backup og meta

မူကြိုအရွယ်တွင် လုံလောက်စွာ မအိပ်စက်ခြင်း၏ အကျိုးဆက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Ye Kyaw Hlaing မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူကြိုအရွယ်တွင် လုံလောက်စွာ မအိပ်စက်ခြင်း၏ အကျိုးဆက်များ

    မူကြိုအရွယ် ဆိုသည်မှာ ကလေးငယ်များ မူလတန်း ကျောင်းတွင် အတန်းပညာ မတက်မီ အသက် ၃နှစ်မှ ၅နှစ် အရွယ်ကို ခေါ်ပါသည်။ ယေဘုယျအားဖြင့် မူကြိုကလေး များသည် ၁၁ နာရီမှ ၁၃နာရီအထိ အိပ်စက်ရန် လိုအပ်သည်။ ထိုအသက်အရွယ်တွင် လုံလောက်စွာ မအိပ်ခြင်းသည် ပြဿ နာတစ်ခု ဖြစ်ပြီး ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေသည်။ အခုတစ်ခေါက်မှာတော့ မူကြိုအရွယ်တွင် လုံလောက်စွာ မအိပ်စက်ခြင်း၏ အကျိုးဆက်များ အကြောင်းကို ပြောပြပေးချင်ပါတယ်။

    မူကြိုကလေးများတွင် အိပ်ရေးပျက်ခြင်း၏ လက္ခဏာများ

    အဖြစ်အများဆုံး လက္ခဏာများမှာ မနက်တွင် အိပ်ယာ ထရန် ခက်ခဲခြင်း၊ နေ့ဘက်တွင် အာရုံမစိုက်နိုင်ဘဲ ဆက်တိုက် အိပ်နေခြင်းတို့ ဖြစ်သည်။ ကလေးများတွင် အိပ်ရေးပျက်ခြင်း ၏ အခြားလက္ခဏာတစ်ခုမှာ အာရုံစိုက်မှုမရသော အလွန် တက်ကြွသောရောဂါ (Attention deficit hyperactivity disorder) နှင့်ဆက်စပ်ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် El Sheikh နှင့် Buckhalt သည် မူကြိုကလေးများတွင် အိပ်ရေး ပျက်ခြင်းကို သုတေသနလုပ်ခဲ့ရာ အိပ်စက်မှုရောဂါများသည် စိတ်ခံစားမှု အလွန်များခြင်းနှင့် ဆိုင်သည်ဟု ဆိုသည်။

    ကလေး များ၏ အိပ်စက်မှုကို လက်ကောက်ဝတ် actigraphs နှင့် မိဘ များ၏ ပြောပြမှုဖြင့် စောင့်ကြည့်ပြီးနောက် ပြင်းထန်သော စိတ်တုန်လှုပ်မှုရှိသော ကလေးများသည် အိပ်ရေးပျက်မှု အများဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အိပ်ရေးပျက်နေသော မူကြိုအရွယ် ကလေးများကို သတိထားမိရန် လွယ်ကူသော်လည်း မိဘ များသည် သိရှိရန် ခက်ခဲနိုင်သည်။ ထိုအခါ အိပ်စက်မှု ရောဂါရှိသော ကလေးများသည် ရောဂါအဖြေရှာစစ်ဆေးမှု မရရှိပါ။

    မူကြိုအရွယ်တွင် လုံလောက်စွာ မအိပ်စက်ခြင်း၏ အကျိုးဆက်များ

    မူကြိုအရွယ်တွင် လုံလောက်စွာ မအိပ်စက်ခြင်း၏ အကျိုးဆက်များ ကတော့ –

    • ဟောက်ခြင်း

    ဟောက်ခြင်းသည် အိပ်စက်နေစဉ် ရုတ်တရက် အသက်ရှူရပ်ခြင်းကို ဖြစ်စေနိုင်သည်။ အိပ်စက်ခြင်းမှ နိုးထရန်လည်း ခက်ခဲစေသည်။ အန္တရာယ် အရှိဆုံးမှာ ဟောက်ခြင်းသည် သွေးပေါင်ချိန်တက်စေပြီး နှလုံးအရွယ် အစားကို ကြီးစေနိုင်သည်။ ထိုအခြေအနေများသည် အချိန်မီ မကုသပါက အသက်အန္တရာယ် ထိခိုက်စေနိုင်သည်။

    • အိပ်မပျော်ခြင်း

    အခြား အသက်အန္တရာယ်စိုးရိမ်ရသော အကျိုးဆက်တစ်ခု မှာ အိပ်မပျော်ခြင်းဖြစ်သည်။ ၎င်းသည် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး လေဖြတ်ခြင်း၊ ရင်ကြပ်ခြင်းကို ဖြစ်စေနိုင် သည်။ စိတ်ပိုင်းဆိုင်ရာ အရကြည့်လျှင် အိပ်မပျော်ခြင်းသည် စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးခြင်းကို ဖြစ်စေသည်။

    • အိပ်မက်ဆိုးမက်ခြင်းနှင့် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း

    အိပ်မပျော်ခြင်းကြောင့် သင့်ကလေးသည် ည အလယ်တွင် အိပ်မက်ထဲမှ အရာများကို ကြောက်လန့်ပြီး နိုးထနိုင်သည်။ အိပ်မက်ဆိုးများ ဆက်လက် ဖြစ်ပေါ်ပါက ထိုအချိန်မှစပြီး ပြန်အိပ်ရန် ကြောက်လန့်လာမည်။ အန္တရာယ် ဖြစ်နိုင်သော အခြားအချက်မှာ အိပ်ပျော်နေစဉ် လမ်းထ လျှောက်ခြင်းဖြစ်သည်။ သူတို့သည် မိဘများ ရောက်ရှိပြီး ကာကွယ် မပေးနိုင်သော မမျှော်လင့်ထားသော အချိန်တွင် အန္တရာယ်ရှိသော အရာများကို လုပ်နိုင်သည်။

    • မှတ်ဉာဏ်ဆုံးရှုံးခြင်း

    အိပ်ရေးမဝခြင်းသည် မှတ်ဉာဏ်များကို ချို့ယွင်းစေနိုင် သည်။ ထို့ကြောင့် ကလေးများတွင် သင်ယူနိုင်မှုကို အားနည်း စေသည်။ ၎င်းသည် နောက်ပိုင်းတွင် ကလေး၏ သိမြင်နားလည်သော စွမ်းရည်ကို ထိခိုက်စေသောကြောင့် သတိထားသင့်သည်။

    လုံလောက်စွာ မအိပ်စက်ခြင်းကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။

    • ပုံမှန်လုပ်ငန်းစဉ် သတ်မှတ်ပါ။

    သင့်ကလေးသည် ပုံမှန်အချိန်ဇယားဖြင့် အိပ်စက်သင့် နိုးထသင့်သည်။ ထိုအချိန်ဇယားကို စနေ၊ တနင်္ဂနွေ သို့မဟုတ် အားလပ်ရက်များတွင်ပင် မပြောင်းလဲသင့်ပါ။ အိပ်ယာဝင်ချိန် ကို မိဘများကြိုက်နှစ်သက်သလို သတ်မှတ်သည်ထက် ကလေးများ တကယ် အိပ်စက်ရန် အဆင်သင့်ဖြစ်သော အချိန် ကို သတ်မှတ်ပါ။

  • သက်တောင့်သက်တာရှိသော အိပ်စက်စရာနေရာတစ်ခုကို ဖန်တီးပါ။
  • အိပ်ခန်းကို အေးချမ်းသောအရောင်ရှိသော ညမီးအိမ် ဖြင့် အလှဆင်ပါ။ အိပ်ယာဝင် ပုံပြင်များသည် ကလေးများ အိပ်ပျော်စေရန် တိုက်တွန်းအားပေးသည်။ သို့မဟုတ် ရေနွေး ဖြင့် ရေချိုးခြင်းသည်လည်း အကြံကောင်းတစ်ခု ဖြစ်သည်။

    • မီဒီယာများကို ခွင့်မပြုပါနှင့်။

    အိပ်ယာဝင်ချိန်တွင် တီဗွီ၊ ရေဒီယို၊ ကွန်ပျူတာဂိမ်းများ သို့မဟုတ် အင်တာနက်တို့ကို သုံးခွင့်မပြုသင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Ye Kyaw Hlaing မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement