ယနေ့ခေတ်တွင် ကိုယ်အလေးချိန်လွန်ကဲသော ကလေးများစွာရှိနေသော်လည်း ကိုယ်အလေးချိန်အနည်းငယ်တက်လာသော်လည်း ကျန်းမာစေသည့် ကလေးများလည်းရှိပါသည်။ ကယ်လိုရီများကို တိုးတိုးထဲ့ခြင်းဖြင့် ကလေးများ၏ အစားအသောက်ပုံစံများကို တဖြေးဖြေးပြောင်းလဲယူနိုင်ပါသည်။ အောက်ပါတို့သည် ကိုယ်အလေးချိန်နည်းော ကလေးများကို အထောက်အကူဖြစ်စေမည့် နည်းလမ်းများဖြစ်ပါသည်။
1. အကြောင်းရင်းကို သိရှိနားလည်ခြင်း
အောက်ပါတို့သည် ကလေးများအတွက် ကိုယ်အလေးချိန်တက်ရန် ခဲယဉ်းစေသော အချက်များဖြစ်ပါသည်။
· ဟော်မုန်းနှင့် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ
· သောက်နေသောဆေးများ
· ဆော့လွန်းခြင်းသည် ပုံမှန်ထက်အဆီများကိုလောင်းကျွမ်းစေသည်။
· အစားအစာများနှင့် ဓါတ်မတည့်ခြင်းများ
· သူငယ်ချင်းများထံမှ ရသော စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်များ
ထိုသို့ဖြစ်လာပါက မိဘများအနေဖြင့် ကလေးဆရာဝန်နှင့် တိုင်ပင်ရန် ဝန်မလေးသင့်ပါ။ သင့်ကလေး၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်ပြီး သင်သိလိုသည်များကို ကလေးဆရာဝန်အားမေးရန်လိုအပ်ပါသည်။ အစားအစာများနှင့် ဆေးဝါးများသည် သင့်ကလေးကို ဓါတ်မတည့်ခြင်းများဖြစ်စေနိုင်သည့်အတွက် ကလေးဆရာဝန်ကသာလျှင် ထိရောက်သော ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို ပေးနိုင်ပါလိမ့်မည်။
2. အစားအသောက်အလေ့အထများကို ပြောင်းလဲပါ။
သင့်ကလေးသည် ကိုယ်အလေးချိန်နည်းနေလျှင် များများပိုကျွေးသင့်သည်။ အချို့ကလေးများသည် အစာအိမ်သေးသည့်အတွက် အစာများကို အားလုံးကုန်အောင် တထိုင်တည်းမစားနိုင်ကြပါ။ ထို့ကြောင့် တနေ့လျှင် ၅- ၆ ကြိမ်ခွဲစားစေခြင်း နှင့် ကြားချိန်များတွင် သရေစာများကျွေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ မိဘများအနေဖြင့် ကလေးအား အစာစားချိန်မှန်မှန်ကျွေးရန် လိုအပ်ပါသည်။ သင့်ကလေးကို နေ့ဘက်တွင် အချိန်သတ်မှတ်ပြီး အကြိမ်အရေအတွက်များများကျွေးခြင်း၊ အစားအစာနှင့် ကျန်းမာရေး၏ ဆက်စပ်ပုံကို နားလည်အောင်ပြောပြခြင်းဖြင့် အစားအစာများကို နှစ်သက်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။
ကလေးများကို အာဟာရမဖြစ်သော အစားအစာများကို စားခြင်းကို ဖိအားပေးပြီး တားမြစ်မည့်အစား သင့်အနေဖြင့် ကျန်းမာသော အစားအစာများစားပြခြင်းဖြင့် စံပြလူတဦးအနေဖြင့် ရပ်တည်ပါ။ ကလေးများသည် အတုမြင် အတတ်သင်လွယ်သည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများရှေ့တွင်အသင့်စားအစာများကို စားမည့်အစား အာဟာရပြည့်သော အစားအစာများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်ပဲသီးနှံများနှင့် အသီးအနှံများကို များများစားသင့်ပါသည်။
3. ကယ်လိုရီနှင့် အာဟာရဓါတ်များ ပြည့်ဝသော အစားအစာများကို ရွေးချယ်စားသုံးပါ။
ကွတ်ကီးများ၊ မုန့် သရေစာများသည် ကယ်လိုရီပမာဏသာများသော်လည်း ကလေးများကိုယ်ခန္ဓါ အတွက်လိုအပ်သော အာဟာရဓါတ်များ မပါဝင်ပါ။ ထို့ကြောင့် အောက်ပါပစ္စည်းများပါဝင်သော သရေစာများကို ရွေးချယ်စားသုံးသင့်ပါသည်။
· နို့ထွက် ထောပတ်
· နို့နှင့် မလိုင်
· ဥအမျိုးမျိုး
· ဌက်ပျောသီးများ
· ထောပတ်သီး
· အသားများ
· အာလူး
· ဒေသထွက် အသီးအနှံများ
ကိုယ်အလေးချိန်နည်းသော ကလေးများသည် ဗိုက်ဆာတတ်သောကြောင့် မှန်ကန်သော သရေစာများကို ရွေးချယ်ကျွေးသင့်ပါသည်။ ထိုကလေးများသည် စေ့အဆန်များ၊ အသီးအနှံများ၊ သစ်သီးခြောက်များ၊ အာဟာရတောင့် များနှင့် ကောက်ပဲသီးနှံများကို ကျွေးခြင်းများကို ဂရုတစိုက်ပြုလုပ်ပေးပါ။
4. အစားအစာများတွင် ကယ်လိုရီပမာဏ များစွာပါဝင်အောင်ထည့်ပေးပါ။
ချိစ်နှင့် နို့များသည် ကယ်လိုရီနှင့် အာဟာရတန်ဖိုးမြင့်တက်စေသော အစားအစာများဖြစ်ပါသည်။ ထို့ကြောင့် မိဘများ အနေဖြင့် ကလေးများအတွက် အစားအစာများပြုလုပ်ရာတွင်ချိစ်နှင့် နို့များ ဖြင့် စီမံပြုလုပ်သင့်သည်။ အစားအစာများတွင် ချိစ်များထည့်ချက်ခြင်း၊ နို့ဆန်ပြုတ် သို့မဟုတ် နို့မလိုင်စွတ်ပြုတ်များပြုလုပ်ခြင်းတို့ပြုလုပ်ပါ။ ထိုသို့အစားအသောက်ပုံစံများ ပြောင်းလဲခြင်းသည် သင့်ကလေးကို စားသောက်ရ အဆင်မပြေဖြစ်စေသည့်အတွက် ကျင့်သားရစေရန် တဖြေးဖြေးပြောင်းလဲသင့်သည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။