backup og meta

မွေးကင်းစကလေး ပေါင်မပြည့်ခြင်း ဖြစ်ပွားရသောအကြောင်းရင်းများနှင့် ကုသမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေး ပေါင်မပြည့်ခြင်း ဖြစ်ပွားရသောအကြောင်းရင်းများနှင့် ကုသမှုများ

    တကယ်လို့သာ သင့်ကလေးက မွေးကင်းစမှာ အလေးချိန် ၂.၅ ကီလိုဂရမ် အောက် လျော့နည်းနေမယ် ဆိုရင် ပေါင်မပြည့်ဘူးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လမစေဘဲမွေးတဲ့ ကလေးတွေမှာ ပေါင်မပြည့်နိုင်ခြေ များပါတယ်။ အကယ်၍ လမစေ့ဘဲ မွေးခဲ့မယ်ဆိုရင် ထိုကလေးရဲ့အခြေအနေက နေ့စေ့လစေ့ ၃၇ နဲ့ ၄၂ ပတ် ကြား မွေးတဲ့ ပေါင်မပြည့်တဲ့ ကလေးတွေနဲ့ ကွာခြားပါတယ်။ မွေးကင်းစကလေး ပေါင်မပြည့်ခြင်း ဖြစ်ပွားရသောအကြောင်းရင်းများနှင့် ကုသမှုများ အကြောင်း လေ့လာကြည့်ရအောင်ပါ။

    ဘာတွေက မွေးကင်းစကလေး ပေါင်မပြည့်ခြင်း ကို ဖြစ်စေတာလဲ။

    ပေါင်မပြည့်ခြင်း ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ သင့်မိသားစုထဲမှာ သင့်ကလေးက နဂိုတိုင်း သေးကွေးနေတာလဲ ဖြစ်နိုင်ပါတယ်။

    ပေါင်မပြည့်ခြင်း ကိုဖြစ်စေတဲ့ အခြားအကြောင်းရင်းတွေကတော့

    • သင့်ကလေးက လမစေ့ဘဲ မွေးတာကြောင့် ကောင်းကောင်း ဖွံ့ဖြိုး ချိန် မရတာ ဖြစ်နိုင်တယ်။
    • မိခင်က အမြွှာမွေးခဲ့ရင် ကလေးတွေကလည်း လမစေ့ဘဲ မွေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က တစ်ဦးတည်းမွေးသလိုမျိုး သူတို့ကောင်းကောင်းဖွံ့ဖြိုးဖို့အတွက် သားအိမ်ထဲမှာ နေရာမရှိတာကြောင့်ပါ။
    • တကယ်လို့ အချင်းမှာပြဿနာရှိနေမယ် ဆိုရင် ဥပမာ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတာက ကလေးဆီကို သွေးစီးဆင်းမှု လျော့နည်းစေတယ်။ အောက်စီဂျင်နဲ့ အာဟာရ ရရှိမှုနည်းစေတဲ့အတွက် ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်။
    • မိခင်က သွေးပေါင်ချိန်တက်နေမယ်ဆိုရင် ကလေးဆီရောက်ဖို့ အချင်းကိုဖြတ်သွားရတဲ့ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။
    • တကယ်လို့မိခင်မှာ ကျန်းမာရေး ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာရှိရင် မွေးမလာသေးတဲ့ ကလေးကို ကြီးထွားမှုမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မီးဖွားပြီးစမိခင်တွေလည်း ထိုပြဿနာတွေ ကျန်ရှိနေမယ်ဆိုရင် လိုအပ်တဲ့အကူအညီ ရှာဖွေသင့်ပါတယ်။

    မွေးကင်းစကလေးတွေ ကိုယ်အလေးချိန်မပြည့်တာကို ဘယ်လိုကာကွယ်မလဲ။

    မွေးကင်းစကလေး ပေါင်မပြည့်ခြင်းကို လျော့ချနိုင်ဖို့ မိခင်တွေက လုပ်နိုင်တဲ့အရာ များစွာရှိပါတယ်။

