backup og meta

ကလေးအတွက် မီးဘေးလုံခြုံရေး အကြံပြုချက်များ


Dr. Su Sandy မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအတွက် မီးဘေးလုံခြုံရေး အကြံပြုချက်များ

    မီးသည်အလွန် အန္တရာယ်ကြီးသော အရာဖြစ်သည်။ အချိန်မရွေး၊ နေရာမရွေးဖြစ်နိုင်ပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဖျက်ဆီးနိုင်သည်။ မီးလောင်ခြင်းကြောင့် ငွေရေးကြေးရေး၊ ကျန်းမာရေးများဆုံးရှံးနိုင်ပြီး၊ အလွန်ဆိုးရွားလျှင် အသက်သေဆုံးမှုများပင်ဖြစ်နိုင်သည်။ ထို့ကြောင့် မိဘများသည် သူတို့၏ ကလေးများကိုလုံခြုံရေး လမ်းညွှန်မှုများ ပေးရာတွင် ၎င်းကိုထည့်သွင်းရန်လိုပါသည်။ အောက်ပါတို့သည် သင့်ကလေး ကို မီးလောင်သည့်အခါ သူတို့ကိုယ်ကိုမည်သို့ကာကွယ်ရမည်ကို လမ်းညွှန်ထားချက်များဖြစ်ပါသည်။

    မီးလောင်ခြင်းကိုကာကွယ်ရန် အချက်များ

    ၁။ မီးလောင်စေသော အရာများကို ဂရုစိုက်၍အသုံးပြုရန် ညွှန်ကြားပါ။

    သင့်ကလေးကို မီးခြစ်ဆံ၊ မီးကြိုးခွေ၊ ဓါတ်ငွေ့သုံးပစ္စည်းများ စသည့် မီးလောင်နိုင်သည့်အရာများကို မကိုင်တွယ်ရန် တားမည့်အစား ၎င်းတို့သည် အဘယ်ကြောင့် အန္တရာယ်ရှိသည်ကို နားလည်စေရန်ရှင်းပြပါ။ ကလေးကြီးများကို ထိုအရာများကို မှန်ကန်စွာအသုံးပြုနည်းကို သင်ကြားပေးထားသင့်သည်။

    ၂။ မီးခိုး သတိပေးစက်နှင့် မီးသတ်ဆေးဗူး ထားရှိပါ။

    အိမ်၏ အလွှာတိုင်းတွင် မီးခိုးအာရုံခံစက်ကို ထားရှိပြီးကောင်းစွာ အလုပ်လုပ်ကြောင်း သေချာစွာ စစ်ဆေးထားသင့်သည်။ မီးခိုးအာရုံခံစက်သည် လျှပ်စစ်နှင့် အားသွင်းရသောကြောင့် ဝိုင်ယာကြိုးများကို စစ်ဆေးသင့်သည်။

    ၃။ မီးလွတ်သည့် လမ်းကြောင်းကို ပြင်ဆင်ထားပါ။

    ပြတင်းပေါက်၊ တံခါးများ၏ သော့များကို စစ်ဆေးပြီး လိုအပ်သည့်အချိန်တွင်အလွယ်တကူ ဖွင့်နိုင်ရန် လုပ်ထားသင့်သည်။ အခန်းတိုင်းအတွက် မီးလောင်သည့်အခါ အသုံပြုရန် အရေးပေါ်ထွက်ပေါက် ၂ ခုအနည်းဆုံးရှိရန်လိုအပ်သည်။ သင့်တွင် အရေးပေါ်လွတ်မြောက်ရန်အစီအစဉ်များ ပြုလုပ်ထားရန်လိုအပ်ပြီး ပုံမှန် လေ့ကျင့်ထားသင့်သည်။ အရေးပေါ်လွတ်မြောက်ပြီးလျှင် အပြင်တွင်ဆုံရပ်တစ်ခု သတ်မှတ်ထားသင့်သည်။

    မီးစတင်လောင်သည့်အခါ ဘာလုပ်မလဲ။

    အောက်ပါတို့သည် ကလေးများကို သင်ကြားနိုင်ရန် မိဘများ သိသင့်သော အချက်များဖြစ်ပါသည်။

    ၁။ အားလုံးကို သိအောင်လုပ်ပါ။

    ပထမဆုံး သင့်ကလေးမှ စတင်သိရှိလျှင်အိမ်ရှိလူအားလုံး သိရှိနိုင်အောင် အော်ပြောရန် မှာကြားထားပါ။။ အားလုံးသည် အခြေအနေကိုနားလည်ရန်လိုအပ်ပြီး မီးသေးသည်ဆိုလျှုင် ကိုယ့်ဘာသာကိုယ် ငြိမ်းသတ်ရန် မကြိုးစားပဲ အပြင်မှ အကူအညီကို ရယူသင့်သည်။

    ၂။ အိမ်၊ အဆောက်အအုံမှ ချက်ချင်းထွက်ခွာပါ။

    အသက်ရှင်လွတ်မြောက်မှုသည် ပထမအရေးအကြီးဆုံးအချက်ဖြစ်သည်။ မီးသည် ပိုဆိုးလာလျှင် ငြိမ်းသတ်ရန်မကြိုးစားပဲ လွတ်မြောက်ရန် ကြိုးစားပါ။ ကိုယ်ပိုင်ပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်များကို ယူဆောင်ရန် ကြိုးစားရင်း အချိန်ကို မနှောင့်နှေးပါစေနှင့်။ အရေးကြီးသည်မှာ ပုန်းကွယ်ရန် နေရာမရှာပါနှင့်။ ထိုအချက်သည် မှားယွင်းသော အယူအဆဖြစ်သည်။ သင့်ကလေးကို အိမ်မှ အမြန်ဆုံးထွက်ခွာရန်သင်ကြားထားပါ။ ကြောက်လန့်နေခြင်းသည် လုပ်ဆောင်ရမည်များကို သေချာစွာ မဆုံးဖြတ်နိုင်သည့် အတွက် စိတ်ကိုအေးအေး ငြိမ်ငြိမ်ထားပြီး ဆောင်ရွက်ပါ။

    ၃။ ကြမ်းပြင်နှင့် နီးကပ်စွာနေပြီးလှုပ်ရှားသွားလာပါ။

    ဝမ်းလျားမှောက်သွားခြင်း၊ လေးဘက်ထောက်သွားခြင်းဖြင့် မီးခိုးအများကြီး မရှူရှိုက်မိအောင် ရှောင်ပါ။ ဦးနှောက်တွင် အောက်ဆီဂျင်ကျဆင်းခြင်းကြောင့် သတိလစ်နိုင်ပြီး၊ အရေးကြီးသည့် ထိုအချိန်တွင်စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။ တကယ်တမ်းတွင် ကာဘွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ အဆိပ်သင့်ပြီးသေဆုံးခြင်းသည် မီးလောင်ပြီး သေဆုံးခြင်းထက် ဦးရေများသည်ကို တွေ့ရသည်။

    ၄။ အပြင်ရောက်သည်နှင့် မီးသတ်ကို အကြောင်းကြားပါ။

    တစ်စုံတစ်ယောက်ပျောက်ဆုံးနေလျှင် မီးသတ်သမားများကို အကြောင်းကြားပါ။ အိမ်ထဲသို့ နောက်တစ်ကြိမ် ထပ်မဝင်ပါနှင့်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 11/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement