backup og meta

ငိုနေတဲ့ကလေးအတွက် အလိုအလျောက်တုံ့ပြန်မှု ကုထုံး

ငိုနေတဲ့ကလေးအတွက် အလိုအလျောက်တုံ့ပြန်မှု ကုထုံး

ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ငိုကြွေးနိုင်ကြပြီး အငိုတိတ်အောင်ချော့မြှူဖို့က မိဘတွေအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။ ကလေးတွေက သူတို့မှာဘာတွေဖြစ်နေတယ်ဆိုတာ မပြောပြတတ်ပါဘူး။ ဗိုက်နာနေတာ၊ ဝမ်းချုပ်နေတာ၊ ချမ်းနေတာ၊ သွားလေးတွေပေါက်လာလို့ သွားယားနေတာ စသည်ဖြင့် နေထိုင်လို့မကောင်းတာအမျိုးမျိုးရှိနိုင်ပါတယ်။

အငိုတိတ်စေဖို့စမ်းသပ်ကြည့်သင့်တဲ့ အန္တရာယ်ကင်းတဲ့နည်းကောင်းတစ်မျိုးကတော့ အလိုအလျောက်တုံ့ပြန်မှုကုထုံးပါပဲ။

ဘယ်လိုအကူအညီရနိုင်လဲ

ထိုအလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ကလေးတွေမှာ လျင်မြန်ကောင်းမွန်တဲ့ ရလဒ်ကိုပေးပါတယ်။ ကလေးတွေ စိတ်မကြည်ရင် ငိုနေရင် နေထိုင်လို့မကောင်းရင် လက်လေး ခြေလေးတွေကိုပွတ်သပ်ပေးလိုက်ခြင်းအားဖြင့် ကလေးအများစုအတွက် အသုံးဝင်တဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။

အလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ခြေလက်တွေမှာရှိတဲ့ တုံ့ပြန်တဲ့အမှတ်လေးတွေနဲ့ အရေးကြီးကိုယ်တွင်းအင်္ဂါ၊ ကြွက်သား၊ အရိုး၊ ခန္တာကိုယ်ရဲ့စနစ်တွေ ဆက်စပ်လုပ်ဆောင်မှုပေါ်မူတည်ထားတဲ့ ကုထုံးတစ်ခုပါ။ ထိုနည်းဟာအကျိုးရှိပြီး ဘေးလည်းကင်းပါတယ်။

ကလေးငယ်လေးတွေရဲ့နုနယ်သေးတဲ့ခြေလက်လေးတွေ၊ နူးညံ့သေးတဲ့ အရေပြားနဲ့ အရိုးလေးတွေကြောင့် အလိုအလောက်တုံ့ပြန်မှုကုထုံးဟာ ပိုထိရောက်ပြီး လျင်မြန်တဲ့နည်းတစ်ခုလည်းဖြစ်တယ်။ ခြေထောက်မှာရှိတဲ့ ပိတ်နေတဲ့နေရာကို အသာအယာဖိနှိပ်ပေးခြင်းဖြင့် တကိုယ်လုံးကို စွမ်းအင်တွေပို့လွှတ်ပေးနိုင်ပါတယ်။

ဗိုက်နာနေတဲ့ ဒါမှမဟုတ်ဝမ်းချုပ်နေတဲ့ ကလေးတွေကို နာကျင်မှုချက်ခြင်းလျော့သွားစေတာ၊ စိတ်မကြည်တဲ့ကလေးတွေကို စိတ်သာရာရသွားစေတာမျိုး စသည်ဖြင့် ချက်ခြင်းနီးပါးရလဒ်ရတတ်ပါတယ်။ မိဘတွေဟာ ကလေးတွေမွေးစကတည်းက ဒီအလိုအလျောက်တုံ့ပြန်သည့်ကုထုံးကို အသုံးပြုနိုင်ပြီး ဒါဟာကလေးတွေရဲ့အဆင်မပြေမှုကို ပျောက်ကင်းစေတဲ့ အသုံးဝင်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေ လမ်းစလျှောက်တဲ့အရွယ်ရောက်လာတဲ့အခါ ဒီနည်းလမ်းကိုအသုံးပြုရင်း ကလေးခြေထောက်လေးတွေဖွံဖြိုးလာမှုကိုပါ စစ်ဆေးနိုင်တယ်။ ကလေးတွေရဲ့ခြေထောက်မှာ အသားမာတက်နေတာ၊ ခြေဖဝါးပြားနေတာမျိုး၊ ခြေချောင်းတွေချို့ယွင်းနေတာမျိုးနဲ့ ကြွက်နို့ မှိုရောဂါကဲ့သို့ ရောဂါပိုးဝင်နေခြင်းတို့ကို သိရှိသတိထားမိအောင် အမြဲစစ်ဆေးနေဖို့လိုတယ်။

