backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများတွင်ဖြစ်သော စကားပြောခြင်းနှင့် ဘာသာစကား ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများတွင်ဖြစ်သော စကားပြောခြင်းနှင့် ဘာသာစကား ပြဿနာများ

အိမ်ပတ်လည်တွင် ပြေးလွှားဆော့ကစား နေသော၊ ချစ်ဖို့ကောင်းသော စကားလုံးများ ပြောတတ်သော သီချင်းကောင်းကောင်း ဆိုတတ်သော ကျန်းမာသော ကလေးများကို သင်ရရှိပါက အမှန်တကယ် ပျော်ရွှင် ချမ်းမြေ့ဖွယ် ကောင်းပါသည်။ သို့သော်လည်း ကလေးတွင် စကားပြောခြင်းနှင့် ဘာသာစကား ရောဂါများ (ASHA) ရှိပါ က အခြားသူများကဲ့သို့ ပြည့်စုံမည် မဟုတ်ပါ။

စကားပြောခြင်းနှင့်ဆိုင်သော ရောဂါတွေက ဘာတွေလဲ။

ကလေးသည် ပုံမှန်စကားသံများ မပြောတတ်ပါက သို့မဟုတ် သူတို့အသံတွင် ပြဿနာရှိပါက သူတို့တွင် စကား ပြောခြင်းနှင့်ဆိုင်သော ရောဂါများရှိနိုင်သည်။ စကားပြောခြင်း နှင့်ဆိုင်သော ရောဂါများမှာ-

  • ကလေးဘဝတွင် စကားမပြောနိုင်ခြင်း
  • Dysarthria
  • Orofacial myofunctional disorders
  • စကားပြောသံနှင့် ဆိုင်သော ရောဂါများ။ အသံပီသ ခြင်းနှင့် အသံထွက် အစီအစဉ်များ
  • စကားထစ်ခြင်း
  • ပုံမှန်မဟုတ်သော အသံ

ကလေးဘဝတွင် စကားမပြောနိုင်ခြင်း

ဤရောဂါတွင် ကလေးသည် အသံများ၊ အသံနေ အသံထား နှင့် စကားလုံးများကို မှန်ကန်စွာနှင့် ပြေပြစ်စွာ မထွက်နိုင်ပါ။ အကြောင်းရင်းမှာ သူတို့၏ ဦးနှောက်သည် စကားအတွက် လိုအပ်သော ခန္ဓါကိုယ် အစိတ်အပိုင်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ကလေးသည် သူတို့ပြောလိုသည်ကို သိသော် လည်း အသံထွက်ရန် ကြွက်သားများကို အသုံးမပြုနိုင်ပါ။

Dysarthria

Dysarthria သည် အာရုံကြောနှင့် ဆိုင်သော စကားပြောခြင်း ပြဿနာတစ်ခု ဖြစ်သည်။ အသံထွက်စေရန် လိုအပ်သော နှုတ်ခမ်း၊ လျှာ၊ အသံအိုးနှင့် ရင်ဝမ်းတား ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ ဤရောဂါ၏ အမျိုးအစားနှင့် ပြင်းထန်မှုသည် ထိခိုက်သော အာရုံကြော စနစ် တည်နေရာပေါ်တွင် မူတည်သည်။

Orofacial myofunctional disorders

နားနေချိန်တွင် လျှာသည် အရှေ့ကို အလွန်ရောက်နေပြီး စကားပြောစဉ် သို့မဟုတ် မြိုချစဉ်တွင် လျှာသည် အပေါ်နှင့် အောက်သွား ကြားတွင် ထိုးထွက်နေခြင်း ဖြစ်သည်။

စကားပြောသံနှင့်ဆိုင်သော ရောဂါများ။ အသံပီသခြင်းနှင့် အသံထွက် အစီအစဉ်များ

စကားပြောသံနှင့်ဆိုင်သော ရောဂါရှိသော ကလေးများ သည် စကားသံပီသခြင်းနှင့် စကားအသံထွက် အစီအစဉ်များ တွင် ပြဿနာများရှိသည်။

စကားထစ်ခြင်း

စကားကို ပြေပြစ်စွာ မပြောနိုင်ပါ။ စကားပြောစဉ်တွင် စကားလုံးအချို့သည် ထပ်သွားပြီး အင်း သို့မဟုတ် အား စသော အသံများခံနေသည်။ ဤအခြေအနေသည် ကလေး များ အရွယ်ရောက်သည်အထိ ပါသွားနိုင်သည်။

အသံနှင့်ဆိုင်သော ရောဂါများ

အသံနှင့်ဆိုင်သော ရောဂါများဆိုသည်မှာ အသံ သြခြင်း သို့မဟုတ် အသံလုံးဝ မထွက်ခြင်းစသော အခြေအနေများကို ခေါ်သည်။ အသံနှင့်ဆိုင်သော ရောဂါများတွင် အောက်ပါတို့ ပါဝင်သည်။

  • အသံကြိုးတွင် အကျိတ်ဖုပေါက်ခြင်း
  • အသံကြိုး မလှုပ်နိုင်ခြင်း
  • ရှေ့နောက်မညီသော အသံအိုးလှုပ်ရှားမှု
  • အသံထွက်မှု ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း

ဘာသာစကားနှင့်ဆိုင်သော ရောဂါတွေကဘာလဲ။

ဘာသာစကားနှင့်ဆိုင်သော ရောဂါများတွင် အောက်ပါ အခြေအနေများ ပါဝင်သည်။

  • မူကြိုအရွယ်တွင်ဖြစ်သော ဘာသာစကားဆိုင်ရာ ရောဂါများ

ဤရောဂါဖြစ်သော ၃နှစ်မှ ၅နှစ်အရွယ် ကလေးများသည် နားလည်ရန်နှင့် စကားပြောရန် ခက်ခဲသည်။

နားလည်သဘောပေါက်မှု ခက်ခဲသော ကလေးများသည် အောက်ပါတို့ကို မစွမ်းဆောင်နိုင်ပါ။

  • လက်ဟန်ခြေဟန်ကို နားလည်ခြင်း
  • ဦးတည်ရာအတိုင်း သွားခြင်း
  • မေးခွန်းများ ဖြေခြင်း
  • အရာဝတ္ထုများကို ခွဲခြားခြင်း
  • စကားစမြည်ပြောရာတွင် အလှည့်ယူခြင်း

စကားပြောရာတွင် ခက်ခဲသော ကလေးများသည် အောက်ပါတို့ကို မစွမ်းဆောင်နိုင်ပါ။

  • မေးခွန်းများ မေးခြင်း
  • အရာဝတ္ထုများကို နာမည်ခေါ်ခြင်း
  • လက်ဟန်ခြေဟန်များ သုံးခြင်း
  • စကားလုံးများသုံး၍ စာကြောင်းများ ဖန်တီးခြင်း
  • သီချင်းနှင့် သံစဉ်များ သင်ယူခြင်း
  • သင့်တော်သော စကားသံများ ပြောခြင်း
  • စကားဝိုင်းကို ဦးဆောင်ခြင်း

နားလည်ရန်ရော စကားပြောရန်ပါ ခက်ခဲသော ကလေး များသည် အောက်ပါတို့ကို မစွမ်းဆောင်နိုင်ပါ။

  • စာအုပ်ကို အမှန်အတိုင်း ကိုင်ခြင်း၊ စာရွက်လှန်ခြင်း
  • ရုပ်ပုံများကို ခွဲခြားခြင်း
  • ပုံပြင်အစအဆုံး ပြောခြင်း
  • စာလုံးနှင့် နံပါတ်များ ခေါ်ခြင်း၊ အက္ခရာများ သင်ယူ ခြင်း

ဘာသာစကားကို အခြေခံသော သင်ယူမှု ခက်ခဲခြင်း

စာဖတ်ရန်၊ စာလုံးပေါင်းရန် သို့မဟုတ် စာရေးရန် မစွမ်းခြင်း ဖြစ်သည်။ ဤရောဂါသည် လူတစ်ယောက်၏ ညဏ်ရည်နှင့် မဆိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤအခြေ အနေရှိသော လူများစွာသည် သာလွန်သော ညဏ်ရည် ရှိသောကြောင့် ဖြစ်သည်။

Selective mutism

ဤရောဂါသည် များသောအားဖြင့် ကလေးဘဝတွင် ဖြစ်ပွားသည်။ ၎င်းသည် ကလေး ကျောင်းသို့သွားသောအခါ သတိပြုစရာ ဖြစ်လာသည်။ သူတို့သည် ကျောင်းတွင် စကား မပြောဘဲ အိမ်တွင် သို့မဟုတ် သူတို့ချစ်သောသူများ ရှေ့တွင် သာ ကစားပြောသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement