backup og meta

ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ

    ကိုယ်ဝန် ဖျက်ချခြင်းဆိုတာ ဆေးဝါး (သို့) ခွဲစိတ်ပြီး အမျိုးသမီးရဲ့ သားအိမ်အတွင်းမှ သန္ဓေသားကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်ဝန် ဖျက်ချခြင်းကစိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ရရှိနိုင်တာမို့ သေချာစဉ်းစားသင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်က မိခင်ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်မပြုပါ။

    ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ အကြောင်းကို ဗဟုသုတအနေနဲ့ ဆက်လက်လေ့လာကြရအောင်။ အထူးသဖြင့် တရားဝင် မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချတဲ့အခါ အောက်ပါဆိုးကျိုးတွေ ရနိုင်ပါတယ်။

    ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ

    ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ ကတော့

    ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အန္တရာယ်များ

    ကိုယ်ဝန် ဖျက်ချပြီး ပထမ ၂-၄ ပတ်အတွင်းမှာ အမျိုးသမီးဟာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်နာခြင်း
  • ဖျားခြင်း
  • ရှားပါးပေမယ့် ပြင်းထန်တဲ့ ဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါတွေကို ရေရှည်ခံစားရတာ (သို့) ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ

    • ပြင်းထန်တဲ့ ရောင်ရမ်းမှုမှတစ်ဆင့် သွေးဆိပ်သင့်ခြင်း
    • သွေးထွက်လွန်တာကြောင့် သားအိမ်ထုတ်လိုက်ရတဲ့အခါ ကလေးမရနိုင်တော့ခြင်း
    • ဆက်တိုက် အလွန်အကျွံ သွေးဆင်းခြင်း
    • သားအိမ်ခေါင်း ပျက်စီးခြင်း
    • သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း
    • အချွန်တွေနဲ့ ထိုးချတာကြောင့် သားအိမ်ပေါက်ခြင်း
    • တက်ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

    ဒါ့ပြင် မကြာခဏ ကလေးဖျက်ချတတ်သူတွေမှာ နောက်ပိုင်းမှာ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်မှု ပိုမို ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ ဆိုးကျိုးတွေက မိခင်သေနှုန်းကို မြင့်မားစေနိုင်ပါတယ်။

    ကိုယ်ဝန်ဖျက်ချခြင်းကို ကိုယ်ဝန်လရင့်မှ လုပ်လေလေ အမျိုးသမီးရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ များလာလေလေပဲဖြစ်ပါတယ်။ ပထမသုံးလပတ်မှာ ကိုယ်ဝန် ဖျက်ချသူတွေဟာ လရင့်မှ ကိုယ်ဝန်ဖျက်ချသူတွေနဲ့ ယှဉ်ရင် ဆိုးကျိုးဖြစ်ပွားနှုန်း တစ်ဝက်လျော့ကျနိုင်တာကို တွေ့ရပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ

    ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် အမျိုးသမီးတစ်ယောက်ဟာ စိတ်သက်သာရာရသလိုလို ခံစားရခြင်း၊ စိတ်ကျခြင်း (သို့) သူလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရောထွေးနေတဲ့ ခံစားချက်တွေ ခံစားရခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လေ့လာမှုအတော်များများအရ ကိုယ်ဝန်ဖျက်ချလိုက်တဲ့သူတွေက မကောင်းတဲ့ ခံစားချက်တွေ ပိုခံစားရတတ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်ဖျက်ချခြင်းကြောင့်ဖြစ်တဲ့ မကောင်းတဲ့ ခံစားချက်တွေကတော့

    • အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ ရှက်ခြင်း
    • နောင်တရခြင်း
    • စိတ်ရောဂါခံစားရခြင်း
    • အိပ်မပျော်ခြင်း
    • ဒေါသထွက်ခြင်း
    • အစားအသောက်ပိုင်းဆိုင်ရာ ရောဂါများ ခံစားရခြင်း
    • လူမှုဆက်ဆံမှု ပြဿနာများ
    • လိင်ပိုင်းဆိုင်ရာ ဆန္ဒနဲ့ သာယာမှု ပျောက်ဆုံးခြင်း
    • မိမိကိုယ်ကို သတ်သေချင်သော အတွေးများပေါ်လာခြင်းပဲ ဖြစ်ပါတယ်

    ကိုယ်ဝန် ဖျက်ချထားတဲ့ အမျိုးသမီးတော်တော်များများက သူတို့ရဲ့ နောင်တတွေကြောင့် နောက်တစ်ကြိမ်မှာ ကောင်းကောင်းမွန်မွန် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အတော်များများကပဲ ပြီးခဲ့တဲ့ ပထမ ကိုယ်ဝန်ဖျက်ချခဲ့တုန်းက အကြောင်းရင်းတွေနဲ့ အလားတူကြောင့်ပဲ ဒီကိုယ်ဝန်ကိုလည်း ထပ်မံအဆုံးသတ်ဖို့ ဆုံးဖြတ်တတ်ကြတာမျိုးလည်း ရှိပါတယ်။

    ဘယ်သူတွေဟာ အခြားသူတွေနဲ့ ယှဉ်ရင် ဆိုးတဲ့ခံစားချက်တွေ ပိုဖြစ်လာနိုင်သလဲ။

    • အသက် ၁၈ နှစ်အောက် (သို့) ပိုငယ်တဲ့ အမျိုးသမီးများ
    • ဟိုးအရင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိဖူးသူများ
    • ငွေကြေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ သူတို့ရဲ့ လိင်ဆက်ဆံဖက် သဘောမတူလို့ ကိုယ်ဝန်ဖျက်ချဖို့ အတင်းအဓမ္မလုပ်စေဖို့ စေခိုင်းခံရသူများ
    • ဘာသာရေးအရ ဒီအပြုအမူကို ဆန့်ကျင်နေသူများ
    • ကိုယ်ဝန်လရင့်မှ ဖျက်ချသူများ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 04/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement