brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေက မိခင်ရဲ့ ကိုယ်ခံအားစနစ်မှာ ဘယ်လိုအသက်ရှင်လဲ

လူ့ခန္ဓါကိုယ်ဟာ အစိတ်အပိုင်းတွေ အစားထိုးခြင်းကို လက်မခံပါဘူး။ ဒါကြောင့် အစားထိုးဖို့လိုအပ်တဲ့သူတွေကိုတော့ Immunosupressants တွေကို ညွှန်းလေ့ရှိပါတယ်။ ဒါပေမဲ့ သန္ဓေသားကိုတော့ မိခင်ရဲ့ ခုခံအားစနစ်က မငြင်းဆန်ပါဘူး။

ကလေးတွေက မိခင်ရဲ့ ကိုယ်ခံအားစနစ်မှာ ဘယ်လိုအသက်ရှင်လဲ

ခန္ဓါကိုယ်က ဒီဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို သိရဖို့ လေ့လာမှုတွေလုပ်ခဲ့တာ အချိန်တွေလည်း အတော်ကြာခဲ့ပါပြီ။

NYU ဆေးကျောင်းရဲ့ လေ့လာချက်

NYU School of Medicin ရဲ့ ကျွမ်းကျင်သူတွေကတော့ ကာလကြာရှည် အဖြေရှာမရခဲ့တဲ့ ဖွံ့ဖြိုးဆဲသန္ဓေသားကို မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် ပြင်ပတစ်သျှူးလို့ မသတ်မှတ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို တစ်စိတ်တစ်ပိုင်းဖြေရှင်းနိုင်မယ့် အရေးကြီးတဲ့လေ့လာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။

လေ့လာသူတွေက သန္ဓေသားဖြစ်တည်မှုဟာ ခုခံအားစနစ်က ပြင်ပတစ်သျှူးအဖြစ်တိုက်ခိုက်လာနိုင်မယ့်လမ်းကြောင်းကို ပိတ်ပစ်လိုက်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ခုခံစနစ်ရဲ့ဆဲလ်တွေက ဒီသန္ဓေအောင်တဲ့ဖြစ်စဉ်ဘက်ကိုမလှည့်တော့ဘဲ ဖွံ့ဖြိုးနေတဲ့သန္ဓေသားကို မထိခိုက်စေတော့ပါဘူး။

မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် သန္ဓေသားကို မငြင်းဆန်တာလဲ။

ခန္ဓါကိုယ်ရဲ့ သဘာဝခုခံအားစနစ်ဟာ ပြင်ပတစ်သျှူးတွေနဲ့ pathogensတွေ အစားထိုးဝင်ရောက်လာခြင်းကို chemokines တွေက တားဆီးပေးပါတယ်။ Chemokines တွေဟာခုခံဆဲလ် (Immune cells) တွေကိုသုံးပြီး (T cells တွေကိုနှိုးဆွခြင်းပါ အပါအဝင်) တစ်သျှူး သို့မဟုတ် pathogen တွေကို ဒုက္ခပေးပါတယ်။ ဒီဖြစ်စဉ်ဟာ ခုခံအားစနစ် တုံ့ပြန်မှုရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ foreign antigens တွေနဲ့ ချင်းတွေဟာ မိခင်ရဲ့ ခုခံအားစနစ်က ဆဲလ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ကိုယ်အစိတ်အပိုင်းတွေအစားထိုးမှုနဲ့အတူ တစ်သျှူးတွေရဲ့ ငြင်းဆန်ခြင်းကိုတော့ခန့်မှန်းဖို့ မလွယ်ခဲ့ပါဘူး။

ဒီသုတေသနအဖွဲ့ဟာ ကိုယ်ဝန်ဆောင် စတင်ခြင်းဟာ မျိုးရိုးဗီဇထဲမှာ သွားသက်ရောက်ပြီး ခုခံအားဆဲလ်တွေကို ရေမြွှာအိတ်ထဲမှာ အလုပ်မလုပ်နိုင်အောင် ပိတ်လိုက်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် T-cells တွေဟာ ရေမြွှာအိတ်ထဲမှာ မစုစည်းနိုင်တော့ဘဲ သန္ဓေသားကိုရော အချင်းကိုပါ မထိခိုက်စေနိုင်တော့ပါဘူး။