    • အရေးကြီးဆုံးကတော့ ဆရာဝန်နှင့်အချိန်မှန်မှန် ပြသကုသဖို့ပါ။ ပုံမှန် လေ့လာစောင့်ကြည့်မှု လုပ်တာဟာ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုး မှု ရှိမရှိကို သေချာသိစေပါတယ်။ ဆရာဝန်က မိခင်ကို ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်နိုင်တဲ့ ဖျားနာမှု နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
    • ဖောလစ်အက်စစ်က ကလေးမှာဖြစ်နိုင်တဲ့ ချို့ယွင်းချက်တွေနဲ့ ကျန်းမာရေးပြဿနာ တွေကို ကာကွယ်ရာမှာ အရေးပါပါတယ်။ ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ် ကို တစ်နေ့တစ်ကြိမ်( အများအားဖြင့် ကိုယ်ဝန်မဆောင်ခင်မှာ ) မှီဝဲပေးမယ်ဆိုရင် ကလေးပေါင်မပြည့်ခြင်း အပါအဝင် အခြားအာရုံကြော ချို့ယွင်းမှု တွေကို မဖြစ်အောင် လျော့ချပေးနိုင်ပါတယ်။
    • တကယ်လို့ မိခင်က အာရုံကြော ချို့ယွင်းမှုဖြစ်တဲ့ ကလေးမွေးဖူးသူဆိုရင် ဖောလစ်အက်စစ်ကို ၁ ဂရမ် ခန့်နေ့စဉ်သောက်ပေးဖို့ ညွန်းချင်ပါတယ်။ ပြီးတော့ မိခင် နောက်တစ်ကြိမ် ကိုယ်ဝန်မယူခင် ၃လ အလိုထဲက ဖောလစ်အက်စစ်ကို မှီဝဲရမှာ ဖြစ်ပါတယ်။

    ကလေးပေါင်မပြည့်ခြင်းအတွက် ကုသမှုများ

    တကယ်လို့ ကလေးက ပေါင်ချိန်မပြည့်ခဲ့ရင် အနီးကပ် စောင့်ကြည့်ကုသဖို့အတွက် ဆေးရုံမှာ အချိန်ထပ်ယူရပါမယ်။ ဒီအချိန်ကလည်း နေ့ သို့မဟုတ် လ နှင့်ချီပြီး ကြာနိုင်ပါတယ်။ ကလေးပေါင်ချိန် ဘယ်လောက်ထိနည်းသလဲ၊ ထိုနည်းရခြင်း အကြောင်းရင်း နဲ့ ကလေးကို အိမ်မှာထားဖို့ စိတ်ချရလောက်တဲ့ လိုအပတဲ့ပေါင်ချိန်ပမာဏ ပေါ်မူတည်ပြီး ဆေးရုံတက်ရချိန်ကြာတာဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ အာထရာဆောင်းရိုက်ခြင်းက ကလေးမီးမဖွားခင် ပေါင်ချိန်ပြည့်မှုရှိမရှိကို ဆရာဝန်ကသိအောင် ကူညီပေးပါတယ်။

    မိဘတွေမှာ ကလေးငယ်လေးတွေ ကျန်းမာတဲ့ဘဝကိုစတင်နိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတွေ ရှိပါတယ်။

    • ကလေးကို မိခင်နို့တိုက်သင့်ပါတယ်။ ဒါဟာ ကလေးတစ်ယောက် ကျန်းမာစွာ ကြီးထွားလာနိုင်အောင် မိခင်ကလုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာတွေ ထဲကတစ်ခုဖြစ်ပါတယ်။
    • ကလေးတွေ ကြီးထွား ဖွံ့ဖြိုးမှု စောင့်ကြည့်ချက်တွေကို သေချာဂရုစိုက် လုပ်ပေးရပါမယ်။
    • ကလေးငယ်ကြီး ထွားလာတာနဲ့အမျှ တက်လာတဲ့ ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ။ အစောပိုင်းမှာ အလွန်အမင်းကိုယ်အလေးချိန် တက်လာခြင်းဟာ အသက်ကြီးချိန်မှာ ကျန်းမာရေးနဲ့ ကိုယ် အလေးချိန်ပြသနာတွေကို ဖြစ်စေပါတယ်။ အာဟာရကြွယ်ဝတဲ့ အစားအသောက်တွေဟာ ကလေးငယ်ကို ဖြေးဖြေးမှန်မှန် ကြီးထွားစေပေမယ့် ဒီလို အာဟာရတွေပါဝင်တဲ့ နို့မှုန့် ဖြည့်စွက်စာတွေကို ဂရုစိုက် ကျွေးမွေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement