backup og meta

ကလေးသွေးအားနည်းခြင်းအကြောင်း

သွေးအားနည်းခြင်း ဆိုတာ ဘာလဲ။

သွေးအားနည်းခြင်းဟာ သွေးကြောအတွင်းမှာရှိတဲ့ ကျန်းမာတဲ့ သွေးနီဥအရေအတွက် နည်းလွန်းတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ သွေးနီဥတွေဟာ ဟေမိုဂလိုဘင် တွေ ပါဝင်ပါတယ်။ ဟေမိုဂလိုဘင် တွေဟာ တစ်ရှူးတွေကို အောက်စီဂျင် သယ်ဆောင်ပေးပါတယ်။ တစ်ရှူးတွေ ကိုယ်အင်္ဂါတွေဟာ အသက်ရှင်သန်ဖို့နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အောက်စီဂျင်လိုအပ်ပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးခြင်းကို ဖြစ်နိုင်ပါတယ်။

သင့်ကလေးမှာလည်း အောက်ပါအချက်တွေကြောင့် ပုံမှန်ကလေးတွေနဲ့ ယှဉ်ရင် သွေးနီဥ နည်းနိုင်ပါတယ်။

  • ကိုယ်ခန္ဓါက လုံလောက်တဲ့ သွေးနီဥ ပမာဏ မထုတ်လုပ်နိုင်ခြင်း (သို့) နှေးကွေးစွာ ထုတ်လုပ်ခြင်း
  • သွေးနီဥ အမြောက်အမြားဟာ ဖျက်ဆီးခံရခြင်း
  • ကိုယ်ခန္ဓါက သွေးနီဥ အမြောက်အမြား ဆုံးရှုံးခြင်း

ဒါဟာ ကလေးငယ်တွေမှာ အာဟာရဓါတ် (သံဓါတ်) ဆုံးရှုံးတဲ့ အခါ၊ မွေးရာပါ ရောဂါတွေ၊ ရောဂါပိုးဝင်ခြင်းတွေ၊ အချို့ကင်ဆာတွေနဲ့ ရာသီလာတာများတဲ့အခါတွေမှာ ဖြစ်နိုင်ပါတယ်။

သွေးအားနည်းခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေက ဘာတွေလဲ။

တကယ်လို့ သင့်ကလေးမှာ သွေးအားနည်းခြင်းကို ခံစားရမယ်ဆိုရင် သင်ဟာ လက္ခဏာတစ်ခုမှ မတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွေးအားအလွန်နည်းခြင်းရဲ့ လက္ခဏာတွေကတော့

  • သင့်ကလေးစိတ်တိုလာခြင်း
  • ပင်ပန်းလွယ်ခြင်း
  • အစာစားတာ နည်းခြင်း
  • လျှာနာခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
  • ဖြူဖျော့ခြင်း တွေပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီလက္ခဏာတွေ တွေ့ပြီဆိုရင် သွေးအားနည်းခြင်း ရှိမရှိ သိစေဖို့ ကလေးကို ဆေးရုံကို ခေါ်သွားသင့်ပါတယ်။

သွေးအားနည်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

သွေးအားနည်းရောဂါကို ကုသခြင်းမရှိရင် သင်ယူမှုပိုင်းဆိုင်ရာ ပြဿနာ၊ ဆက်ဆံရေးပိုင်းဆိုင်ရာ ပြဿနာ၊ အာရုံစူးစိုက်မှု ခက်ခဲခြင်း တွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သွေးနီဥ ပမာဏဟာ အလွန်နည်းတယ်ဆိုရင် သင့်ကလေးဟာ ခဲဆိပ်သင့်တာလည်း ဖြစ်နိုင်ပါတယ်။

သွေးအားနည်းခြင်းကို ဘယ်လိုကုသမလဲ

ကလေးတွေမှာ ဖြစ်တဲ့ သွေးအားနည်းခြင်းကိုကုသမှုဟာ ဖြစ်စေတဲ့အကြောင်းရင်းတွေ ပေါ်မှာ မူတည်ပါတယ်။

တကယ်လို့ သံဓါတ်နည်းတဲ့ သွေးအားနည်းရောဂါကို ရင်ဆိုင်နေရတယ်ဆိုရင် သံဓါတ်များတဲ့ အစားအသောက်တွေ စားသင့်ပြီး သံဓါတ်အားဆေးလည်း သောက်သင့်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ တရုတ်ဆီးသီး၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ အသည်း၊ ပဲခြောက်၊ အုတ်ဂျုံ၊ ပဲထောပတ်၊ စပျစ်သီးခြောက်နဲ့ ဟင်းနုနွယ်တို့ပဲ ဖြစ်ပါတယ်။ သံဓါတ်နည်းတဲ့ သွေးအားနည်းခြင်းဟာ သွေးဆုံးရှုံးခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့ သင့်ဆရာဝန်က ပုံမှန်မဟုတ်တဲ့ ရာသီသွေး ဆုံးရှုံးခြင်းကို ထိန်းညှိပေးဖို့ ဟော်မုန်းကုသမှုတွေ ပေးခြင်း (သို့) သွေးထွက်ခြင်းကို ရပ်စေတဲ့ ခွဲစိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ ဗီတာမင်နည်းတဲ့ သွေးအားနည်းခြင်း (ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီ၁၂ နည်းခြင်း) တွေကို ခံစားရမယ်ဆိုရင် အာဟာရဓါတ်ဖြည့်တင်းခြင်းနဲ့ စားသောက်ပုံပြောင်းလဲခြင်းတွေ ကို ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ အစားအသောက်ကနေ ဗီတာမင် ဘီ၁၂ စုပ်ယူနိုင်ခြင်း မရှိဘူးဆိုရင် ကလေးကို ဗီတာမင် ဘီ၁၂ ဆေးထိုးဖို့ ခေါ်သွားသင့်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ အချို့ရောဂါတွေကြောင့် သွေးအားနည်းနေတာဆိုရင် အခြေခံအကြောင်းရင်းကို ဖေါ်ထုတ်ပြီး ကုသသင့်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ လက္ခဏာ ပြင်းထန်နေတယ်ဆိုရင် သွေးသွင်းခြင်း (သို့) synthetic erythropoietin ထိုးခြင်းတွေ လုပ်နိုင်ပါတယ်။ ဒီဟော်မုန်းဟာ ကိုယ်ခန္ဓါရဲ့ သွေးနီဥ ထုတ်ခြင်းကို အားပေးပါတယ်။

