backup og meta

ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ

    ခံစားချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို အနိုင်ကျင့်ခြင်းဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို အဆိုးဘက်က လွှမ်းမိုးထားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက သူ့ဘဝထဲက အပြုအမူတွေ၊ စကားတွေ၊ မိဘတွေရဲ့ အပြုအမူတွေ၊ ဂရုစိုက်သူတွေနဲ့ အခြားထင်ရှားတဲ့ ဖြစ်စဉ်တွေကြောင့်လို့ ဆိုပါတယ်။ ဒီတော့ ဗဟုသုတ အနေနဲ့ သိရှိနိုင်စေဖို့အတွက် ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။

    ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ

    ကလေးတွေကို အနိုင်ကျင့်ခြင်းဟာ မိသားစုပုံစံအမျိုးမျိုးမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီလို အနိုင်ကျင့်မှုမျိုးတွေဟာ ဒီလိုမိသားစုတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။

    • စီးပွားရေးအဆင်မပြေခြင်း၊
    • မိဘတစ်ယောက်တည်းရှိခြင်း
    • လင်မယားကွဲခြင်း၊ ဒါမှမဟုတ် ကွာရှင်းခဲ့ခြင်း
    • မူးယစ်ဆေးစွဲလမ်းခြင်း

    Emotional abuse တွေမှာ ကလေးတွေကို ခြောက်လှန့်ခြင်း၊ လှောင်ပြောင်ခြင်း၊ တစ်ယောက်တည်းထားခြင်း၊ လျစ်လျူရှုထားခြင်း စတာတွေပါဝင်ပါတယ်။ ဒီလိုမျိုးတွေ ခံစားနေရတဲ့ ကလေးတွေဟာ အများအားဖြင့် အခြားသော အနိုင်ကျင့်မှု ပုံစံတစ်မျိုး ဒါမှမဟုတ် လျစ်လျူရှုထားတာမျိုးကို တစ်ချိန်တည်းမှာ ခံစားရနေနိုင်ပါတယ်။

    ဒါပေမဲ့ ဒါဟာ အမြဲတမ်းဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။ ဒီလို အနိုင်ကျင့်ခံနေရတဲ့ ဒါမှမဟုတ် လျစ်လျူရှုခံနေရတဲ့ ကလေးတွေနဲ့ မူကြိုအရွယ်ကလေးတွေဟာ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေက

    • သူတို့ သိတာ မကြာသေးတဲ့သူတွေအပေါ်မှာ အလွန်အမင်းကို တွယ်ကပ်စွဲလမ်းနေတတ်ပါတယ်။
    • ယုံကြည်မှုတွေ ပျောက်ကွယ်သွားတာ ဒါမှမဟုတ် စိုးရိမ်လွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
    • မိဘတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမရှိတော့ပါဘူး။ မိဘတွေနဲ့ စိမ်းတာ၊ မြင်တာနဲ့ ကြောက်တာမျိုး။
    • အခြားသော ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေအပေါ် အကြင်နာတရားကင်းမဲ့လာတာမျိုး

    ပိုကြီးတဲ့ ကလေးတွေမှာတော့ ဒါတွေဖြစ်တတ်ပါတယ်။

    • သူတို့အရွယ်လေးနဲ့ သိမယ် မထင်ထားတဲ့စကားတွေ ဒါမှမဟုတ် အမူအရာတွေ လုပ်ပြတတ်ပါတယ်။
    • ပြင်းထန်တဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေရတာမျိုး ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာတာမျိုး
    • သူတို့မိဘတွေနဲ့ သီးသန့်စီ ဖြစ်နေတာမျိုး
    • ပေါင်းသင်းဆက်ဆံရေး မကောင်းတာမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေ ရှိရင်တောင် အနည်းငယ်လောက်ပဲရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

    ကလေးတွေရဲ့ ခံစားချက်တွေ အနိုင်ကျင့်ခံရခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ နှေးကွေးစေပြီး ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပြုလုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါဟာ ကျောင်းမှာနဲ့ အလုပ်မှာတွေ ပြဿနာတွေဖြစ်စေနိုင်ပြီး ရာဇဝတ်မှုတွေကိုတောင် ကျူးလွန်စေနိုင်ပါတယ်။

    Purdue တက္ကသိုလ်က တင်ပြလိုက်တဲ့ လေ့လာမှုတစ်ခုမှာတော့ ကလေးဘဝမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ကလေးတွေမျာ ကင်ဆာဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ။်

    သူတို့မှာ အရက်နဲ့ မူးယစ်ဆေးတွေ စွဲလမ်းနိုင်ခြေလည်း များပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေနဲ့ အကူအညီမရှာခဲ့တဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း သူတို့ကိုယ်တိုင် အနိုင်ကျင့်သူတွေ ဖြစ်နေတတ်ပြန်ပါတယ်။

    ဒီလိုစိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခံရတဲ့ကလေးတွေမှာ မကောင်းတဲ့ အပြုအမူတွေပါ ရှိနေတတ်ပါတယ်။ ဥပမာ ခိုးယူခြင်း၊ အနိုင်ကျင့်ပြီး ထွက်ပြေးခြင်း စသဖြင့်ပေါ့။

    စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

    ဒီလို အနိုင်ကျင့်ခံရမှုတွေဟာ ကလေးရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ၊ အစားအသောက်မူမမှန်တာတွေနဲ့ သူတို့ကိုယ်သူတို့ ဒုက္ခပေးခြင်းတွေ စတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    ကလေးတစ်ယောက်ရဲ့ ငယ်စဉ်ကလေးဘဝ ဒါမှမဟုတ် လမ်းလျှောက်တတ်စအရွယ်က ခံစားခဲ့ရတဲ့ အရာတွေဟာ သူတို့ရဲ့ ဘဝတစ်ခုလုံးပေါ် အကျိုးသက်ရောက်စေပါတယ်။ အချို့သော လေ့လာမှုတွေကတော့ အသက်ငယ်ငယ်လေးမှာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေဟာ ကလေးရဲ့ စားသောက်မှုနဲ့ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှုတွေနဲ့ ဆက်စပ်နေပါတယ်။

    ကလေးကကြီးလာတဲ့အခါမှာ အနိုင်ကျင့်မှုတွေကလည်း မရပ်တန့်သေးဘူးဆိုရင်တော့ ဒီအကျိုးသက်ရောက်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။

    ကာလကြာရှည် အနိုင်ကျင့်ခံလာရတဲ့ ဆယ်ကျော်သက်တွေဟာ ကိုယ့်ကိုယ်ကိုထိခိုက်အောင် လုပ်တတ်ကြပြီး အနိုင်ကျင့်မခံရတဲ့ကလေးတွေနဲ့စာရင် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ စတာတွေကို ပိုပြီး ခံစားရနိုင်ချေ ရှိပါတယ်။

    စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနဲ့ ခံစားချက်တို့ ဖွံ့ဖြိုးမှု

    စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းဟာ ကလေးရဲ့ ခံစားချက်တွေ ဖွံ့ဖြိုးမှုတွေအပေါ် ကန့်သတ်ထားနိုင်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ခံစားချက်တွေကို အနီးစပ်ဆုံးဖော်ပြနိုင်တဲ့ စွမ်းရည်တွေအပါအဝင် သူတို့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းတွေကိုပါ ကန့်သတ်ထားနိုင်တာပါ။

    အိမ်မှာ အဆူခံ၊ အဆဲခံပြီး အရေးမပါဘူးလို့ သတ်မှတ်ခံထားရတဲ့ကလေးတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုပြဿနာတွေနဲ့ ဒေါသကြီးတတ်တဲ့ ပြဿနာတွေကို ခံစားရတတ်ပါတယ်။

    မိဘတွေဆီက လိုချင်တဲ့ မေတ္တာတရားနဲ့ ဂရုစိုက်မှုကို ကို မရရှိတဲ့ကလေးတွေဟာ နောက်ပိုင်းတွေမှာလည်း အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ခိုင်မာတဲ့ သံယောဇဉ်ကို တည်ဆောက်နိုင်ဖို့ ခဲယဉ်းတာကို တွေ့ကြရပါတယ်။

    ကလေးတွေလိုပဲ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ လူကြီးတွေဟာလည်း အခြားသော ကလေးဘဝအကြမ်းဖက်မှု ပုံစံနောက်တစ်မျိုးကို ခံစားခဲ့ရသူတွေနဲ့ယှဉ်ရင် ဘဝကို ကျေနပ်မှုတွေ အရမ်းနည်းပါးပြီး အဆင့်မြင့် စိတ်ကျရောဂါနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပိုပြီးခံစားရလေ့ရှိပါတယ်။

    စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနဲ့ အပြုအမူဆိုင်ရာ ပြဿနာများ

    စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းဟာ ကလေးတစ်ယောက်ရဲ့ အပြုအမူတွေကို ပြောင်းလဲသွားစေပါတယ်။ သူတို့တွေဟာ သူတို့ဘယ်လိုပြုမူနေတယ်ဆိုတာ ဂရုမစိုက်တော့သလို သူတို့ဘာတွေဖြစ်နေတယ်ဆိုတာလည်း ဂရုမစိုက်တော့ပါဘူး။

    ဒါဟာ အပြုအမူဆိုးတွေပါပဲ (Negative impulse behavior )။ ဒါမှမဟုတ် သူတို့တွေဟာ လူတွေက သူတို့ကို မနှစ်သက်အောင် ပြုလုပ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကိုတော့ ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ခြင်း (self-isolating behavior )လို့ခေါ်ပါတယ်။

    အနိုင်ကျင့်ခံခဲ့ရတဲ့ ကလေးတစ်ယောက်က ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

    စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရတဲ့ ကလေးတစ်ယောက် ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ ရာနှုန်းပြည့်ဖြစ်နိုင်ပါတယ်။ အနိုင်ကျင့်ခံခဲ့ရတဲ့ကလေးတွေအတွက် အကူအညီတွေပေးတာက ပထမဆုံးနဲ့ အရေးအကြီးဆုံးခြေလှမ်းပါ။ နောက်ထပ် ဆက်ပြီးကြိုးစားရမှာကတော့ အနိုင်ကျင့်သူနဲ့ အခြားသော မိသားစုဝင်တွေကိုပါ ကူညီပေးနိုင်ဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement