အခြားလက္ခဏာများ
- ဆက်ဆံရေးရှုထောင့်အရ။ RAD ရှိသောကလေး များသည် ဆက်ဆံရေးတွင် အာဏာပြလိုခြင်း၊ ခြယ် လှယ်ခြင်း၊ မယုံကြည်ရခြင်းတို့ရှိသည်။ အခြားလူများ ၏ ခံစားချက်ကို သံသယဖြစ်လေ့ရှိပြီး အခြားလူများ အပေါ် အပြစ်ပုံချလေ့ရှိသည်။ ထိုကလေးများသည် ချစ်ခြင်းမေတ္တာ ရယူရန် ပေးကမ်းရန် ခက်ခဲသည်။
- အပြုအမှု ရှုထောင့်အရ။ RAD သည် စိတ်လိုက်မာန် ပါလုပ်တတ်သော၊ တာဝန်မသိသော၊ ဖျက်ဆီးတတ် သော အပြုအမှုများကို ဖြစ်စေသည်။ ဤရောဂါ ရှိသော ကလေးများသည် လိမ်ညာခြင်း၊ ခိုးယူခြင်း သို့မဟုတ် မီးရှို့ခြင်း၊ တိရစ္ဆာန်များကို သတ်ခြင်း စသော ဖျက်ဆီးသော အလုပ်များတွင် ပျော်မွေ့ သည်။ RAD ရှိသော ကလေးသည် ထွေးပွေ့ယုယ ခြင်းကို မကြိုက်ပါ။ ဆေးစွဲခြင်း၊ အရက်စွဲခြင်းတို့ ဖြစ်နိုင်သည်။
- ကျင့်ဝတ္တရား ရှုထောင့်အရ။ RAD ရှိသော ကလေး များသည် သူတို့လုပ်ရပ်များတွင် သနားကြင်နာခြင်း မရှိပါ။ သံဝေဂ ရခြင်းလည်း မရှိပါ။
- စိတ်ခံစားမှု ရှုထောင့်အရ။ ကလေးများသည် မျှော်လင့်ချက် ပျောက်ဆုံးနေကြပြီး ကြောက်ရွံ့ကြ သည်။
- ညဏ်စွမ်းရည် ရှုထောင့်အရ။ RAD ရှိသော ကလေး များသည် အာရုံစိုက်ခြင်း မရှိဘဲ မိမိအပေါ်တွင်ရော အခြား သူများအပေါ်တွင်ပါ ယုံကြည်မှု ပျောက်ဆုံး နေကြသည်။
ဖြစ်စေသော အကြောင်းရင်းများနှင့် သက်ရောက်မှုများ
ဖြစ်စေသော အကြောင်းရင်းများ
ကလေးနှင့် စောင့်ရှောက်သူများကြားတွင် ခိုင်မြဲသော ဆက်သွယ်မှု မရှိခြင်း သို့မဟုတ် ထိုဆက်သွယ်မှု ပြတ်တောက်သွားခြင်းသည် RAD ကိုဖြစ်စေသည်။ ကလေး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆက်တိုက် လျစ်လျူရှု ထားခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်။ စောင့်ရှောက်သူ များ မကြာခဏပြောင်းလဲခြင်းသည်လည်း ကလေးနှင့် သူတို့ ကို ထိန်းကျောင်းသူများကြားရှိ ဆက်သွယ်မှုကို ပြတ်တောက် စေနိုင်သည်။
သက်ရောက်မှုများ
RAD သည် ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် ညဏ်ရည်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။ ခန္ဓါကိုယ် ကြီးထွားမှု နှေးခြင်း သို့မဟုတ် သင်ယူနိုင်စွမ်း နှေးခြင်းတို့ ဖြစ်နိုင်သည်။ သူတို့တွင် စိတ်အနှောင့်အယှက်ပေးသော အပြုအမှုများ ဖြစ်ပေါ်လာပြီး သူတို့၏ ဘဝ ဆက်ဆံရေးကို ပျက်စီးစေသည်။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓါတ်ကျခြင်းကိုလည်း ပို၍ ခံစားရသည်။ ၎င်းတို့သည် ဆေးစွဲခြင်းကို ဖြစ်စေသည်။
ကုသမှု
RAD အတွက်ကုသမှုသည် စောင့်ရှောက်သူများအပေါ် တွင် မူတည်သည်။ ကလေးနှင့် စောင့်ရှောက်သူများ၏ ဆက်ဆံရေးကို ထိခိုက်စေသော ပြဿနာကို ရှာဖွေပါ။ ကလေးနှင့် သံယောဇဉ် ဖြစ်လာစေရန် ကလေးပြုစုပျိုးထောင် ခြင်း နည်းလမ်းများကို သင်ယူနိုင်သည်။ RAD ကို ကုသရန် ဆေးဝါးမရှိသော်လည်း ကုထုံးဖြင့် ကုနိုင်သည်။ ကုထုံးတွင် ကလေးနှင့် စောင့်ရှောက်သူများသည် သူတို့၏ အတွေးများ၊ စိတ်ခံစားမှုများကို ဖော်ထုတ်နိုင်သည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။