backup og meta

ကလေးကြီးထွားဖွံ့ဖြိုးဖို့ ပရိုတင်းအာဟာရရဲ့ အရေးပါပုံ

ကလေးကြီးထွားဖွံ့ဖြိုးဖို့ ပရိုတင်းအာဟာရရဲ့ အရေးပါပုံ

ကျန်းမာရေးနဲ့ အစာအာဟာရဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ နေ့စဉ် အသက်ရှင်သန်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေကို နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကနေ အဓိက ရရှိပါတယ်။

လက်ရှိအချိန် ကမ္ဘာအနှံ့မှာ ကလေးတွေ အစာအာဟာရမမျှတမှုကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုအပိုင်းမှာ ဖြစ်ပါတယ်။ ကလေးအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ၊ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိမှကြီးထွားဖွံ့ဖြိုးပြီး ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် စုံလင်ပြီး အချိုးကျ ပြည့်စုံတဲ့ အာဟာရဓာတ်တွေကို နေ့စဉ်ဂရုတစိုက်ကျွေးမွေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ပရိုတင်းဓာတ်က သူတို့လေးတွေအတွက် နေ့စဉ်လိုအပ်ပါတယ်။

ကလေးကြီးထွားမှုအတွက် ပရိုတင်းဓါတ်ကို ဘာကြောင့် လိုအပ်တာလဲ။

၁။ ကလေးကြီးထွားဖွံ့ဖြိုးဖို့၊ အရိုးအဆစ်တွေ သန်စွမ်းကြံ့ခိုင်စေဖို့၊ ကြွက်သားဆုံးရှုံးမှုကနေ ကာကွယ်ပေးဖို့ ပရိုတင်းဓာတ်ကို မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးထွားဖို့အတွက်အားယူဖွံ့ဖြိုးနေစဉ်မှာ ပရိုတင်းဓာတ်က ပမာဏများများနဲ့နေ့စဉ်လိုအပ်ပါတယ်။

၂။ ပရိုတင်းဓါတ်ဟာ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေဖို့ ကူညီပေးတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကိုလည်း ပြန်လည်ဖြည့်တင်းပေးတယ်။

၃။ ဦးနှောက်ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ထက်မြက်စေလို့ အတန်းထဲမှာ စာကောင်းကောင်းလိုက်နိုင်စေတယ်။ အမြင်အာရုံကောင်းစေတယ်။

၄။ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်အောင် တည်ဆောက်ပေးလို့ ရောဂါတွေအလွယ်တကူ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပရိုတင်းဓာတ်ချို့တဲ့တဲ့ကလေးတွေမှာဆိုရင် မကြာခဏဆိုသလို ဖျားနာတာတွေဖြစ်တတ်ပါတယ်။

၅။ ထိခိုက်ဒဏ်ရာတွေဖြစ်ရင် အနာကျက်မြန်စေနိုင်တယ်။ နေမကောင်းတာ ဖျားနာတွေဆိုရင်လည်း အမြန်အဆန် ပြန်လည်သက်သာဖို့ အကူအညီပေးတယ်။

ကလေးတွေမှာ ပရိုတင်းအာဟာရဓာတ်ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာ ရှိတဲ့ ကလေးအများစုဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားမစားတာ၊ အစာအာဟာရမျှတစွာ မစားသုံးတာကြောင့် ကိုယ်ခန္ဓာက နေ့စဉ် လိုအပ်သလောက် ပရိုတင်းအာဟာရတွေ မရရှိပါဘူး။ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာအနှံ့ ပရိုတင်းဓာတ်ချို့တဲ့နေတဲ့ ကလေးဦးရေဟာ နှစ်စဉ် များသထက် များလာနေပါတယ်။

ပရိုတင်းဓာတ် ချို့တဲ့နေတဲ့ ကလေးတွေဟာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင်

  • ပိန်လွန်း၊ ဝလွန်းနေတာ (ဝလွန်းတာကလည်း ချို့တဲ့မှုဖြစ်နေနိုင်ပါတယ်။ တချို့မိဘတွေ ကလေးဝနေရင် ကျန်းမာတယ်လို့ ထင်တတ်ကြတာ မှားပါတယ်)
  • ကိုယ်အလေးချိန်နဲ့ ကြီးထွားဖွံ့ဖြိုးမှုရပ်တန့်သွားတာ
  • အတန်းထဲမှာလည်း စာကို အာရုံစိုက်ပြီး မလေ့လာနိုင်တာ
  • အမြင်အာရုံချို့တဲ့တာ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတာ
  • ကိုယ်ခံအားနည်းပြီး မကြာခဏဖျားနိုင်တာ
  • အရိုးအဆစ်တွေ ကျိုးပဲ့ထိခိုက်လွယ်နိုင်တာ
  • ရောဂါအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်လာဖို့ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေမှာ အာဟာရချိုတဲ့မှုနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ စားသောက်နေထိုင်မှုပုံစံကို မိဘတွေအနေနဲ့ ဂရုစိုက်ပြီး ပြင်ဆင်ပေးဖို့ အရေးကြီးပါတယ်။

ကလေးတွေအတွက် ပရိုတင်းအာဟာရ ဘယ်လောက်လိုအပ်လဲ။

ခန္ဓာကိုယ်ဟာ ပရိုတင်းဓာတ်ကို မသိမ်းဆည်းထားနိုင်တဲ့အတွက် ကြီးထွားနေဆဲအရွယ် ကလေးတွေမှာ လူကြီးတွေထက် ပရိုတင်းပမာဏ ပိုပြီးလိုအပ်ပါတယ်။

အသက်အရွယ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏ ပြောင်းလဲသွားနိုင်ပါတယ်။

ယောက်ျားလေးတွေအတွက် ပျမ်းမျှအားဖြင့်

  • အသက် ၆ လ မှ ၃ နှစ်အတွင်း = တစ်ရက်လျှင် ၁၀-၁၃ ဂရမ်
  • အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၁၇ ဂရမ်
  • အသက် ၇ နှစ် မှ ၁၀ နှစ်အတွင်း = တစ်ရက်လျှင် ၂၆ ဂရမ်
  • အသက် ၁၁ နှစ် မှ ၁၄ နှစ်အတွင်း = တစ်ရက်လျှင် ၄၀ ဂရမ်
  • အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၅၈ ဂရမ် ပရိုတင်းပမာဏ လိုအပ်ပါတယ်။

မိန်းကလေးတွေအတွက် ပျမ်းမျှအားဖြင့် လိုအပ်တဲ့ ပရိုတင်းပမာဏကတော့

  • အသက် ၆ လ မှ ၃ နှစ်အတွင်း = တစ်ရက်လျှင် ၉-၁၃ ဂရမ်
  • အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၁၆ ဂရမ်
  • အသက် ၇ နှစ် မှ ၁၀ နှစ်အတွင်း = တစ်ရက်လျှင် ၂၆ ဂရမ်
  • အသက် ၁၁ နှစ် မှ ၁၄ နှစ်အတွင်း = တစ်ရက်လျှင် ၄၁ ဂရမ်
  • အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၄၇ ဂရမ် ဖြစ်ပါတယ်။

ပရိုတင်းဓာတ်ကို အဓိကရရှိနိုင်တဲ့ အစားအစာတွေ

အမိုင်နိုအက်ဆစ် ပေါကြွယ်ဝပြီး အရည်အသွေးမြင့် ပရိုတင်းဓာတ် ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးမှ ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို ကောင်းကောင်း အထောက်အကူပေးနိုင်မှာပါ။

ပရိုတင်းဓာတ်ကို တိရစ္ဆာန်ထွက်ပစ္စည်း နဲ့ ပဲအမျိုးမျိုး၊ ထမင်း၊ ပြောင်းဖူးကနေ ရရှိနိုင်ပါတယ်။ တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာဆိုရင် အဓိကအားဖြင့် ကြက်သားကနေ ပရိုတင်းပမာဏ အများဆုံး ရရှိပြီး ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသား၊ ငါးတွေကနေလည်း မတူညီတဲ့ ပရိုတင်းဓာတ်တွေ ရရှိနိုင်ပါတယ်။

ပရိုတင်းဓာတ်တွေ ရတယ်ဆိုတိုင်းလည်း ကိုယ်ခန္ဓါအတွက် ကောင်းကျိုးဖြစ်စေတဲ့ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ပရိုတင်းရတယ်ဆိုပေမယ့်လည်း ရရှိတဲ့ပရိုတင်းရဲ့ ဂုဏ်သတ္တိ၊ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်မှု၊ စုပ်ယူနိုင်မှုအားကောင်းမကောင်းတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ကလေးကို အကောင်းဆုံးတွေပဲ ပေးချင်တဲ့မိဘတွေအတွက် မြင့်မားတဲ့ပရိုတင်းပါဝင်မှုနဲ့ အရည်အသွေးမြင့်ပရိုတင်းကို ကျွေးမွေးဖို့ဆိုရင်တော့ BRAND’S ကထုတ်လုပ်တဲ့ NutriChamp အရည်အသွေးမြင့်ကြက်သားမှုန့်ကို ဖျော်ပြီးတိုက်ကျွေးလို့ရပါတယ်။

ဒါကို အကြံပြုရခြင်းက သူ့မှာဆိုရင် အရည်အသွေးမြင့်ပရိုတင်းဓါတ်တင်မကဘဲ ကလေးတွေကြီးထွားဖွံ့ဖြိုးတဲ့အခါမှာ အရေးပါတဲ့ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓာတ် ၁၈ မျိုးလည်းပါဝင်လို့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူအများကြီးပြုစေနိုင်ပါတယ်။ မရှိမဖြစ် အရေးပါတဲ့အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပြီး PDCAAS အဆင့် ၁ ရှိတဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်ဖြစ်လို့ ကိုယ်ခန္ဓာအတွက်လည်း စုပ်ယူမှုအားကောင်းပြီး အပြည့်အဝအကျိုးသက်ရောက်မှုရှိတာက သူ့ရဲ့အားသာချက်ဖြစ်ပါတယ်။ တခြားကြက်သားမှုန့်တွေလိုလည်း သကြား၊ အချိုမှုန့်တွေ ထည့်မထားတော့ ကလေးကျန်းမာရေးအတွက် ပူစရာမလိုတော့ဘူးနော်။ အမှုန့်ကိုအရည်ဖျော်ပြီး အလွယ်တကူ ကျွေးလို့ရတော့ မေမေတွေလည်း အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး အလုပ်မရှု့ပ်တော့ဘူးပေါ့။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Is Protein Important For Kids – https://www.webmd.com/food-recipes/protein?fbclid=IwAR1ARZsWN7QnwSnOldWu_CprHyKhWv9Fp6oX3nZsBR2BmnehYTZySpNhzw4(Feb 27, 2019)

Symptoms Of Protein Deficiency in Children – https://www.healthline.com/nutrition/protein-deficiency-symptoms(Feb 27, 2019)

ယခုပုံစံ

18/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးက ပိန်ပြီး ညှက်နေလို့ မေမေတွေ စိတ်ညစ်နေရပြီလား

ပရိုတင်း နဲ့ အရိုးကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement