- ပိန်လွန်း၊ ဝလွန်းနေတာ (ဝလွန်းတာကလည်း ချို့တဲ့မှုဖြစ်နေနိုင်ပါတယ်။ တချို့မိဘတွေ ကလေးဝနေရင် ကျန်းမာတယ်လို့ ထင်တတ်ကြတာ မှားပါတယ်)
- ကိုယ်အလေးချိန်နဲ့ ကြီးထွားဖွံ့ဖြိုးမှုရပ်တန့်သွားတာ
- အတန်းထဲမှာလည်း စာကို အာရုံစိုက်ပြီး မလေ့လာနိုင်တာ
- အမြင်အာရုံချို့တဲ့တာ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတာ
- ကိုယ်ခံအားနည်းပြီး မကြာခဏဖျားနိုင်တာ
- အရိုးအဆစ်တွေ ကျိုးပဲ့ထိခိုက်လွယ်နိုင်တာ
- ရောဂါအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်လာဖို့ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။
ဒါကြောင့် ကလေးတွေမှာ အာဟာရချိုတဲ့မှုနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ စားသောက်နေထိုင်မှုပုံစံကို မိဘတွေအနေနဲ့ ဂရုစိုက်ပြီး ပြင်ဆင်ပေးဖို့ အရေးကြီးပါတယ်။
ကလေးတွေအတွက် ပရိုတင်းအာဟာရ ဘယ်လောက်လိုအပ်လဲ။
ခန္ဓာကိုယ်ဟာ ပရိုတင်းဓာတ်ကို မသိမ်းဆည်းထားနိုင်တဲ့အတွက် ကြီးထွားနေဆဲအရွယ် ကလေးတွေမှာ လူကြီးတွေထက် ပရိုတင်းပမာဏ ပိုပြီးလိုအပ်ပါတယ်။
အသက်အရွယ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏ ပြောင်းလဲသွားနိုင်ပါတယ်။
ယောက်ျားလေးတွေအတွက် ပျမ်းမျှအားဖြင့်
- အသက် ၆ လ မှ ၃ နှစ်အတွင်း = တစ်ရက်လျှင် ၁၀-၁၃ ဂရမ်
- အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၁၇ ဂရမ်
- အသက် ၇ နှစ် မှ ၁၀ နှစ်အတွင်း = တစ်ရက်လျှင် ၂၆ ဂရမ်
- အသက် ၁၁ နှစ် မှ ၁၄ နှစ်အတွင်း = တစ်ရက်လျှင် ၄၀ ဂရမ်
- အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၅၈ ဂရမ် ပရိုတင်းပမာဏ လိုအပ်ပါတယ်။
မိန်းကလေးတွေအတွက် ပျမ်းမျှအားဖြင့် လိုအပ်တဲ့ ပရိုတင်းပမာဏကတော့
- အသက် ၆ လ မှ ၃ နှစ်အတွင်း = တစ်ရက်လျှင် ၉-၁၃ ဂရမ်
- အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၁၆ ဂရမ်
- အသက် ၇ နှစ် မှ ၁၀ နှစ်အတွင်း = တစ်ရက်လျှင် ၂၆ ဂရမ်
- အသက် ၁၁ နှစ် မှ ၁၄ နှစ်အတွင်း = တစ်ရက်လျှင် ၄၁ ဂရမ်
- အသက် ၄ နှစ် မှ ၆ နှစ်အတွင်း = တစ်ရက်လျှင် ၄၇ ဂရမ် ဖြစ်ပါတယ်။
ပရိုတင်းဓာတ်ကို အဓိကရရှိနိုင်တဲ့ အစားအစာတွေ
အမိုင်နိုအက်ဆစ် ပေါကြွယ်ဝပြီး အရည်အသွေးမြင့် ပရိုတင်းဓာတ် ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးမှ ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို ကောင်းကောင်း အထောက်အကူပေးနိုင်မှာပါ။
ပရိုတင်းဓာတ်ကို တိရစ္ဆာန်ထွက်ပစ္စည်း နဲ့ ပဲအမျိုးမျိုး၊ ထမင်း၊ ပြောင်းဖူးကနေ ရရှိနိုင်ပါတယ်။ တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာဆိုရင် အဓိကအားဖြင့် ကြက်သားကနေ ပရိုတင်းပမာဏ အများဆုံး ရရှိပြီး ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသား၊ ငါးတွေကနေလည်း မတူညီတဲ့ ပရိုတင်းဓာတ်တွေ ရရှိနိုင်ပါတယ်။
ပရိုတင်းဓာတ်တွေ ရတယ်ဆိုတိုင်းလည်း ကိုယ်ခန္ဓါအတွက် ကောင်းကျိုးဖြစ်စေတဲ့ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ပရိုတင်းရတယ်ဆိုပေမယ့်လည်း ရရှိတဲ့ပရိုတင်းရဲ့ ဂုဏ်သတ္တိ၊ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်မှု၊ စုပ်ယူနိုင်မှုအားကောင်းမကောင်းတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ကလေးကို အကောင်းဆုံးတွေပဲ ပေးချင်တဲ့မိဘတွေအတွက် မြင့်မားတဲ့ပရိုတင်းပါဝင်မှုနဲ့ အရည်အသွေးမြင့်ပရိုတင်းကို ကျွေးမွေးဖို့ဆိုရင်တော့ BRAND’S ကထုတ်လုပ်တဲ့ NutriChamp အရည်အသွေးမြင့်ကြက်သားမှုန့်ကို ဖျော်ပြီးတိုက်ကျွေးလို့ရပါတယ်။
ဒါကို အကြံပြုရခြင်းက သူ့မှာဆိုရင် အရည်အသွေးမြင့်ပရိုတင်းဓါတ်တင်မကဘဲ ကလေးတွေကြီးထွားဖွံ့ဖြိုးတဲ့အခါမှာ အရေးပါတဲ့ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓာတ် ၁၈ မျိုးလည်းပါဝင်လို့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူအများကြီးပြုစေနိုင်ပါတယ်။ မရှိမဖြစ် အရေးပါတဲ့အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပြီး PDCAAS အဆင့် ၁ ရှိတဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်ဖြစ်လို့ ကိုယ်ခန္ဓာအတွက်လည်း စုပ်ယူမှုအားကောင်းပြီး အပြည့်အဝအကျိုးသက်ရောက်မှုရှိတာက သူ့ရဲ့အားသာချက်ဖြစ်ပါတယ်။ တခြားကြက်သားမှုန့်တွေလိုလည်း သကြား၊ အချိုမှုန့်တွေ ထည့်မထားတော့ ကလေးကျန်းမာရေးအတွက် ပူစရာမလိုတော့ဘူးနော်။ အမှုန့်ကိုအရည်ဖျော်ပြီး အလွယ်တကူ ကျွေးလို့ရတော့ မေမေတွေလည်း အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး အလုပ်မရှု့ပ်တော့ဘူးပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။