ပူစေသည့်ယောဂများကို များသောအားဖြင့် ပူနွေးစိုစွတ်သည့် အခန်းများတွင် ပြုလုပ်ရလေ့ရှိသည်။ ထို့ကြောင့် အပူလွန်ကဲခြင်း ဖြစ်လာစေနိုင်ပြီး သင့်ရင်သွေး၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကလေးရော မိခင်လောင်းပါ အဆင်ပြေစေရန်အတွက် အေးမြသောနေရာတွင်သာ လေ့ကျင့်ရန် သူမကိုအကြံပြုပေးပါ။
တစ်ချို့သောကိုယ်ဟန်ပုံစံများကို ရှောင်ပါ
သန္ဓေသားအတွက် လုံးဝမသင့်လျော်သည့် လှုပ်ရှားပုံများ ရှိပါသည်။ ကျောဖက်ကို ဖိအားပေးရသည့် ကိုယ်ဟန်ပုံစံကို ရှောင်သင့်၏။ ကျောရိုးပုံမှန်အတိုင်းကွေးနေစေရန် တင်ပါးများကို ကွေးခြင်းမျိုးကို ပြုလုပ်နိုင်ပါသည်။ ကြွက်သားများကို ဆန့်ထုတ်ရမည့်ဟာများ အထူးသဖြင့်ဗိုက်ကြွက်သားများကို ဆွဲဆန့်ရန်လိုသည့် ပုံစံများကိုတော့ လုံးဝရှောင်ကြဉ်ရပါမည်။
Twist posture ပုံစံကို လုပ်သည့်အခါမျိုးတွင် ဗိုက်အပေါ်ဖိအားလျော့စေရန် ခါးကိုအားပြုမည့်အစား ပုခုံးကို အားပြုသင့်သည်။ Deep Twist ကိုတော့ ကိုယ်ဝန်ဆောင်စဉ် ရှောင်ကိုရှောင်ရမည်ဖြစ်သည်။ ထိုအပြင် ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ပြောင်းပြန်နေရသည့် ပုံစံများ သို့မဟုတ် ခေါင်းကို နှလုံးလယ်ဗယ်အောက်ထိ ရောက်အောင် ငုံ့ရသည့်ပုံစံများကို ရပ်လိုက်သင့်ပါသည်။
မိမိဇနီးအတွက် ဘယ်လိုပုံစံက သင့်လျော်စိတ်ချရသည်ကို သိလိုပါက သူမ၏ နည်းပြနှင့် ဆက်လက်ဆွေးနွေးနိုင်ပါသည်။
ဖြည်းဖြည်းနှင့် မှန်မှန်လေ့ကျင့်ရန်အတွက် သူမကို စိတ်အားထက်သန်အောင်လုပ်ပေးပါ
သူမ၏ စွမ်းဆောင်နိုင်ရည်နှင့် ခန္ဓါကိုယ်အပေါ်ကို အမြဲအာရုံစိုက်ပါ။ ယောဂကိုယ်ဟန်တစ်ခုလုပ်စဉ် အဆင်မပြေုဖစ်လာပါက ရပ်ဖို့ပြောပါ။ သူမလှုပ်ရှားမှုအတွက် အကန့်အသတ်ထားသင့်ကြောင်း၊ ထို့အကန့်အသတ်အတွင်းမှာသာ လုပ်လျှင် နာကျင်မှုရှိမည်မဟုတ်ကြောင်း ပြောပြပါ။ ကိုယ်ဝန်ဆောင်စဉ် လုပ်နိုင်သည့် ယောဂလေ့ကျင့်ခန်းများကို ဖြည်းဖြည်းမှန်မှန်နှင့် အန္တရာယ်ကင်းသည့်နည်းအတိုင်းလုပ်ခြင်းက ပိုကျန်းမာစေသည့်ကိုယ်ဝန်ကို ဆောင်စေနိုင်မည်ဖြစ်ပြီး မီးဖွားခြင်းအတွက်လည်း အဆင်သင့်ပြင်ဆင်ပြီး ဖြစ်စေပါလိမ့်မည်။
သူမ၏ခင်ပွန်းတစ်ယောက်အနေဖြင့် ဇနီးကိုယ်ဝန်ဆောင်စဉ် ပုံမှန်မဟုတ်သည့် လက္ခဏာများဖြစ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ဗိုက်နာခြင်း၊ ကလေးအလှုပ်နည်းခြင်းတို့ကို သတိထားပေးပါ။ ထိုအခြေအနေများ သူမတွင်ဖြစ်လာပါက ဆရာဝန်နှင့် တတ်နိုင်သလောက် အမြန်ဆုံးဆက်သွယ်ရပါမည်။
ကိုယ်ဝန်ရလာသည်နှင့် သူမ၏ယောဂလေ့ကျင့်ခန်းများကို အရှုံးပေးလိုက်ရန် မလိုပါ။ ကိုယ်ဝန်ဆောင်စဉ် တက်ကြွလှုပ်ရှားနေခြင်း၏အကျိုးများက အလွန်များပါသည်။ ကိုယ်ဝန်ဆောင်စဉ် လုပ်ဆောင်နိုင်သည့် ယောဂသည် အကောင်းဆုံးရွေးချယ်မှုဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်တစ်ခုနှင့် တစ်ခု လူတစ်ဦးနှင့်တစ်ဦး မတူပါ။ သူမအတွက် အားလုံးအဆင်ပြေစေရန် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်ပါသည်။ အထက်ပါအချက်များကို လိုက်နာခြင်းကလည်း သင့်ဇနီးသည်ကို အကူအညီရစေပြီး မျှော်လင့်နေသည့် ရင်သွေးပါ အန္တရာယ်ကင်းစေမည် ဖြစ်ပါသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။