တကယ်လို့ သင့်ကလေးဟာ သွေးနီဥပုံသဏ္ဍာန်ပျက်ယွင်း သွေးအားနည်းရောဂါ (sickle cell anaemia) ဖြစ်နေတာဆိုရင် ကုသမှုတွေမှာ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ သွေးသွင်းခြင်းနဲ့ ဖောလစ်အက်ဆစ် သောက်ခြင်းတွေ ပါဝင်နိုင်ပါတယ်။

သွေးအားနည်းခြင်းကို ဘယ်လိုကာကွယ်မလဲ။

သင့်ဟာ သွေးအားနည်းခြင်း အမျိုးအစားအကုန်လုံးကို ကာကွယ်ခြင်း မပြုနိုင်ပေမယ့် သင့်ကလေးကို သံဓါတ် (သို့) ဗီတာမင် ချို့တဲ့ခြင်းမရှိအောင်တော့ ကာကွယ်ပေးနိုင်ပြီး သူတို့ဟာ သွေးအားနည်းရောဂါရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

နွားနို့

သင့်ကလေးဟာ နွားနို့ လုံလောက်စွာ မသောက်ခြင်း (သို့) ပုံမှန်သောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ နွားနို့ (သို့) ဆိတ်နို့သောက်ခြင်းဟာ ကလေးငယ်ကို အခြားသံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေမှာ စိတ်ဝင်စားမှုနည်းပါးစေတာကြောင့် ပုံမှန်မသောက်သင့်ပါဘူး။

ညီမျှတဲ့ အစားအသောက်

သင့်ကလေးအတွက် ညီမျှတဲ့အစားသောက်ကို စီစဉ်နိုင်ပါတယ်။

  • သံဓါတ်ကို ငါး၊ အသား၊ ပဲ၊ စပျစ်သီးခြောက်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ တရုတ်ဆီးသီးနဲ့ အမဲသားတွေမှာ တွေ့နိုင်ပါတယ်။
  • Folic acid ကိုတော့ အသီး၊ ပဲစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ ပဲ၊ ပေါင်မုန့်၊ cereal နဲ့ ဆန်တွေမှာ တွေ့ရပါတယ်။
  • ဗီတာမင် B12 ကိုတော့ အသား၊ နို့၊ နို့ထွက်ပစ္စည်းတွေ ဖြစ်တဲ့ ချိစ်၊ ဒိန်ချဉ်နဲ့ ပဲနို့တွေမှာ တွေ့ရနိုင်ပါတယ်။

ဗီတာမင် C ကိုတော့ အရည်ရွှမ်းတဲ့ အသီးတွေ ဖြစ်တဲ့ လိမ္မော်သီး၊ grapefruit၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီး၊ စတော်ဘယ်ရီသီးနဲ့ ဖရဲသီးတွေမှာ တွေ့ရပါတယ်။ ဗီတာမင်C ဟာ ကလေးငယ်ရဲ့ သံဓါတ်စုပ်ယူမှုကို တိုးမြှင့်ပေးတာကြောင့် အရေးကြီးပါတယ်။

သွေးအားနည်းခြင်းဟာ မကုပဲထားရင် သင့်ကလေးရဲ့ ဘဝကို ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းကနေ ကာကွယ်သင့်ပြီး ဖြစ်လာခဲ့ရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Anemia. http://www.mayoclinic.org/diseases-conditions/anemia/manage/ptc-20183235.
Accessed February 20, 2017.

2. Anemia. http://kidshealth.org/en/parents/anemia.html#. Accessed February 20, 2017.
3. Anemia caused by low iron – infants and toddlers.
https://medlineplus.gov/ency/article/007618.htm. Accessed February 20, 2017.

4. Anemia and Your Child: Parent FAQs. https://www.healthychildren.org/English/health-issues/conditions/chronic/Pages/Anemia-and-Your-Child.aspx. Accessed February 20, 2017.

5. Iron deficiency in children: Prevention tips for parents. http://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/iron-deficiency/art-20045634. Accessed February 20, 20171.

ယခုပုံစံ

09/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement