brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်မ စုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အကျင့်ရှိသော ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးနိုင်ပါတယ်။

ကလေးတွေ လက်မ မစုပ်အောင် ကြိုးစားခဲ့ရပြီး မအောင်မြင်ခဲ့တဲ့ မိဘတွေအတွက်ကတော့ အားတက်စရာပါပဲ။ လက်မစုပ်တတ်တဲ့ အကျင့်က ကောင်းကျိုးတွေရှိပါတယ်။ ကလေးဘဝမှာ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်းတွေဟာ ဓါတ်မတည့်မှုတွေ ကာကွယ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လက်မ စုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အကျင့်ရှိသော ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးနိုင်ပါတယ်။

ကလေးများတွင် ထိုအကျင့်ကိုလက်ခံသင့်ဟု ရလဒ်တွေက အကြံမပြုထားသော်လည်း လူကြီးဘဝမှာ ဖြစ်လာနိုင်မယ့် ဓါတ်မတည့်မှုတွေကို ကာကွယ်နိုင်မယ်လို့တော့ ပြောထားပါတယ်။

ခံတွင်းရှိပိုးမွှားတွေက ကိုယ်ခံအားပေါ်မှာသက်ရောက်မှုတွေရှိတယ်လို့ နှစ်သုံးဆယ်စာ သုတေသနတွေက ပြောထားပါတယ်။

နယူဇီလန်ရှိ ကျွမ်းကျင်သူများက လက်မ စုပ်တတ်သော သို့မဟုတ် လက်သည်းကိုက်တတ်သော ကလေးများဟာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ပြောကြပါတယ်။

သုတေသနသမား တွေကလည်း ငယ်ရွယ်စဉ်အခါမှာ ပိုးမွှားများနဲ့ ထိတွေ့ခြင်းက နောင်မှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေတွေ လျော့နည်းသွားစေတယ်ဆိုတဲ့ အချက်ကို ထောက်ခံကြပါတယ်။

ကျွမ်းကျင်သူတွေက ၁၉၇၂၊ ၁၉၇၃ နယူးဇီလန်မှာ မွေးသော ကလေး၁၀၀၀ကျော်မှ ယူထားပြီး လေ့လာနေဆဲဖြစ်သော (Dunedin Multidisciplinary Health and Development Study) ကနေ အချက်အလက်တွေ အသုံးပြုထားတာပါ။

လေ့လာမှုတွင် ကလေးပေါင်း၁၀၃၇ယောက်ကို အသက်၅နှစ်၊ ၇နှစ်၊ ၉နှစ်နဲ့ ၁၁နှစ်တို့မှာ လေ့လာအကဲဖြစ်ခဲ့ပါတယ်။ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အကျင့်တွေပေါ်မှာ မူတည်ပြီး ကလေးတွေကို အုပ်စုခွဲလိုက်ပါတယ်။

ထို့နောက် ကျွမ်းကျင်သူတွေက ၁၃နှစ်အရွယ်မှာ အပ်ထိုးစမ်းသပ်နည်းဖြင့် ဓါတ်မတည့်ခြင်း ရှိမရှိစမ်းလိုက်ပါတယ်။ ပြီးနောက် အသက် ၃၂နှစ်ရောက်တဲ့ အခါမှာ ပြန်လည်စမ်းစစ်ကြည့်ပါတယ်။

အသက်၁၃နှစ်တုန်းက လက်သည်းမကိုက်၊ လက်မစုပ်တတ်ခဲ့တဲ့ ကလေး၄၉%မှာ အနည်းဆုံး ဓါတ်မတည့်မှုတစ်ခုတော့ ရှိကြပါတယ်။ ထိုအကျင့်တွေထဲက အနည်းဆုံးတစ်ခုရှိခဲ့တဲ့ လူတွေမှာ ၃၈%သာ ရှိနေတာကို တွေ့ရပါတယ်။ ထိုအကျင့်ဆိုးနှစ်ခုလုံး ရှိခဲ့တဲ့သူတွေမှာတော့ ၃၁%သာ ရှိပါတယ်။ ရလဒ်က အသက်၃၂ထိ ခံနိုင်ပါတယ်။ ဒါပေမဲ့ နှစ်ခုလုံး လုပ်ခဲတဲ့သူတွေအတွက်သာ ဖြစ်ပါတယ်။

မိဘတွေမှာ ဓါတ်မတည့်မှုတွေ ရှိနိုင်သလား၊ အိမ်မွေးတိရိစ္ဆာန်တွေ ရှိသလား၊ နို့တိုက်ခဲ့ရဲ့လားနဲ့ မိဘတွေ ဆေးလိပ်သောက်ခဲ့ရဲ့လား ဆိုတဲ့ ဒွိဟဖြစ်စေသော အချက်အလက်တွေ ထည့်သွင်းစဉ်စားခဲ့ကြတာတောင်မှ ဆက်နွယ်မှုက တည်မြဲဆဲပါပဲ။

လေ့လာတွေ့ရှိချက်အသစ်တွေနဲ့ ရလဒ်တွေဟာ ဆက်နွယ်မှုရှိနေကြပါတယ်။

မိခင်က သန့်ရှင်းသော ချိုလိမ်စို့စေသည့် ကလေးများတွင် ဓါတ်မတည့်မှု ဖြစ်နိုင်ခြေနည်းပါးသွားစေကြောင်း ရှာဖွေတွေ့ရှိခဲ့သည့် Hesselmar B et al 2013 လိုမျိုး လေ့လာတွေ့ရှိမှုအသစ်တွေနဲ့ ထိုရလဒ်တွေဟာ ဆက်စပ်နေပါတယ်။

ဒါပေမဲ့လည်း လက်မ စုပ်ခြင်းနဲ့ လက်သည်းကိုက်ခြင်း အကျင့်တွေကို ဓါတ်မတည့်မှုတွေ ကာကွယ်ဖို့ အသုံးပြုလာနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ တွေ့ရှိမှုအသစ်တွေက ပိုးမွေးသလို မွေးထားတဲ့ ကလေးတွေဟာ ဓါတ်မတည့်ခြင်းလိုမျိုး အခြေအနေတွေ ဖြစ်နိုင်ခြေမြင့်မားတယ်လို့ ချဲ့ကားပြောထားသော ကျန်းမာရေးအဆိုပြုချက်တွေကို အသားပေးထားပါတယ်။

ရောဂါပိုးမွှားတွေနဲ့ ထိတွေ့ပေးတာဟာ ကိုယ်ခံအားစနစ်ပေါ်မှာ သက်ရောက်မှုရှိနေပြီး ဓါတ်မတည့်မှု ဖြစ်နိုင်ခြေ လျော့ချပေးတယ်ဆိုတာ မှန်ကောင်းမှန်နိုင်ပါတယ်။ အဲဒါက လက်မ မစုပ်တတ်တဲ့ ကလေးတွေကို စုပ်ခိုင်းဖို့ လိုတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ စိတ်ချရတဲ့ နည်းဗျူဟာကတော့ ခွေးတွေ၊ ကြောင်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်တွေ မွေးစေတာပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။