အစာမတည့်ခြင်းဆိုတာ ဘာလဲ
အစာမတည့်ခြင်းဆိုတာ ကိုယ်ခန္ဓါကနေ အစာတမျိုးမျိုးကို အန္တရာယ်ရှိတဲ့ ပစ္စည်းအနေနဲ့ ယူဆပြီး ကိုယ်ခံအားစနစ်ကို တိုက်ထုတ်ဖို့ အချက်ပြတဲ့အခါ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အစာနဲ့ဘယ်လိုထိတွေ့ပုံမဆို (ထိကိုင်ခြင်း၊ စားခြင်း၊ ရှူခြင်း) ဓါတုပစ္စည်းတချိုပကို ကိုယ်ခန္ဓါကနေ ထွက်ပေါ်လာစေပါတယ်။ ဟစ်တမင်းဟာ တခုအပါအဝင်ဖြစ်ပါတယ်။ သူဟာ အသက်ရှူစနစ်၊ အစာခြေစနစ်၊ နှလုံးသွေးကြောစနစ်တွေကို သက်ရောက်စေတဲ့ ဓါတ်မတည့်မှု လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။
ကလေးမှာ အစာမတည့်မှုဖြစ်တာကို ဘယ်လိုသိနိုင်လဲ
အောက်ပါလက္ခဏာတွေ အဖြစ်များပါတယ်။
- မျက်နှာနီရဲလာခြင်း
- အင်ပျဉ်ထခြင်း
- နီရဲယားယံလာခြင်း
- နှုတ်ခမ်း၊ မျက်လုံး၊ မျက်နှာ ရောင်လာခြင်း
- နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ နှာစေးခြင်း၊ မျက်ရည်ကျခြင်း
- ပျို့ခြင်း၊ ထိုးအန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း
- ပါးစပ်နှင့် လည်ချောင်း ယားယံခြင်း
ဓါတ်မတည့်မှုပိုဆိုးလာရင် အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ကလေး အောက်ပါ အခြေအနေတွေကို ကြုံရရင် ဆေးကုသမှုခံယူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။