မွေးဖွားရခက်ခဲခဲ့သော ကလေးတွေဟာ (ညှပ်ဆွဲမွေးခြင်း လေစုပ်မွေးခြင်း) အလိုအလျောက်တုံ့ပြန်မှုကုထုံးဖြင့် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ ထိုပစ္စည်းတွေဟာ ကလေးဦးခေါင်းခွံရဲ့ အရိုးငယ်လေးတွေကို ပြင်းထန်တဲ့ဖိအားတစ်ခုသက်ရောက်စေခဲ့တာကြောင့် အရိုးငယ်တချို့ဟာ မညီမညာဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် အလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ အညင်သာဆုံးကုထုံးဖြစ်တယ်။

ညွှန်ကြားချက်များ

• ကလေးကိုနှပ်နယ်သည့်အခါ ညင်ညင်သာသာနှိပ်နယ်ပါ

• ကလေးငယ်နေမကောင်းဖြစ်ချိန်တွေမှာ တုံ့ပြန်မှတ်လေးတွေက ပိုပြီးအာရုံခံမှုကောင်းနေတတ်တာကိုသိပါ။

• နှိပ်နယ်ပေးနေစဉ်မှာ ကလေးကခြေထောက်ကိုရုတ်လိုက်တယ်ဆိုရင်တော့ သူမကြိုက်လို့ဖြစ်သည့်အတွက် တခြားနည်းလမ်းပြောင်းအသုံးပြုသင့်ပါတယ်။

• ၅မိနစ် ၁၀မိနစ်ထက်ပိုမကြာပါစေနဲ့။ ကလေးကဘယ်လောက်ကြာကြာ ကောင်းကောင်းခံနေမလဲဆိုတာအပေါ် မူတည်ပါတယ်။

ဘယ်လိုလုပ်ရမလဲ

အခြေခံပုံသေနည်းက ရိုးရှင်းပါတယ်….

• ပထမဆုံး သက်တောင့်သက်သာနေပြီး ခြေထောက်သွေးလှည့်ပတ်မှုကောင်းပါစေ

• ထို့နောက်သက်ဆိုင်ရာအမှတ်ကိုရှာပါ။

• သင့်ကိုရော ကလေးအတွက်ပါ သင့်တော်မည့်နည်းလမ်းကိုရွေးချယ်ပါ။ ကလေးအသက်ပေါ်မူတည်ပြီး နည်းလမ်းပြောင်းလဲနိုင်ပါတယ်။

• လက္ခဏာများမရှိတော့သည်ထိ သို့မဟုတ် သက်သာသွားသည်ထိ လုပ်ဆောင်ပါ။ တချို့သော ကာလရှည်ရောဂါအခြေအနေများအတွက် ထိုနည်းလမ်းကို လက္ခဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်ရက်လျှင်သုံးကြိမ်အထိအသုံးပြုနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး ရှည်ကြာသော ရောဂါလက္ခဏာများသည်ပင်လျှင် ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ တိုးတက်သက်သာလာနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reflexology For Babies
http://naturaltransition.com/therapies-for-infants/reflexology/
Accessed: March 23 2017

You Can Soothe Cranky Babies by doing THIS to Their Feet!
https://www.davidwolfe.com/soothe-babies-feet/
Accessed: March 23 2017

ယခုပုံစံ

10/08/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement