backup og meta

နှာစေးနေသောကလေးကို ဘယ်လိုကုသမလဲ

အသက် ၃ နှစ်အောက်ကလေးများ နှားစေးခြင်းကိုကုသရသည်မှာစိန်ခေါ်မှုကြီးတစ်ရပ်လိုပင်ဖြစ်သည်။ ရင်ကြပ်ခြင်းကိုဖြစ်စေသည့်အကြောင်းရင်းကိုတိတိကျကျသိနိုင်သည့်နည်းလမ်းလဲမရှိပါ။ ကလေးငယ်အအေးမိတာကြောင့်လဲ ဖြစ်နိုင်သည်။ ဒါမှမဟုတ် တခြားဆေးပညာဆိုင်ရာပြဿနာတစ်ခုခုအခံရှိနေတာလဲဖြစ်နိုင်သည်။ ကလေးဟာငယ်လွန်တာမို့ ကုသရန်နည်းများကလဲကန့်သတ်မှုရှိနေပြန်၏။ အအေးမိခြင်းအတွက်သုံးသောဆေးများကကလေးငယ်ကိုအန္တရာယ်ဖြစ်စေနိုင်သေးသည်။

နှာစေးနေသောကလေးကို ဘယ်လိုကုသမလဲ

ဘာကြောင့် နှာစေး သလဲ အကြောင်းရင်းရှာခြင်း

နှာခေါင်းပိတ်ခြင်း (များသောအားဖြင့် နှာစေးခြင်း)သည် ကလေးငယ်၏နှာခေါင်းမှသွေးကြောများတစ်ရှူးများအတွင်းအရည်များပြည့်ကြပ်လာသောကြောင့်ဖြစ်သည်။ ကလေးငယ်အိပ်ရာတွင်အခက်အခဲဖြစ်စေသလို နှာခေါင်းတွင်းမှ Sinus များပိုးဝင်သွားနိုင်ပါသည်။ (Sinusitis) တစ်ချို့ကလေးငယ်များတွင် နှာပိတ်ပါကအစာကျွေးရခက်တာမျိုးရှိတတ်သည်။

ဘက်တီးရီးယားလား ဗိုင်းရပ်စ်လား ဘယ်လိုပြောနိုင်မလဲ

ကလေးနှာရည်ထွက်ပါက နှာရည်ကိုကြည့်ပါ။ ဗိုင်းရပ်စ်ပိုးဆိုလျှင် အဖြူရောင်ရေဆန်ဆန်နှာရည်များအရင်ကျတတ်ပါသည်။ ပြီးမှ အဖြူ၊ အစိမ်းသို့မဟုတ် အဝါ တစ်မျိုးမျိုးပြောင်းသွားပြီးရက်အနည်းငယ်အတွင် အဖြူရောင်ပြန်ပြောင်းသွားတတ်၏။

နှာပိတ်စေသောယေဘုယျအကြောင်းရင်းများ

တစ်ခါတစ်ရံနှာပိတ်ခြင်းသည် ဓါတ်မည့်မှုကြောင့်ဖြစ်နိုင်သည်။ ဒါမှမဟုတ် နှာခေါင်းအတွင်း ပြင်ပမှအရာတစ်ခုခု ဝင်သွားသောကြောင့်လဲဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးကုသမှုခံယူရန်လိုသည်။ နှပ်ချေးမှလွဲ၍ ကလေးနှာခေါင်းထဲမှ ဘာမှသင်ကိုယ်တိုင်ဆွဲမထုတ်ရပါ။

နှာစေး တာကို ဘယ်လိုကုမလဲ

စိတ်အချရဆုံးအထိရောက်ဆုံးနည်းလမ်းသည် ဆလိုင်းဖြန်းခြင်းသို့မဟုတ် နှာခေါင်းတွင်းထည့်ဆေးများပင်ဖြစ်သည်။ နှာခေါင်းတွင်းထည့်ဆေးများကိုရွေးမည်ဆိုပါကအတွင်းမှနှပ်ချေးများအားပျော့သွားစေရန် အစက်အနည်းငယ်လောက်ထည့်ပေးပါ။ ထို့နောက်မှ စုပ်ယူနိုင်သည့်ဖုလုံးကိုသုံးပြီး နှပ်ချေးရောဆေးစက်များပါ မြန်မြန်ထုတ်ပေးပါ။ ကလေးနှာခေါင်းထဲမထည့်မှီဖုလုံးကိုအရင်ညှစ်ပါ။ ထိုမှသာနှာခေါင်းထဲထည့်ပြီးညှစ်တာကိုလွှတ်လိုက်ပါကနှပ်ချေးများကိုဆွဲပြီးသာဖြစ်သွားပါမည်။ နှာခေါင်းထဲထည့်ပြီးမှညှစ်လျှင် နှာခေါင်းထဲလေများတိုးဝင်သွားပြီး နှပ်ချေးများကို နှာခေါင်းအတွင်းထဲထိရောက်သွားစေနိုင်ပါသည်။ အိပ်ယာမဝင်ခင် သို့မဟုတ် အစာမကျွေးခင် ၁၅ မိနစ်အလိုခန့်လုပ်ပေးပါကကလေးအသက်ရှူရပိုလွယ်ကူသွားစေပါမည်။ တခြားဆေးများပါဝင်သောနှာခေါင်းအစက်ချဆေးများကိုမသုံးသင့်ပါ။ ဆလိုင်းသီးသန့်ကိုသာသုံးဖို့အကြံပြုပါသည်။ ကလေးငယ်ပိုမကူးစက်စေရန် စုပ်ဖူသောဖုလုံးကိုမသုံးခင်ရောသုံးပြီးပါ သေချာဆေးကြောပြီးအခြောက်ခံပါ။

ဆရာဝန်ဆီ ဘယ်ချိန်သွားမလဲ

အောက်ပါအခြေအနေများတွင် ဆေးကုသမှုခံယူပါ။

  • နှစ်ပတ်ထက်ပိုပြီး နှာပိတ်လျှင်
  • ကလေးငယ်က ၃ လအောက်ငယ်လျှင်
  • ကလေးငယ်သည် ချောင်းတရစပ်ဆိုးခြင်း၊ ဖျားခြင်း၊ နားနာခြင်း၊ အသက်ရှူမြန်ခြင်းများရှိလျှင်

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Treat Your Baby’s Stuffy Nose. http://www.webmd.com/children/features/help-child- stuffy-nose#1.
Accessed March 5, 2017.

Treating a Child’s Congestion or Stuffy Nose. http://www.webmd.com/first-aid/treating- a-childs- congestion-or-stuffy-nose. Accessed March 5, 2017.

ယခုပုံစံ

09/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မလဲ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