အထူးသဖြင့် သူတို့ဟာ သန္ဓေသားဖြစ်ပေါ်လာမှုဟာ ဖွံ့ဖြိုးလာတဲ့ ရေမြွှာအိတ်ရဲ့ stromal cellsတွေရဲ့ nuclei တွေထဲမှာ chemokine genes တွေ စုစည်းခြင်းကို ပြောင်းလဲစေပါတယ်လို့ ဖောထုတ်ခဲ့ပါတယ်။ DNA အစုလေးဟာ chemokine genes တွေကို ထာဝရရပ်တန့်စေပါတယ်။ ရလဒ်အနေနဲ့ကတော့chemokines တွေ မပေါ်ထွက်လာတော့ဘဲ T cells တွေကလည်း သန္ဓေသားဖွံ့ဖြိုးနေတဲ့ နေရာကို ရောက်မလာတော့ပါဘူး။

ရှာဖွေတွေ့ရှိထားတဲ့ DNA packaging ပြောင်းလဲမှုတွေကိုတော့ epigenetic အဆင်မြှင့်တင်မှု လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ ဒီလို ဗီဇအဆင့်မြှင့်ပြောင်းလဲမှုဟာ hereditable gene mutation မရှိဘဲ ဖြစ်သွားတယ်ဆိုတာပါပဲ။

ဒီရှာဖွေတွေ့ရှိမှုဟာ သန္ဓေသားနဲ့မိခင်ကြားက ခုခံအားစနစ်အလုပ်လုပ်ပုံအကြောင်းကို ထဲထဲဝင်ဝင်သိရှိစေခဲ့ပါတယ်။ သူတို့ဟာ ဒါတွေဟာ တက်ကြွနေတဲ့ T cells တွေရဲ့လှုပ်ရှားမှုကို ကန့်သတ်လိုက်ခြင်းအားဖြင့် stromal cells တစ်သျှူးတွေထဲက chemokine genes တွေရဲ့ epigenetic modification ကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဆိုလိုတာကတော့ ဒီဆဲလ်တွေဟာ chemoattactants တွေကို တားဆီးလိုက်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ သားအိမ်ထဲမှာ T cells တွေကို ထိခိုက်နေတဲ့နေရာတွေဆီခေါ်လာခြင်းကို ကန့်သတ်လိုက်တာပါပဲ။ ရေမြွှာအိတ်ကိုတော့ ခုခံအားစနစ်အလုပ်မလုပ်တော့တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတော့တယ်။

ဒီလုပ်ငန်းစဉ် ပုံမှန်အလုပ်မလုပ်ခြင်းဟာ ထိခိုက်မှုတွေကိုဖြစ်စေပြီး မိခင်နဲ့ သန္ဓေသားဆက်သွယ်ထားတဲ့နေရာမှာ ခုခံအားဆဲလ်တွေ စုစည်းမှုကိုဖြစ်စေလို့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီပြဿနာတွေကတော့ လမစေ့မီမွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ (preeclampsia) တွေကို ဖြစ်စေနိုင်ပါတယ်။

ဒါဟာ လေ့လာသူတွေအတွက်တော့ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီသုတေသနက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်ဘာကြောင့် သန္ဓေသားက ငြင်းဆန်ခြင်းမခံရတာလဲဆိုတဲ့ အဖြေကို တိတိကျကျပေးနိုင်ခဲ့တယ်လေ။

ဒီတွေ့ရှိမှုဟာလည်း အကြိတ်တွေက သူကပ်တွယ်နေတဲ့နေရာမှာ နေနိုင်စွမ်းဘာလို့ရှိနေတာလဲဆိုတာနဲ့ ဒီဖြစ်ရပ်နဲ့အလားတူဖြစ်နိုင်ချေများတာကို တွေ့ရပါတယ်။ သူတို့ဟာ ခုခံအားစနစ်ရောဂါ၊ အင်္ဂါအစိတ်အပိုင်းလဲလှယ်ခြင်းနဲ့ ကင်ဆာတွေအပြင် ကိုယ်ဝန်ဆောင်ခြင်းတွေအတွက် တကယ်ကို ထူးခြားတဲ့ ဂယက်တစ်ခုပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။