ယနေ့ခေတ်မှာ ကလေးငယ်တွေကိုပါမကျန် အသားအရေထိန်းသိမ်းပေးနေကြပြီဖြစ်သလိုဈေးကွက်ထဲမှာလည်း ကလေးအသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအများအပြားရှိနေတာကြောင့်ဖေဖေမေမေအသစ်စက်စက်လေးတွေအတွက်ရွေးရခက်လွန်းပါတယ်။ ကလေးငယ်ကိုရေချိုးပေးဖို့အတွက်ရွေးခယ်တဲ့အခါမှာလည်း မှားယွင်းရွေးချယ်မိမယ်ဆိုရင် ကလေးငယ်မှာ အရေပြားပြဿနာအမျိုးမျိုးကိုခံစားရနိုင်ပါတယ်။ ကလးငယ်လေးတွေရဲ့ အရေပြားက နူးညံ့ပြီး တုံ့ပြန်လွယ်လွန်းတာကြောင့် ပုံမှန်သုံးနေကျဆပ်ပြာတွေက ကလေးတွေရဲ့အရေပြာအတွက် အရမ်းပြင်းနေမှာဖြစ်သလို အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အဖြေကတော့ ကလေးငယ်တွေအတွက်သီးသန့်ထုတ်ထားတဲ့Cleansersတွေကို အသုံးပြုပေးတာပါပဲ။