ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသည်းတစ်ရှူးတွေမှာအသည်းရောင်အသားဝါဘီပိုးကူးစက်ပြီးအသည်းတခုလုံးရောင်ရမ်းဖောင်းကားလာတာကိုကလေးတွေမှာ ဖြစ်တဲ့အသည်းရောင်အသားဝါဘီရောဂါလို့ခေါ်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့အသည်းရောင်အသားဝါရောဂါတွေကအေပိုးနဲ့စီပိုးတို့ကြောင့် ဖြစ်ပါတယ်။

ကလေးတွေမှာအသည်းရောင်အသားဝါဘီရောဂါဘာလို့ဖြစ်တာလဲ။

ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူရဲ့သွေးဒါမှမဟုတ်ခန္ဓါကိုယ်ကထွက်တဲ့တခြားအရည်တွေကနေတဆင့်ကလေးတွေဆီကိုဘီပိုးကူးစက်နိုင်ပါတယ်။ ကူးစက်လေ့ရှိတဲ့ပုံစံတွေက

  • ဘီပိုးရှိတဲ့အမေဆီကနေမွေးနေတဲ့အချိန်မှာကူးမယ်။
  • ဘီပိုးရှိတဲ့သူကကိုက်လိုက်လို့အရေပြားလည်းစုတ်ပြဲသွားရင်ကူးနိုင်တယ်။
  • ကိုယ့်အနာထဲကို (အနာကလည်း open wound လို့ခေါ်တဲ့ဟောင်းလောင်းပွင့်နေတဲ့အနာဆိုရင်) ဘီပိုးရှိသူရဲ့ခန္ဓါကိုယ်ကအရည်တမျိုးမျိုးဝင်သွားရင်ကူးနိုင်တယ်။
  • သွားပွတ်တံလိုမျိုးတကိုယ်ရည်သုံးပစ္စည်းတွေကိုဘီပိုးရှိသူနဲ့မျှဝေသုံးရင်ကူးနိုင်တယ်။
  • ဘီပိုးရှိတဲ့သူသုံးပြီးသားဆေးထိုးအပ်ကို ပြန်သုံးရင်လည်းကူးနိုင်တယ်။

ပွေ့ဖက်တာ၊နမ်းတာ၊ချောင်းဆိုးတာ၊နှာချေတာကနေတဆင့်တော့ဘီပိုးမကူးနိုင်ပါဘူး။ မွေးပြီးခါစမှာကလေးကိုမှန်ကန်ကောင်းမွန်တဲ့ကုသမှုပေးထားပြီးပြီဆိုရင်တော့ဘီပိုးရှိတဲ့မိခင်အနေနဲ့ကလေးကိုစိတ်ချလက်ချမိခင်နို့တိုက်နိုင်ပါတယ်။ တကယ်လို့ဆယ်ကျော်သက်လူငယ်လေးတွေဘီပိုးကာကွယ်ဆေးမထိုးထားဖူးဆိုရင်မူးယစ်ဆေးသုံးတာ၊အကာအကွယ်မဲ့လိင်ဆက်ဆံတာတို့ကတဆင့်ဘီပိုးကူးနိုင်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးရဲ့လက္ခဏာတွေကဘာတွေလဲ။

ယေဘုယျအနေနဲ့ပြောရမယ်ဆိုရင်အသည်းရောင်အသားဝါဘီပိုးဟာထူးထူးခြားခြားဆိုးရွားတဲ့လက္ခဏာတွေ ပြလေ့မရှိပါဖူး။ အသက်ငါးနှစ်အောက်ကလေးတွေမှာရောဂါလက္ခဏာပြတာအရမ်းရှားပါတယ်။ အသက်ကြီးတဲ့ကလေးတွေမှာတော့ဘီပိုးကူးစက်ခံရပြီးသုံးလေးလအကြာမှာရောဂါလက္ခဏာလေးတွေစပြီးပြလာလေ့ရှိပါတယ်။ ရောဂါပိုးကူးစက်ခါစမှာ ပြလေ့ရှိတဲ့လက္ခဏာလေးတွေက

  • အစားအသောက်ပျက်မယ်။
  • နုံးချိပြီးမလုပ်ချင်မကိုင်ချင်ဖြစ်မယ်။
  • ငွေ့ငွေ့ဖျားမယ်။
  • ကွက်သားတွေအဆစ်အမြစ်တွေနာမယ်။
  • ပျို့အန်မယ်၊မအီမသာဖြစ်မယ်။
  • အသားဝါမယ်၊မျက်လုံးတွေဝါမယ်။
  • ဆီးမည်းမယ်။

တကယ်လို့ဗိုင်းရပ်စ်ပိုးကတိုက်ထုတ်ဖို့ခုခံအားကောင်းနေတယ်ဆိုရင်ဒီလက္ခဏာတွေကရက်သတ္တပတ်အနည်းငယ်ကနေခြောက်လအတွင်းမှာပြောက်သွားမယ်။ ဒီလိုအနေအထားမျိုးကိုခဏတာဖြစ်တဲ့(acute) အခြေအနေလို့ခေါ်ပြီးကာလရှည်ပြဿနာတွေဘာမှကျန်ခဲ့လေ့မရှိပါဖူး။

သင့်ကလေးမှာအသည်းရောင်အသားဝါဘီပိုးရှိနေမှန်းဘယ်လိုသိနိုင်မလဲ။

သွေးစစ်ခြင်းအားဖြင့်အသည်းရောင်အသားဝါဘီပိုးရှိမရှိသိနိုင်ပါတယ်။ ဒါ့အပြင်ဒီလိုသွေးစစ်လိုက်မယ်ဆိုရင်ပိုးရှိမရှိသာမကဘဲအခုမှပထမဆုံးပိုးစဝင်တာလား၊ဖြစ်နေတာကြာနေပြီလားဒါမှမဟုတ်အရင်ကဖြစ်ထားဖူးတာလားဆိုတာကိုပါသင့်ဆရာဝန်ကရှာဖွေသိရှိနိုင်ပါလိမ့်မယ်။

ကလေးတွေမှာအသည်းရောင်အသားဝါဘီပိုးကိုဘယ်လိုကုမလဲ။

ခဏတာဖြစ်တဲ့အသည်းရောင်အသားဝါဘီပိုးကိုထူးထူးခြားခြားကုသပေးစရာမလိုပါဖူး။ သင့်ကလေးရဲ့ခုခံအားစနစ်ကသူ့ဖာသာကြည့်ရှင်းသွားပါလိမ့်မယ်။ ခြောက်လကြာပြီးတဲ့အခါအသည်းရောင်အသားဝါဘီပိုးရဲ့လက္ခဏာတွေလုံးဝမရှိတော့ဖူးဆိုရင်သင့်ကလေးအပြည့်အဝ ပြန်ကောင်းပြီလို့ပြောနိုင်ပါတယ်။ ဒါပေမယ့်သင့်ကလေးရဲ့ကိုယ်ထဲမှာရောဂါပိုးကဆက်ရှိနေတဲ့အတွက်တခြားလူတွေကိုတော့ကူးစက်နိုင်တာကြောင့်သင်ကိုယ်တိုင်ကိုရောတခြားတခြားလူတွေကိုပါရောဂါမကူးစက်ရလေအောင်သတိထားဖို့ကတော့အရေးတကြီးလိုအပ်ပါတယ်။

ကာလရှည်ဖြစ်လာပြီဆိုရင်တော့ကုသပေးဖို့လိုလာပါပြီ။ ကုသမှုရဲ့အဓိကရည်ရွယ်ချက်ကရောဂါလက္ခဏာတွေကိုသက်သာစေဖို့၊တခြားသူတွေဆီမကူးစက်စေဖို့နဲ့နောက်ဆက်တွဲအသည်းရောဂါတွေကိုကာကွယ်ပေးနိုင်ဖို့စတာတွေပဲ ဖြစ်ပါတယ်။ ဒီတော့သင့်ကလေးအနေနဲ့

  • ပြည့်ပြည့်ဝဝအနားယူရပါမယ်။
  • အရည်တွေအများကြီးသောက်ရပါမယ်။
  • ပြည့်စုံမှန်ကန်တဲ့အစားအသောက်စားနည်းနဲ့စားရပါမယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

    ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။

    လိင်အကြမ်းဖက်ခံ ရရင် ဘာဆက်လုပ်ကြမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2020 . 2 mins read

    အသည်းရောင်အသားဝါဘီပိုးရှိသူပြုလုပ်သင့်သောအရာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Sandar Lin
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018 . 2 mins read