backup og meta

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းတွေကြောင့်ရလာတဲ့ဝက်ခြံတွေအတွက် နည်းလမ်းတချို့

အမျိုးသမီးတော်တော်များများဟာ ကိုယ်ဝန်ဆောင်ကာလမှာ ဝက်ခြံတွေအနည်းငယ်မှ ဆိုးဆိုးရွားရွားထိရနိုင်ပါတယ်။ ထိုဟော်မုန်းကြောင့်ရလာတဲ့ ဝက်ခြံတွေအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းတချို့အကြောင်း ကြည့်လိုက်ရအောင်။

ကိုယ်ဝန်ဆောင်ချိန်မှာဘာကြောင့်ဝက်ခြံတွေပေါက်ရသလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ‘အန်ဒရိုဂျင်’ လို့ခေါ်တဲ့ အဖိုဟော်မုန်းများလာပါတယ်။ ဒီဟော်မုန်းက အဆီဂလင်းတွေပိုကြီးလာစေပြီး အဆီတွေပိုထွက်လာစေတယ်။ ထိုအဆီတွေက အပေါက်များကိုပိတ်သွားစေကာ ရောင်ရမ်းပေါက်ထွက်သွားစေပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံတွေဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမပိုင်းနဲ့ဒုတိယပိုင်းတွေမှာ အများအားဖြင့်ရတတ်ပါတယ်။

သင့်တော်တဲ့အသားအရေစောင့်ရှောက်မှုနည်းလေးတွေ

မျက်နှာခဏခဏမသစ်ပါနဲ့

မျက်နှာခဏခဏသစ်ခြင်းဟာ သင့်မျက်နှာပေါ်က ပုံမှန်ရှိသင့်တဲ့အဆီတွေကို ဆေးပစ်လိုက်တာကြောင့် အဆီဂလင်းတွေကို အဆီပိုထုတ်စေပါလိမ့်မယ်။ အဆီထုတ်များခြင်းဟာ ဝက်ခြံပေါက်စေပါတယ်။ နောက်တစ်ချက်က ရေပူနဲ့မျက်နှာမသစ်ပါနဲ့။ ရေပူနဲ့မျက်နှာသစ်ခြင်းဟာ သင့်မျက်နှာကိုခြောက်သွေ့စေပါလိမ့်မယ်။ ဒီနေရာမှာ မျက်နှာသန့်ဆေးကအရေးပါပါတယ်။ ဆပ်ပြာဓါတ်၊ အဆီဓါတ်မပါတဲ့ သန့်စင်ဆေးပျော့ပျော့နဲ့ အနည်းငယ်ရေနွေးနွေးလေးကိုသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ချေးချွတ်ဆေးမသုံးမပါနဲ့

ချေးချွတ်လိုက်တာဟာ အဆီပိုထုတ်စေပါလိမ့်မယ်။ နူးညံ့ညင်သာတဲ့နည်းနဲ့သာ အရေပြားသန့်စင်သင့်ပါတယ်။ နူးညံ့တဲ့အဝတ်ပိုင်းလေးနဲ့ မျက်နှာကိုစက်ဝိုင်းပုံပွတ်တိုက်သန့်စင်ပေးပါ။ အသားအရည်စိုပြေရန်အတွက်ကိုလည်း အဆီမပါသောပစ္စည်းများအသုံးပြုပါ။ သုံးရာမှာလည်း မျက်နှာကိုပွတ်ပစ်လိုက်ခြင်းမလုပ်ဘဲ အသာအယာတို့ထိပေးသင့်ပါတယ်။

ဟော်မုန်းကြောင့်ရလာတဲ့ ဝက်ခြံတွေအတွက် အသုံးဝင်နိုင်မယ့် သဘာဝနည်းတချို့

ပန်းသီးရှာလကာရည်

ရေနဲ့ ပန်းသီးရှာလကာရည်ကို ၃ဆ ၁ဆ ရောကာ တိုနာအဖြစ်သုံးနိုင်ပါတယ်။ သို့မဟုတ် ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးမှာစွတ်ပြီး မျက်နှာပေါ်ကမလိုအပ်တဲ့အဆီတွေကိုသုတ်ပစ်နိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါစားပွဲတင်ဇွန်းတစ်ဇွန်းကို ရေစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရောကာ ဝက်ခြံများ အဖုများပေါ်လိမ်းပြီး ခြောက်သွားပါက ရေနဲ့ဆေးချလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါက မလိုအပ်တဲ့အဆီတွေကိုဖယ်ရှားပြီး ပျက်စီးသွားတဲ့နေရာများကိုလည်း အလျင်အမြန်သက်သာစေပါလိမ့်မယ်။

ပျားရည်

ပျားရည်ဟာအနာဒဏ်ရာကျက်တာမြန်စေတယ်၊ ဘက်တီးရီးယားအန္တရာယ်မှကာကွယ်ပေးတယ် ပိုးသတ်ပေးတဲ့အာနိသင်ရှိတယ် စသည်ဖြင့်သိထားကြပါတယ်။ ဒီနည်းလေးကိုသုံးဖို့ကတော့ ပထမသင့်မျက်နှာကို ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ၊ ထို့နောက်ဝက်ခြံတွေပေါ်ပျားရည်တို့ပြီး မိနစ်၂၀ ၃၀ လောက်အကြာမှာရေသန့်နဲ့ဆေးချပါ။ ပျားရည်ဟာ ဝက်ခြံကြောင့် ထိခိုက်ထားတဲ့နေရာတွေကိုသက်သာစေပြီး သင့်မျက်နှာကိုချောမွေ့စေပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီဟာ အသားအရေစိုပြည်စေပါတယ်။ အိပ်ခါနီးမှာ အုန်းဆီစစ်စစ်ပါးပါးလေးလိမ်းလိုက်ခြင်းဟာ သင့်အသားအရည်အတွက်ကောင်းပါတယ်။ အုန်းဆီမှာ မှိုများ ဘတ်တီးရီးယားများကိုသတ်ပေးနိုင်စွမ်းရှိပြီး အလွယ်တကူလည်းစုတ်ယူလို့ရပါတယ်။

အုတ်ဂျုံနဲ့ သခွားသီး

အုတ်ဂျုံနဲ့သခွားသီးမှာ အသားအရေကိုအေးမြစေပြီး ချောမွေ့စေတဲ့အာနိသင်ရှိပါတယ်။ သခွားသီးကိုခြစ်၊ အုတ်ဂျုံမှုန့်နဲ့ရောကာ ရေခဲသေတ္တာထဲခဏထည့်ထားပါ၊ ထို့နောက် အရေပြားပေါ်မှာ ၁၀မိနစ် ၁၅မိနစ်လောက် လိမ်းထားနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pregnancy Acne: 6 All-Natural Treatments. http://www.healthline.com/health/pregnancy/acne-remedies

Accessed April 17, 2017.

ယခုပုံစံ

21/09/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement