backup og meta

ကလေးကာကွယ်ဆေး တွေ နောက်ကျခဲ့ရင်

ကလေးကာကွယ်ဆေး တွေကို အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရင် ထိုးလို့ရလား၊ နောက်မှ ပြန်ထိုးတာက အဆင်ပြေပါ့မလားဆိုပြီး မေမေတို့ သိချင်ကြမှာပါ။ ကလေးကာကွယ်ဆေးတွေက နောက်ကျလို့ရပါတယ်။ လုံးဝမထိုးတာထက်စာရင် နောက်ကျမှ ထိုးတာက ပိုပြီး ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးထိုးလို့ရတဲ့ အသက်ဆိုတာလည်း ရှိပါတယ်။ ဒီအသက်ကျော်ရင်တော့ ထိုးလည်း သိပ်မထူးဘူးဆိုတာမျိုးပေါ့။ ဒီအကြောင်းတွေကို ရှင်းပြပေးချင်ပါတယ်။

ကလေးကာကွယ်ဆေး တွေ နောက်ကျခဲ့ရင်

ကလေးကာကွယ်ဆေး တွေကို ဘယ်အရွယ်ထိ နောက်ကျလို့ရလဲ။

လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေနဲ့ ချိန်ထိုးပြီး ပြောပြပါ့မယ်။

ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင် တီဘီကို ကာကွယ်ပေးပါတယ်။ ပုံမှန်ဆို မွေးစမှာ ထိုးရင်ထိုး၊ မထိုးမိရင် ကလေး ၂လမှာ တခြားကာကွယ်ဆေးတွေနဲ့ ထိုးပေးလို့ရပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ကလေး အသက် ၁နှစ်ထိ ထိုးလို့ရပါတယ်။ ၁နှစ်ကျော်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်-  မွေးစမှာ ထိုးပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- မွေးစမှာ မထိုးဖြစ်ရင် ၅မျိုးစပ်ကာကွယ်ဆေးထိုးတဲ့အချိန်ကျ ထိုးနိုင်ပါတယ်။

  • ငါးမျိုးစပ်ကာကွယ်ဆေး

ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ဆိုပြီး ၅မျိုးပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်အတွက် ကာကွယ်ဆေး (Hib vaccine)က Haemophilus influenzaeကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကိုပါ ထပ်ဆောင်းကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၂လ၊ ၄လ၊ ၆လနဲ့ ၁နှစ်ခွဲမှာ ၄ခါ ထိုးပေးပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ၃နှစ်။ အသက် ၂လထိ အသည်းရောင်အသားဝါ (ဘီ)မထိုးရသေးတဲ့ သူတွေက ၅မျိုးစပ်မှာ ပါသွားပြီ ဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။

အစက်ချရယ် ထိုးဆေးရယ်ဆိုပြီး ရှိပါတယ်။ ပိုလီကြော အကြောသေရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်-  အစက်ချဆေးက ၂လ၊ ၄လ၊ ၆လမှာပါ။ ထိုးဆေးက ၄လမှာ တစ်ခါ ထိုးရပါတယ်။

နောက်ကျခဲ့ရင် ထိုးဆေးရော၊ အစက်ချဆေးရော ကလေးအသက် ၅နှစ်အထိ ထိုးနိုင် သောက်နိုင်ပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်တိုက်ရမယ့် အချိန်- ၂လနဲ့ ၄လမှာပါ။

နောက်ကျခဲ့ရင်- ကလေး အသက် ၆လအထိ (တချို့နိုင်ငံတွေမှာ ၈လအထိ) တိုက်လို့ရပါတယ်။

  •  ပီစီဗီ (PCV)

ပြင်းထန်အဆုတ်ရောင်ရောဂါ ကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်-  ၂လ၊ ၄လ၊ ၆လပါ။

နောက်ကျခဲ့ရင်- ကလေးအသက် ၃နှစ်အထိ ထိုးလို့ရပါတယ်။

  • ဝက်သက်-ဂျိုက်သိုး

ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉လနဲ့ တစ်နှစ်ခွဲပါ။

နောက်ကျခဲ့ရင်- ကလေး အသက် ၅နှစ်အထိ ထိုးပေးလို့ရပါတယ်။

ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉လ

နောက်ကျခဲ့ရင်- ကလေး ၅နှစ်အထိ ထိုးပေးနိုင်ပါတယ်။

  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တဲ့ သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉နှစ်နဲ့ ၁၀နှစ်

နောက်ကျခဲ့ရင်- လိင်ဆက်ဆံမှု မဖြစ်မချင်း လူကြီးတွေ ထိုးတဲ့အတိုင်း လိုက်ထိုးပေးနိုင်ပါတယ်။

ကာကွယ်ဆေးတွေ နောက်ကျခဲ့ရင်

ကာကွယ်ဆေးတွေကို မထိုးဘဲ မနေပါနဲ့။ နောက်ကျခဲ့ရင် မီတဲ့နေရာက လိုက်ထိုးပါ။ လိုက်ထိုးတဲ့အခါ တစ်ခါတည်း ၂မျိုး၊ ၃မျိုး ထိုးရတာတွေ ရှိနိုင်ပါတယ်။ ဒီလိုလည်း ထိုးလို့ရပါတယ်။ တစ်ချိန်တည်းမှာ ကာကွယ်ဆေးတွေ အများကြီး ထိုးတာက ကလေးကို ကြီးကြီးမားမား ထိခိုက်တာမျိုး မဖြစ်စေပါဘူး။ မိဘတွေ အနေနဲ့ နောက်တစ်ခါ ဆေးရုံ ဆေးခန်း လာဖို့ မလွယ်ရင် တစ်ခါတည်း ထိုးထားလိုက်ပါ။

ဆေးထိုးဖို့ အသက်က ကျော်သွားတယ်။ ရောဂါတွေ ဖြစ်မှာလည်း စိုးရိမ်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးထိုးသင့် မထိုးသင့် ဆွေးနွေးနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/immunization/policy/Immunization_routine_table3.pdf

https://www.cdc.gov/vaccines/schedules/hcp/imz/catchup.html

https://www.cdc.gov/vaccines/parents/schedules/risks-delaying-vaccines.html

 

ယခုပုံစံ

05/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးထားသင့်လား။

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