backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်တော်တဲ့ ကလေးအထူးကု ဆရာဝန်တယောက်ကို ဘယ်လိုရွေးချယ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်တော်တဲ့ ကလေးအထူးကု ဆရာဝန်တယောက်ကို ဘယ်လိုရွေးချယ်မလဲ

ကလေးအထူးကုဆရာဝန်တွေဟာ အရမ်းအလုပ်များတဲ့အတွက် သူတို့နဲ့ရက်ချိန်းယူဖို့က တခါတလေ နည်းနည်းတော့ခက်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို ကလေးအထူးကုဆရာဝန်တယောက်နဲ့ပထမဆုံးအကြိမ် ပြသမယ်ဆိုရင် သင့်အနေနဲ့ဆရာဝန်ကို မျက်နှာချင်းဆိုင်တွေ့ပြီး စကားအနည်းငယ်တော့ အရင်ပြောဖို့လိုအပ်တဲ့အတွက် ရက်ချိန်းကို ရအောင်ယူရပါမယ်။ ဒါမှသာ ဒီဆရာဝန်ဟာ သင့်ကလေးအတွက် မှန်ကန်သင့်တော်တဲ့ ဆရာဝန်တယောက်ဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဘာတွေကို လေ့လာရမလဲ။

သင့်အနေနဲ့ ဆရာဝန်ကို ထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။

ဘာတွေကိုလေ့လာရမလဲ။

သင့်အနေနဲ့ဆရာဝန်ကိုထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။

သန့်ရှင်းမှု : ဒါဟာပထမဆုံး လေ့လာသင့်တဲ့အချက်ဖြစ်ပါတယ်။ လူနာတွေစောင့်ဆိုင်းရတဲ့နေရာဟာ သန့်ရှင်းသပ်ယပ်နေရမှာ ဖြစ်ပြီးလူနာစမ်းသပ်ခန်းဟာလည်း လုံခြုံစိတ်ချမှုရှိရမှာဖြစ်တဲ့အပြင် ပိုးမွှားကင်းစင်သန့်ရှင်းနေရမှာ ဖြစ်ပါတယ်။

ဆရာဝန်ရဲ့ဆက်ဆံရေး : ဒါကတော့ လူနာတယောက်နဲ့တယောက် အယူအဆမတူတတ်တဲ့အတွက် သင်ဘယ်လိုတွေးလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ တချို့လူနာတွေက ဖော်ရွေနွေးထွေးတဲ့ဆရာဝန်ကို သဘောကျသလိုတချို့ကျပြန်တော့လည်း ခပ်တည်တည်နဲ့တိတိကျကျ ပြတ်ပြတ်သားသားအလုပ်လုပ်တတ်တဲ့ ဆရာဝန်ကိုမှ ပိုပြီးအမှတ်ပေးတတ်ကြလို့ပါ။

ဝန်ထမ်းတွေရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ၊ ကိုယ်ရည်ကိုယ်သွေး : တချို့မိဘတွေအတွက် ဒီအချက်ဟာအရေးကြီးပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေ ဆရာဝန်နဲ့ဒါမှမဟုတ် သင်နဲ့ဘယ်လိုဆက်ဆံပြောဆိုလဲဆိုတာကို သင့်အနေနဲ့အကဲခတ်နိုင်ပါတယ်။

ဆေးခန်းတည်နေရာ : ကလေးတွေဟာ ဖျားနာ၊ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ အိမ်ကနေ ဘယ်မှမသွားချင်ကြပါဖူး။ ဒါကြောင့် အိမ်နားအနီးတဝိုက်မှာရှိတဲ့ ဆေးခန်းဟာ ဝေးတဲ့ဆေးခန်းထက် ပိုအဆင်ပြေပါတယ်။

စောင့်ဆိုင်းရတဲ့အချိန် : ဆေးခန်းထဲမှာစောင့်နေတဲ့ ကလေးလူနာလေးတွေ ဘယ်လောက်များလဲ တချက်လေ့လာမယ်ဆိုရင် ဒီဆရာဝန်ဟာ ကြည့်နိုင်တဲ့လူနာပမာဏထက်ပိုပြီး ရက်ချိန်းပေးထားခြင်းရှိမရှိကို သိသာစေနိုင်မှာပါ။

ဘာတွေကို မေးရမလဲ။

ကလေးအထူးကုဆရာဝန်နဲ့တွေ့တဲ့အချိန်ကျရင် မေးမယ့်မေးခွန်းလေးတွေကိုကြိုတင်ပြီး ချရေးထားသင့်ပါတယ်။ အထူးသဖြင့်-

• ဆရာဝန်ရဲ့ ဆေးကုသမှုသက်တမ်း။

• အထူးပြုဘာသာရပ်။

• ဘယ်အရွယ်ကလေးတွေကို ကုရတာများလဲ။ အထက်တန်းကျောင်းသားအရွယ်တွေလား။ ဒီထက်ငယ်တဲ့ ကလေးတွေလား။

• ဘယ်နေ့တွေ ဆရာနားလဲ။

• ဘယ်သားဖွားမီးယပ်ဆရာဝန်နဲ့တွဲဖက်ပြီး အလုပ်လုပ်သလဲ။

• ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့ကလေးတွေအတွက် အချိန်သက်သက်သတ်မှတ်ပေးထားတာမျိုးရှိလား။

• ကလေးအထူးကုဆရာဝန်တယောက်အနေနဲ့ကလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အစိုးရိမ်ဆုံးကဘာလဲ။

• စကားပြောတာနဲ့လှုပ်ရှားသွားလာမှု ပုံမှန်ထက်နောက်ကျတဲ့ကလေးမျိုး၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာပြဿနာရှိတဲ့ကလေးမျိုးတွေကို တခြားကျွမ်းကျင်ပညာရှင်တွေဆီ လွှဲတာမျိုးတွေရှိလား။

• အရေးပေါ်မဟုတ်တဲ့ မေးစရာမေးခွန်းလေးတွေရှိရင် ဆရာဝန်ဆီဆက်သွယ်လို့ရမယ့် အကောင်းဆုံးနည်းလမ်း။

• ဆရာဝန်ကိုယ်တိုင်မှာရော ကလေးတွေရှိလား။ ရှိတယ်ဆိုရင် ဒီလိုကလေးရှိတာက ဆေးကုသတဲ့နေရာမှာအထောက်အကူဖြစ်လား ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်စေလား။

• ဆရာဝန်အနေနဲ့ဒီအနီးနားတဝိုက်က ဘယ်ဆေးရုံမှာတာဝန်ကျလဲ။ လုပ်ပိုင်ခွင့်ရှိလဲ။

• သဘာဝဆေးနည်းတွေအပေါ်မှာရော ဘယ်လိုသဘောထားအမြင်ရှိလဲ။

• လူနာတွေနဲ့မိသားစုဝင်တွေကို ကျန်းမာရေးအသိပညာပေးနိုင်ဖို့ဘယ်လိုတွေစီမံထားလဲ။

• အထူးတလည် ကုသမှုပေးရမယ့်ကလေးလူနာတွေ ဒါမှမဟုတ် ဒါဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ကလေးတွေကို ကုသတဲ့အတွေ့အကြုံဘယ်လောက်ရှိလဲ။

• အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတဲ့ ကလေးတွေရဲ့မိဘတွေကို ဆရာဝန်အနေနဲ့ဘယ်လိုကူညီထောက်ပံ့မှုတွေပေးနိုင်လဲ။

• နိုင်ငံရဲ့လက်ရှိကျန်းမာရေးစောင့်ရှောက်မှုအနေအထားကို ဘယ်လိုမြင်သလဲ။ အပြောင်းအလဲတွေပေါ်ကိုရော ဘယ်လိုမြင်လဲ။ ဆရာဝန်ရဲ့ လက်ရှိကုသနေတဲ့ အနေအထားကိုရော ကျန်းမာရေးစနစ်အပြောင်းအလဲတွေက ဘယ်လိုမျိုးရိုက်ခတ်မှုရှိနိုင်လဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement