ကလေးငယ်တွေရဲ့အသားအရေက နုနယ်လွန်းလို့ ဆောင်းရာသီ ရဲ့လေအေးတွေနဲ့ ထိတွေ့တဲ့အခါ ခြောက်သွေ့မှုဒဏ်အတော်ခံစားရတတ်ပါတယ်။ အရေပြားခြောက်သွေ့မှုက ကလေးတွေအတွက် နောက်ဆက်တွဲပြဿနာများစေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ဆောင်းရာသီမှာ ကလေးတွေအဖြစ်များတဲ့ အရေပြားပြဿနာတွေကို ဂရုစိုက်ပြီး ကာကွယ်သင့်တာကာကွယ်၊ ကုသသင့်တာကုသမှရောဂါကင်းစင်ပြီး အသားအရေကြည်လင်လှပတဲ့ သားသမီးရတနာလေးတွေဖြစ်စေမှာပါ။