ခြင်ကိုက်ခြင်းဟာ ကလေးငယ်ရဲ့ အသားအရေကို ယားယံစေရုံသာမက သေစေနိုင်တဲ့ ရောဂါတွေကိုပါ ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေဟာ ခြင်ကိုက်အခံရနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။
ခြင်ကိုက်ခြင်းဟာ ကလေးငယ်ရဲ့ အသားအရေကို ယားယံစေရုံသာမက သေစေနိုင်တဲ့ ရောဂါတွေကိုပါ ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေဟာ ခြင်ကိုက်အခံရနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။
အောက်ဖော်ပြပါအချက်တွေက ဒီလို အန္တရာယ်ရှိတဲ့ အင်းဆက်အကိုက်ခံရခြင်းကနေ ကာကွယ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ သင်နဲ့ သင့်ကလေးငယ်ဟာ ခြင်များတဲ့နေရာမှာ အချိန်အကြာကြီးနေမယ်ဆိုရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်သင့်ပါတယ်။ အဝတ်အစားတွေဟာ ခြင်ကိုက်ခံရခြင်းကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။
ဒီလိုအဝတ်အစားတွေကို ဓာတုပစ္စည်းပါဝင်သော (သို့) သဘာဝ ခြင်မကိုက်တဲ့ဆေးတွေနဲ့ ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ခြင်တွေကို ပိုမိုဆွဲဆောင်နိုင်တဲ့ တောက်ပတဲ့ (သို့) ပန်းပွင့်ပုံစံရှိတဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။
၁။ အသက်၂ လ အောက် ကလေးငယ်တွေမှာ ခြင်ကိုက်မခံရဆေး အသုံးမပြုသင့်ပါဘူး။
၂။ ခြင်ကိုက်မခံရစေတဲ့ ဆေးတွေကို ပြတ်ရှနာ၊ အနာတွေပေါ်ကို မလိမ်းသင့်ပါဘူး။
၃။ ဆေးထုတ်ပိုးမှုပေါ်မှ အညွှန်းကို သေချာစွာ ဖတ်ပြီး ပါဝင်ပစ္စည်းတွေကိုလည်း သိရှိသင့်ပါတယ်။
၄။ ခြင်ကိုက်မခံရတဲ့ဆေးကို ကလေးငယ်ရဲ့ မျက်နှာပေါ် တိုက်ရိုက်ဖြန်းမယ့်အစား (ဒါကို မလုပ်သင့်ပါဘူး) လက်ပေါ်ကို အရင်ဖြန်းပြီး ကလေးငယ်ရဲ့ မျက်နှာပေါ် ပွတ်လိမ်းပေးသင့်ပါတယ်။ နောက်တစ်နည်းကတော့ ခြင်ကိုက် မခံရဆေး ခရင်မ်တွေကို အသုံးပြုနိုင်ပါတယ်။
၅။ လုံလောက်တဲ့ပမာဏကို ကလေးငယ်ရဲ့ အရေပြားပေါ်ကို အသုံးပြုပါ။ အကြိမ်များစွာ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခြင်ကိုက်ခံရဆေး များလွန်းခြင်း၊ နည်းလွန်းခြင်းဟာ သူ့ရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။
၆။ ကလေးငယ်ရဲ့ အရေပြားပေါ်က ခြင်ကိုက်မခံရဆေးတွေကို ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သေချာစွာ ဆေးချသင့်ပါတယ်။
ခြင်တွေဟာ အချို့ပတ်ဝန်းကျင်တွေမှာသာ ရှင်သန်နေနိုင်ပါတယ်။ သင့်အိမ်ပတ်ဝန်းကျင်ဟာ သင့်ပတ်ပတ်လည်မှာ ရှိတဲ့ ခြင်အရေအတွက်ကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သင့်မိသားစုကို ထိခိုက်ခြင်း၊ ခြင်များခြင်းတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။
သင့်ကလေးအိပ်တဲ့နေရာ၊ အိပ်ရာ၊ ပုခက် အစရှိသည်တို့မှာ ခြင်ထောင် ထောင်ပေးသင့်ပါတယ်။ အပေါက်သေးတဲ့ ခြင်ထောင်ဟာ ခြင်တွေ အထဲဝင်ဖို့ ခက်ခဲစေတာမို့ ကလေးငယ်ကို ပိုမို ကာကွယ်ပေးနိုင်ပါတယ်။ ခြင်ထောင်တွေကို ကားထိုင်ခုံ၊ ပုခက်၊ ကလေးတွန်းလှည်း အစရှိသည်တို့မှာ အသုံးပြုနိုင်ပါတယ်။
ကလေးငယ်ရဲ့ အခန်းထဲမှာ လာဗင်ဒါအနံ့ရှိတဲ့ အထုတ်၊ ခေါင်းအုံးတွေကို ထားသင့်ပါတယ်။
လာဗင်ဒါ အခြောက်တွေကို အိပ်ငယ်နဲ့ ထည့်ပြီး ထားခြင်းဟာ ကလေးငယ်ကို ခြင်ကိုက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဒီအထုပ်တွေကို ကလေးငယ် ဆော့ကစားခြင်း၊ မြိုချခြင်းမပြုနိုင်အောင် ကလေးငယ် မမီနိုင်တဲ့ မြင့်မားတဲ့နေရာတွေမှာ ထားသင့်ပါတယ်။
တကယ်လို့ သင့်ဟာ သင့်ပတ်ဝန်းကျင်မှာ ခြင်မြောက်မြားစွာကို တွေ့နေရဆဲဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခံခြင်း၊ ကုသမှု ခံယူခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။