ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 24, 2020 . 2 mins read
Share now

ရောဂါတစ်ခုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ ဖြစ်ပြီးမှ ကုသတာထက် ပိုထိရောက်ပါတယ်။

ရောဂါတွေက ပြည်တွင်းရော ပြည်ပမှာပါ ဖြစ်ပွားနေတာပါ။ နေရာအနှံ့မှာ ရောဂါပိုး မျိုးစုံပါပဲ။ ဒါပေမယ့် ကံကောင်းတာ တစ်ခုက ကြောက်စရာကောင်းတဲ့ ရောဂါတွေလို့ သတ်မှတ်လို့ ရတဲ့ ပိုလီယို၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး၊ ဂျာမန်ဝက်သက်၊ ရိုတာဗိုင်းရပ်စ်၊ မေးခိုင်ပိုးစတဲ့ ရောဂါပိုးတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရနေတာပါ။

ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။  ကာကွယ်ဆေးတွေကြောင့် နှစ်ပေါင်းများစွာအတွင်း ချစ်ရတဲ့ ရင်သွေးလေးတွေကို ရောဂါဆိုးတွေများစွာရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ဘေဘီလေးတွေကို ကာကွယ်ဆေး စုံအောင် ထိုးပေးဖို့က ဘာကြောင့် အရေးကြီးတာလဲ …

ဘေဘီလေးတွေကို ရောဂါ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် အရေးကြီးတဲ့အချက်က ဘေဘီလေးကို ငယ်စဉ်ကတည်က ကာကွယ်ဆေး စုံလင်အောင် ထိုးပေးဖို့ပါ။

ကာကွယ်ဆေးတွေက ကလေးတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုလီယို၊ မေးခိုင် နဲ့ ဆုံဆို့နာလိုမျိုး ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးသလို က​လေးတစ်ယောက်ဆီကနေ တစ်ယောက်ကို ရောဂါပိုးတွေ မကူးစက်စေဖို့လည်း ဟန့်တားပေးပါတယ်။

ကာကွယ်ဆေးဆိုတာ ဘာလဲ …

ကာကွယ်ဆေးဆိုတာက သေဆုံးသွားပြီဖြစ်တဲ့ ဒါမှမဟုတ် အားပျော့သွားပြီဖြစ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အနည်းငယ်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ပရိုတင်းနဲ့ ပေါင်းစပ်ပြီး ထိရောက်ဘေးကင်းအောင် ထုတ်ထားတဲ့အရာပါ။

ဒီဖော်စပ်မှုကို ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်တဲ့အခါ ကိုယ်ခံအားက တုံ့ပြန်ပေးပြီး ပြင်ပက ဝင်လာမယ့် အလားတူ ရောဂါပိုးတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်စေဖို့ အသင့်ပြင်ထားပေးတဲ့အရာကို ကာကွယ်ဆေးလို့ ခေါ်တာပါ။ antibodiesလို့ ခေါ်တဲ့ ပဋိပစ္စည်း ထွက်လာအောင် လုပ်လိုက်တဲ့ သဘောပေါ့။

ကာကွယ်ဆေးက ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံရစေဖို့ အားဖြည့်ပေးပါသေးတယ်။ နုနယ်တဲ့ ဘေဘီလေးတွေအတွက်တော့ ဒါကအရေးပါလှပါတယ်။

ကာကွယ်ဆေး စိတ်ချရပါ့မလား …

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ပတ်သက်ပြီး  အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သေချာ ဆန်းစစ်လေ့လာမှုတွေအရတော့ ကာကွယ်ဆေးက ဘေဘီလေးတွေကို အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

အချို့ ကလေးတွေမှာ ဆေးထိုးတဲ့နေရာမှာ ရောင်တာ၊ ကိုယ်ပူတာ၊ နာတာမျိုးတွေ ဖြစ်ပေမယ့် အနည်းအကျဉ်းပါ။  တကယ်ကတော့ ကာကွယ်ဆေးက ဘေဘီလေးကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ အရာပါ။

ကာကွယ်ဆေးမထိုးမိလို့ ပိုလီယို၊ ဦးနှောက်ရောင်ရောဂါလို ရောဂါတွေ ဖြစ်လာတဲ့အခါ အကြောသေတာ၊ ဦးနှောက်ရောင်ရာကတဆင့် အသက်ဆုံးရှုံးတာ၊ အမြင်အာရုံ၊ အကြားအာရုံထိခိုက်တာလိုမျိုး ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်တာပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်မှာ ရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို စုံလင်အောင် ထိုးပေးဖို့ လိုပါမယ်။

ဘေဘီလေးကို ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေက ဘာတွေလဲ……..

ဘေဘီလေးတွေကို ရောဂါကင်းပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ မွေးစကနေစပြီး အသက် ၁၀ နှစ်အတွင်းမှာ

ချစ်ရတဲ့ မေမေဖေဖေတို့အနေနဲ့ ဘေဘီလေးအပေါ်မှာ တာဝန်ကျေစေဖို့ဆိုရင် ရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ငယ်စဉ်မှာကတည်းက စုံလင်အောင် ထိုးပေးပါနော်။

( MAT-MM-2000072)

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိမှာ COVID-19 ရောဂါအပေါ် အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ‘ ကိုဗစ်ရှိသေးသည် ’ လို့ ဆိုရဦးမှာပါ။

ရေးသားသူ Ye Zon Aung

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား။ ဒါကဘာကြောင့်လဲဆိုတာကို သေသေချာချာ သိပြီးရဲ့လား မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read