backup og meta

သင့်ကလေး၏ မုန့်ပဲသရေစာ စားခြင်းနှင့်ပတ်သက်ပြီး သင်ဘာတွေသိသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး၏ မုန့်ပဲသရေစာ စားခြင်းနှင့်ပတ်သက်ပြီး သင်ဘာတွေသိသင့်သလဲ

    မုန့်ပဲသရေစာစာစားခြင်းသည် တစ်ကမ္ဘာလုံးရှိ ကလေးများတွင် တွေ့ရသော အဓိကအစားစားခြင်း အလေ့အထဖြစ်လာသည်။ ယနေ့ခေတ် ကလေးများသည် တစ်နေ့ထက်တစ်နေ့ မုန့်ပဲသရေစာ ပိုစားလာသည်။ သင်သိသင့်တာကတော့ ဤအလေ့အကျင့်သည် သင့်ကလေး၏ အစာစားချင်စိတ်ကို ပျက်စီးစေနိုင်ရုံသာမက ကလေးများတွင် အဝလွန်ခြင်းနှင့် အဝလွန်ခြင်းဆိုင်ရာပြဿနာများ ဖြစ်စေနိုင်သည်။

    ကျန်းမာရေးနှင့်ညီညွတ်သော မုန့်ပဲသရေစာစားခြင်း အလေ့အထများကို အာဟာရဆရာဝန်များမှ အောက်ပါအတိုင်း လမ်းညွှန်ပေးထားသည်။

    ၁။ ကလေး၏ သရေစာစားချိန်ကို အချိန်ဇယားသတ်မှတ်ထားပါ။

    မိဘအများစုသည်ကလေးများ ထမင်းစားပွဲတွင်ထိုင်၍ ထမင်းစားရန်ငြင်းဆိုကြခြင်းနှင့်ပတ်သက်ပြီး အလွန်စိတ်ဒုက္ခရောက်ရသည်။ ကလေး၏ အစာစားချင်စိတ်သည် တစ်နှစ်နှင့်တစ်နှစ်ပြောင်းလဲနိုင်သော်ငြားလည်း အဓိကအားဖြင့် အစာမစားချင်ဖြစ်ခြင်း၏ အဓိကအကြောင်းရင်းမှာ မုန့်ပဲသရေစာစားခြင်းကြောင့်ဖြစ်သည်။ မိဘအချို့သည် သူတို့၏ကလေးများကို ထမင်းစားချိန်မတိုင်ခင် ကွတ်ကီးများသကြားလုံးများစားခွင့်ပြုကြသည်။ ထို့ကြောင့် ထမင်းစားချိန်တွင် ထမင်းစားရတော့မည်ဆိုပါက အစာစားချင်စိတ်လျော့ပါးစေသည်။ သို့ဖြစ်၍ သရေစာများကို ထမင်းစားချိန်မတိုင်မီ အနည်းဆုံးတစ်နာရီလောက်အချိန်တွင် မကျွေးသင့်ပါ။ အကယ်၍ သင့်ကလေးသည် ထမင်းစားချိန်မတိုင်မီ ဗိုက်ဆာသည်ဆိုပါက အဓိကထမင်းစားချိန်ကိုသာ ရှေ့နည်းနည်းတိုး၍ကျွေးသင့်သည်။

    ၂။ ခရီးသွားစဉ်အတွင်း သရေစာမုန့်များယူဆောင်သွားပါ။

    ကားထဲတွင် အစာစားခြင်းသည် ကလေးများဗိုက်ဆာခြင်းကြောင့် ဂျီကျခြင်းများကို ကာကွယ်ပေးနိုင်သည်။ သို့သာ်လည်း လမ်းသွားနေစဉ် သရေစာစားခြင်းသည် အစားပေါ်တွင်အာရုံစိုက်ဖို့အတွက် ခက်ခဲစေသည်။ သို့ဖြစ်၍ ကလေး တကယ်ဗိုက်ဆာနေသလား ဗိုက်ပြည့်နေပြီလား သေချာလေ့လာပြီးမှကျွေးပါ။ ထိုသို့မဟုတ်ပါက ကလေးများသည် အစာကိုတဇွတ်ဇွတ်တောက်လျှောက်စားနေတတ်သည်။ ထိုပြဿနာကိုဖြေရှင်းရန်အတွက် မိဘများသည် သစ်သီးများသို့မဟုတ် ခရက်ကာများစသည်တို့ကိုလွယ်ကူသော ထုပ်ပိုးမှုဖြင့်ယူဆောင်သွားသင့်ပြီး ပမာဏအနည်းငယ်သာ ယူဆောင်သွားသင့်ပါသည်။ ကလေးများဗိုက်ဆာလျှင် ကျွေးနိုင်စေရန်ဖြစ်ပါသည်။ သင့်ကလေးများသရေစာများကိုသာ တစ်ချိန်လုံးစားခြင်းမှ ကာကွယ်နိုင်စေရန် အခြားစိတ်ဝင်စရာကောင်းသော အရုပ်များ၊ ဇာတ်ကားများ၊ သီချင်းများ၊ ဂိမ်းများနှင့် စာအုပ်များသယ်ဆောင်သွားသင့်ပါသည်။

    ၃။ သင့်ကလေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများဖန်တီးပေးပါ။

    အကယ်၍သင့်လျော်သောပမာဏတစ်ခုသာပေးမည်ဆိုပါက သရေစာစားခြင်းသည်လည်းအကျိုးရှိသောနည်းလမ်းများစွာရှိပါသည်။ ကလေးများသည် အစာစားရမည်ဆိုလျှင် ဂျီးများတတ်ကြသည်။ စားပွဲပေါ်တွင်ထိုင်ပြီး ထမင်းစားစေခြင်းသည် အတော်ပင်အားစိုက်ရသည့်အလုပ်တစ်ခုဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော သရေစာစားခြင်းသည် ထိုအခက်အခဲကိုဖြေရှင်းပေးနိုင်သည်။ သင့်ကလေးအား သစ်သီးများကို အပိုင်းပိုင်းလှီးထားသောသရေစာမျိုး၊ အသားညှပ်ပေါင်မုန့်၊ ပျားရည်၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းစသော သရေစာများကျွေးနိုင်ပါသည်။ သို့မဟုတ် သင်သည်အသားညှပ်ပေါင်မုန့်များကို ဂျမ်နှင့်ထောပတ်သုတ်ကာ ရေခဲသေတ္တာထဲတွင် ထိန်းသိမ်းထားနိုင်ပါသည်။ ထိုအခါတွင် သင့်ကလေးဗိုက်ဆာသောအခါတွင် အလွယ်တကူယူစားနိုင်ပါသည်။

    သရေစာစားခြင်းသည် အမြဲတမ်းမကောင်းသည်တော့မဟုတ်ပါ။ တစ်ခါတစ်လေတွင် ကလေးငယ်၏ ခန္ဓာကိုယ်တွက် လိုအပ်သော အာဟာရပေးစွမ်းနိုင်သည်။ အလားတူပင် ကျွန်ုပ်တို့သည် စွမ်းအင်ပမာဏပြည့်ဝသည့် အစားအစာများ ဥပမာ- အာလူးကြော်၊ သကြားလုံး၊ ကွတ်ကီများစသော သရေစာများကို မကြာခဏစားခြင်းသည် ကလေးဘဝတွင်ကိုယ်အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းတို့ဖြစ်ပွားနိုင်သည်ကိုလည်းသတိပြုသင့်ပါသည်။ သို့သော်လည်းသရေစာများ လုံးဝမစားခိုင်းခြင်းသည် ကောင်းသောအဖြေတစ်ခုမဟုတ်ပါ။ ကျွန်ုပ်တို့သည် သရေစာများ၏ ပမာဏကို ကန့်သတ်ပေးခြင်းအားဖြင့် ကလေး၏သရေစာစားခြင်းကို ထိန်းချုပ်နိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement