ဘေဘီလေးတစ်ယောက်ရဲ့ ရှင်သန်မှုလက္ခဏာက ဘာများဖြစ်မလဲ။ ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ က လူကြီးတွေလိုပါပဲ နှလုံးခုန်နှုန်းပေါ့။ ကလေးလေးက နှလုံးခုန်ရုံတင် မကသေးပါဘူး။ မွေးရာပါ နှလုံးရောဂါတွေ ပါမလာဖို့လည်း လိုပါသေးတယ်။ ဒီတော့ ဘေဘီလေးရဲ့ နှလုံးဘယ်လို ဖွံ့ဖြိုးလာသလဲ။ မွေးရာပါချို့ယွင်းချက်တွေ မပါအောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာကြည့်ရအောင်။
ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ
ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ ဖြစ်တဲ့ နှလုံးလေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို လေ့လာလိုက်ရအောင်နော်။
ဘေဘီလေး ဘယ်အချိန်မှာ နှလုံးစဖွံ့ဖြိုးတာလဲ………
ဘေဘီလေးရဲ့နှလုံးက သန္ဓေအောင်ပြီး ရက်အနည်းငယ်အကြာမှာ စတင်ဖွံ့ဖြိုးလာတာပါ။ ကိုယ်ဝန်၅ပတ်ကနေ ၁၀ပတ်လောက်ထိ ဆက်တိုက်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။ စစချင်းမှာ ပြွန်ပုံစံမျိုးလေးအနေနဲ့ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီကနေမှ တဖြည်းဖြည်းချင်း အကန့်လေးတွေပါတဲ့ နှလုံးအဖြစ် ဖွံ့ဖြိုးလာတာပါ။
ဒါကြောင့် ကိုယ်ဝန်ပထမ ၃လပတ် (ကိုယ်ဝန် ၁၂ပတ်)အထိ မေမေတွေကို အစစအရာရာ သတိထားဖို့ ပြောတာပါ။ ဒီအချိန်လေးမှာ တစ်ခုခုလွဲမှားသွားရင် ကလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်နိုင်လို့ပါ။
ဘေဘီလေးဘယ်အချိန်မှာ နှလုံးစခုန်မလဲ………..
ဘေဘီလေးမှာ ပုံမှန်ရှိနေသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲ…..
ဘေဘီလေး နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ အချက်တွေက ဘာတွေများလဲ………
ဗိုက်ထဲက ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ဒီအချက်တွေက ထိခိုက်စေနိုင်ပါတယ်။
- ခရိုမိုဆုန်းဆိုင်ရာ မူမမှန်မှု
- မွေးရာပါချို့ယွင်းချက်ရှိတာ
- မေမေက ဆီးချိုရှိနေတာ
- ကိုယ်ဝန်ဆောင်ချိန်မှာ ဂျာမန်ဝက်သက်ဖြစ်တာ
- အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေ သုံးစွဲတာ
- ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
- နှလုံးရောဂါခံစားနေရတာတွေကြောင့် ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
မွေးရာပါနှလုံးထိခိုက်နိုင်ခြေက ဖြစ်နိုင်ခြေတော်တော်လေးတော့ နည်းပါတယ်။ အယောက် ၁၀၀၀ မှာ ၈ ယောက်လောက်ပဲဖြစ်တတ်တာပါ။
ဘေဘီလေးနှလုံးဖွံ့ဖြိုးစေဖို့ ဘာတွေဂရုစိုက်ရမလဲ…..
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဘေဘီလေးရဲ့ နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ မေမေက အာဟာရတွေ ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဘေဘီလေး နှလုံးအကောင်းဆုံးဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေကျန်းမာစေဖို့အတွက်
- omega-3 fatty acids
- ဖောလစ်အက်ဆစ်
- သံဓာတ်
- ကယ်လ်ဆီယမ်
- ဗီတာမင် D
- DHA
- အိုင်အိုဒင်းတို့
- သီရာမင်း
- ကော့ပါး တို့ ကြွယ်ဝတာတွေ စားပေးဖို့လိုပါတယ်။
ဥပမာ ပြောရရင် ထမင်း၊ ဂျုံ၊ အစိမ်းရောင်အသီးအရွက်တွေ၊ အဆီမပါတဲ့ အသားတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ပင်လယ်ငါး၊ သီဟိုဠ်စေ့၊ ပဲနဲ့ oatmeal တွေကို မျှတအောင် စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်ကနေစလို့ မွေးဖွားတဲ့အချိန်အထိ ဒီအာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။
ဒါတွေအပြင်
- ကိုယ်ဝန်ဆောင် မိခင်က ဆေးလိပ်သောက်တာရော၊ ဆေးလိပ်ငွေ့ရှူတာရော ရှောင်ကြဉ်သင့်ပါတယ်။ ဆေးလိပ်ငွေ့နဲ့ မွေးရာပါနှလုံးချို့ယွင်းချက်ပါတာ ဆက်စပ်နေတယ်ဆိုတာကို သက်သေပြထားတဲ့ စာတမ်းတွေလည်း အများကြီး ရှိပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်မယ်ဆိုရင် ဆရာဝန်နဲ့ အမြဲတိုင်ပင်ပါ။ အထူးသဖြင့် သွေးကျဆေး ACEIs၊ ဝက်ခြံဆေး isotretinoin၊ စိတ်ရောဂါကုဆေး lithiumနဲ့ သွေးမခဲဆေး warfarin တို့က မွေးရာပါနှလုံးချို့ယွင်းချက်တွေကို ဖြစ်စေနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချိုရှိရင်လည်း သေချာထိန်းပါ။ ဆီးချိုသေချာမထိန်းလို့ သွေးတွင်းသကြားဓာတ်တွေ တက်လွန်းရင်လည်း ကလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
- အရက်မသောက်ပါနဲ့။ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်တာက မွေးရာပါနှလုံးရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချလက်ချသောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။
- ဂျိုက်သိုး (ဂျာမန်ဝက်သက်) ကာကွယ်ဆေး မထိုးရသေးခင် ကိုယ်ဝန်မဆောင်ခင်မှာ အပြီးထိုးထားပါ။ ထိုးထားပြီးသားသူကလည်း ခုခံအားပမာဏကို စစ်ဆေးပြီး လိုရင် ထပ်ထိုးပါ။ ပိုးအရှင်ပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ မထိုးသင့်ပါဘူး။
- မိသားစုထဲမှာ မွေးရာပါ နှလုံးရောဂါရှိတဲ့သူရှိရင် ဆရာဝန်ကို ကြိုပြောပြပါ။ ဒါမှ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပေးနိုင်မှာပါ။
[embed-health-tool-due-date]