတဲ့ အဆုတ်ရောဂါတစ်မျိုးဖြစ်ပြီး လူအတော်များများမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်သည်တွေအတွက်ကတော့ ပန်းနာရင်ကျပ်ရောဂါက ဆိုးရွားတဲ့ဖြစ်ရပ်တွေ ဖြစ်လာနိုင်စေပါတယ်။

    ဘာကြောင့်စိုးရိမ်စရာလိုတာလဲ

    ပန်းနာရင်ကျပ်ရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ဝန်မရှိစဉ်ကတည်းက သင့်မှာ ပန်းနာရင်ကျပ်ရောဂါရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက ရောဂါလက္ခဏာတွေကို သေချာကုသထားတယ်ဆိုရင်တော့ သိပ်စိုးရိမ်စရာမဟုတ်ပေမယ့် သေချာကုသ ထိန်းသိမ်းနိုင်မှုမရှိသေးဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသောပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။

    • ပျို့အန်ခြင်း
    • မွေးလမ်းကြောင်းမှသွေးဆင်းခြင်း
    • ကိုယ်ဝန်ဆိပ်တက်ခြင်း
    • သန္ဓေသားကြီးထွားနှုန်းနှောင့်နှေးခြင်း
    • မွေးဖွားရခက်ခဲခြင်း၊ ဒုက္ခတွေ့ခြင်း
    • နေ့မစေ့ လမစေ့မွေးခြင်း
    • ပေါင်မပြည့်မွေးခြင်းတို့ ဖြစ်တတ်ပြီး
    ပိုဆိုးရွားသောအခြေအနေအနေနဲ့ သန္ဓေသားအသက်အန္တရာယ် ထိ စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါ ပိုဆိုးသလား

    ပန်းနာရင်ကျပ်ရောဂါ ဟာ အဖြစ်များသော ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ရင်ကျပ်ခြင်းကြောင့် သင့်အဆုတ်နှင့် ကလေးငယ်အတွက် အောက်စီဂျင်ရရှိနှုန်း နည်းစေပါတယ်။ ဒါပေမယ့် ဒီလိုဆိုလို့လည်း ရင်ကျပ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မှုခက်ခဲနိုင်တယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ တကယ်လို့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ရင်ကျပ်ရောဂါရှိထားသူဖြစ်ပါက လက္ခဏာများကို သေသေချာချာချာသိရှိကုသထားပြီး ဝေဒနာခံစားလာရလျှင် မည်သို့ပြုလုပ်ရမည်ကို သတိရှိနေဖို့လိုပါတယ်။ တချို့အမျိုးသမီးတွေမှာ ကိုယ်ဝန်မဆောင်ခင်ကတည်းက ပန်းနာရင်ကျပ်ဖြစ်ဖူးနိုင်သော်လည်း တချို့အတွက်မူ ကိုယ်ဝန်ရှိလာချိန်မှ ရောဂါရလာခြင်းဖြစ်တယ်။

    ကိုယ်ဝန်ဆောင်နေစဉ်မှာ ရင်ကျပ်ရောဂါအတွက် ကုသမှုများခံယူလို့လည်း အန္တရာယ်ကင်းပါတယ်။ ဒါကြောင့်လည်း ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက စိုးရိမ်ပြီးမကုသခြင်းထက် ကုသခြင်းကပိုကောင်းတယ်ဆိုတာ သိသင့်ပါတယ်။ သင့်ဆရာဝန်နဲ့ သင့်အတွက် အန္တရာယ်အကင်းဆုံး ကုသမှုကိုဆွေးနွေးရွေးချယ်နိုင်ပါတယ်။

    ဆေးကုသမှုခံယူဖို့အန္တရာယ်ကင်းရဲ့လား

    ကိုယ်ဝန်ဆောင်ချိန်မှာ သင်မှီဝဲသမျှဆေးတိုင်းဟာ သင့်ကလေးကို အာနိသင်သက်ရောက်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါအတွက်ဆေး အများစုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာသုံးစွဲလို့အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ရင်ကျပ်ရောဂါအတွက်သုံးတတ်တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ စတီးရွိုက်က ကလေးနှုတ်ခမ်းကွဲခြင်း၊ နေ့မစေ့ဘဲစောစောမွေးခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ကို ပိုဆိုးစေမှာကိုတော့ စိုးရိမ်နေကြပါတယ်။

    ဒါပေမယ့်ဘယ်လိုပဲဖြစ်ပါစေ မကုသဘဲရောဂါပိုဆိုးစေတာထက်စာရင် ပန်းနာရင်ကျပ်ရောဂါကိုကုသတာက ပိုအန္တရာယ်ကင်း၊ ပိုကောင်းပါတယ်။ ရင်ကျပ်ပါက သင့်ခန္တာကိုယ်အတွက် အောက်စီဂျင်မလုံမလောက်ဖြစ်ကာ ထိုအရာကမှ ကလေးကို ဒုက္ခပေးနိုင်ပါတယ်။

    သင့်မှာ ကိုယ်ဝန်ဆောင်နေစဉ် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ရှိလာပါက သင့်တော်တဲ့ကုသမှုအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားသည့်အတိုင်း သေချာလိုက်နာကာ ဆေးညွှန်းကိုပြီးဆုံးသည်ထိ မှီဝဲပါ။ မိမိဆန္ဒအတိုင်း ဆေးပြောင်းလဲခြင်း၊ ဆေးညွှန်းတိုးခြင်း၊ လျှော့ခြင်း မပြုလုပ်ပါနဲ့။ လက္ခဏာတွေကို စောင့်ကြည့်ကာ ဆေးညွှန်းကိုလိုသလိုပြင်ဆင်ရန် ဆရာဝန်ထံ ရက်ချိန်းမှန်မှန် သွားဖို့တော့လိုပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr.Aye Myat Myat Noe မှ ရေးသားသည်။ 21/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။