ကလေးတွေရော သွေးတိုးတတ်လား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွေးတိုးတယ်ဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပါဘူး။နေ့စဉ်စားသောက်နေထိုင်မှုကို အစဉ်မပြတ်ဂရုစိုက်နေမှ ရမှာပါ။ ဒီနေရာမှာမေးစရာရှိတာကသွေးတိုးဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ရောဂါတစ်ခုလားဆိုတာပါ။ ဒီကိစ္စကိုသေသေချာချာလေးသိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

သွေးတိုးက လူကြီးတွေမှာပဲဖြစ်တတ်တာလား…….

မဟုတ်ပါဘူး။သွေးတိုးတာက အသက်အရွယ်နဲ့မဆိုင်ပါဘူး။ အရွယ်မရွေးသွေးတိုးတာကို ခံစားရနိုင်ပါတယ်။နေမကောင်းနေတဲ့အချိန် အဖျားသွေးရှိနေချိန်တွေမျာသွေးပေါင်ချိန်ြမင့်တာကဖြစ်တတ်တဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး ဒီအနေအထားကိုသွေးတိုးတယ်၊လို့ မဆိုသာပါဘူး။ အဖျားသွေးကျသွားတဲ့အခါသွေးပေါင်ချိန်က ပုံမှန်အခြေအနေကိုပြန်ရောက်သွားနိုင်ပါတယ်။ပြောချင်တဲ့ လိုရင်းကတော့ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ အရွယ်တိုင်းကသွေးတိုးနိုင်တယ်ဆိုတာပါ။

သွေးတိုးနိုင်ခြေ ပုံမှန်ထက်ပိုများနေသူတွေက ဘယ်သူတွေလဲ…..

သွေးတိုးတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီအခြေအနေရှိသူတွေက ပုံမှန်ထက်သွေးတိုးနိုင်ခြေ ပိုများပါတယ်။

အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန်

အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန်တွေက

  • အသက် ၁ လကနေ ၁၂ လအတွင်း အပေါ်သွေး ၇၅ ကနေ ၁၀၀ ကြား၊အောက်သွေး ၅၀ ကနေ ၇၀ ကြား
  • အသက် ၁ နှစ်ကနေ ၄ နှစ်အတွင်း အပေါ်သွေး ၈၀ ကနေ ၁၁၀ ကြား၊အောက်သွေး ၅၀ ကနေ ၈၀ ကြား
  • အသက် ၃ နှစ်ကနေ ၅ နှစ်အတွင်း အပေါ်သွေး ၈၀ ကနေ ၁၁၀ ကြား၊အောက်သွေး ၅၀ ကနေ ၈၀ ကြား
  • အသက် ၆ နှစ်ကနေ ၁၃ နှစ်အတွင်း အပေါ်သွေး ၈၅ ကနေ ၁၂၀ ကြား၊အောက်သွေး ၅၅ ကနေ ၈၀ ကြား ကပုံမှန်ရှိသင့်တဲ့သွေးပေါင်ချိန်ပါ။

အသက်အရွယ်ကြီးလာမှုအလိုက်သွေးပေါင်ချိန်ကလည်းပြောင်းလဲလာနိုင်ပါတယ်။

သွေးတိုးရဲ့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ…….

ကလေးက ငယ်ငယ်မှာကတည်းကသွေးတိုးရောဂါခံစားနေရတာကိုသေချာဂရုမစိုက်ပေးဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့ အရွယ်ရောက်လာတဲ့အခါ

  • လေဖြတ်တာ
  • ရုတ်တရက်နှလုံးရပ်တာ
  • နှလုံးရောဂါခံစားရတာ
  • ကျောက်ကပ်ရောဂါခံစားရတာတွေဖြစ်လာနိုင်ပါတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်

ကိုယ့်ရဲ့ ရင်သွေးလေးကိုသွေးတိုးရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုသွေးတိုးမဖြစ်စေဖို့ိုရင်

  • ကလေးရဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပါ
  • ကျန်းမာရေးနဲ့ညီညွတ်အောင်ကျွေးပေးပါ
  • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းပါ
  • အိပ်ရေးဝဝအိပ်စေပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇူလိုင် 9, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 28, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။