လိမ်ရတဲ့ အကြောင်းရင်းကို ရှာပါ။
လိမ်တာကိုပဲ အပြစ်တင်နေမယ့်အစား လိမ်တဲ့အကြောင်းရင်းကို ရှာပြီး ဖြေရှင်းတာက အလုပ်ဖြစ်ပါတယ်။ ကလေးတွေ လိမ်တဲ့အကြောင်းရင်း များများစားစား မရှိပါဘူး။ ပျော်ချင်လို့၊ ဂရုစိုက်ခံချင်လို့၊ အပြစ်ပေးတာ မခံချင်လို့ ဒီလောက်ပါပဲ။ အကြောင်းရင်းကို သိရင် ရှင်းလို့ရပါတယ်။
-ပျော်ချင်လို့ (စိတ်ကူးယဉ်တာ)
ကလေးတွေက တစ်ခါတစ်လေ စိတ်ကူးယဉ်ပြီး ဇာတ်လမ်းလေးတွေ ပြောတတ်ကြပါတယ်။ ဥပမာ မေမေ သမီးမနေ့က လပေါ်ရောက်သွားတယ်ဆို့ ဘာတို့ပေါ့။ ဒါဆိုရင် ရိုးရိုးလေးပဲ ပြန်မေးလိုက်ပါ။ သမီးတကယ်သွားခဲ့တာလား။ သွားချင်တာလားလို့ပေါ့။ ကလေးတွေက တကယ်ဖြစ်တာနဲ့ ဖြစ်ချင်တာနဲ့ကိုတော့ ကွဲကွဲပြားပြား သိပါတယ်။ တကယ်လို့ ကလေးက ဆက်ပြီး ဒါမျိုးတွေ ပြောနေတယ်ဆိုရင်လည်း မသိချင်ယောင်ဆောင်ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် လူတွေက စိတ်ကူးယဉ်ဇာတ်လမ်းမှန်း သိကြတာပဲ။ ဘာမှ မထိခိုက်နိုင်ပါဘူး။
–ဂရုစိုက်ခံချင်တာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့ ကလေးတွေ၊ မိဘဂရုစိုက်တာ လိုချင်တဲ့ ကလေးတွေက လိမ်တတ်ကြပါတယ်။ ဒါမှ သူတို့ကို လူတွေက စကားပြောမှာ၊ သူတို့ကို အရာသွင်းမှာလို့ ယူဆထားကြလို့ပါ။
–အပြစ်ပေးမခံချင်တာ
တစ်ခါတစ်လေ ကလေးတွေက ဆူခံ၊ ရိုက်ခံရမှာစိုးလို့ လိမ်တတ်ကြပါတယ်။ ဒီလိုလိမ်လိုက်လို့ ပြဿနာက ပြီးမသွားဘူးဆိုတာ အစကတည်းက ရှင်းပြထားပါ။ ပြန်စစ်ရင် သိနိုင်တယ်ဆိုတဲ့ အကြောင်းကို ပြောထားပါ။ နောက်တစ်ခုက သူတို့ လုပ်ချင်တာ လုပ်ရဖို့၊ မလုပ်ချင်တာ မလုပ်ရဖို့ လိမ်တတ်ကြပါသေးတယ်။ ဥပမာ အိမ်စာ မလုပ်ချင်လို့ ဗိုက်နာတယ်ပြောပြီး အိမ်သာထဲ သွားထိုင်နေတာမျိုး၊ တီဗီကြည့်ချင်လို့ အိမ်စာပြီးပြီလို့ လိမ်ပြောတာမျိုးပေါ့။
သတိပေးပါ။
လိမ်တာ မိသွားရင် သူလိမ်တာကို သင်သိနိုင်တဲ့အကြောင်း သတိပေးပါ။ ဥပမာ သားအမှန်ပြောတာကို လိုချင်တယ်၊ နောက်မှ မေမေသိသွားရင် အပြစ်ပိုကြီးသွားမယ်ဆိုတာမျိုးပေါ့။ လိမ်ရင် ဘာဖြစ်နိုင်မလဲဆိုတာ ကြိုပြောပြထားပါ။ ကလေးကို ဆူမယ့် ရိုက်မယ့်အစား သူဘာလို့ အမှန်ပြောသင့်လဲဆိုတာ ရှင်းပြပေးပါ။ သူအမှန်ကို ရဲရဲဝင့်ဝင့် ပြောနိုင်ဖို့ ကူညီပေးပါ။ သင်က အစကတည်းက ဆူပူအော်ဟစ်နေရင် ကလေးက ပိုကြောက်ပြီး ပိုလိမ်နေမှာပါ။
အပြစ်ပေးပါ။
ဆူပူရိုက်နှက်ဖို့ ပြောတာ မဟုတ်ပါဘူး။ အိမ်အလုပ်တွေ ဝိုင်းကူခိုင်းတာမျိုး၊ အဝတ်တွေ ခေါက်ခိုင်းတာမျိုးပေါ့။ လိမ်ရင် ဒီအပြစ်တွေရမယ်ဆိုတာ အစကတည်းက ပြောပြထားရင် ပိုကောင်းပါတယ်။ ပြီးတော့ မျှတတဲ့ အပြစ်တွေပဲ ဖြစ်ပါစေ။ ပြင်းထန်လွန်းတဲ့ အပြစ်တွေကြောင့် နောက်တစ်ခါ ကလေးက လိမ်ဖို့ အကြောင်းရင်း ရသွားပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။