backup og meta

ဖခင်နှင့် ကလေးနို့တိုက်ခြင်း

ဖခင်နှင့် ကလေးနို့တိုက်ခြင်း

အမျှော်အမြင်ရှိသော အဖေများသည် မိခင်နို့တိုက်ခြင်းက ကလေးအတွက် အကောင်းဆုံးဖြစ်ကြောင်း သဘောတူကြသည်။ မိခင်နို့ရည်တွင် ကလေးအတွက် အကောင်းဆုံးသော အာဟာရများပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရစေသည်။ ထို့အပြင် နို့တိုက်ခြင်းသည် အကုန်အကျသက်သာပြီး၊ ဆေးကြောရန်၊ ပြင်ဆင်ရန်လည်း မလိုအပ်ပေ။ အမေနှင့်ကလေးကြား ဆက်သွယ်မှုလည်း ပိုမိုကောင်းမွန်စေသည့် အကောင်းဆုံးနည်းလမ်းလည်းဖြစ်သည်။ သို့သော် ဖခင်များသည် ကလေးမွေးပြီးနောက်တွင် နို့တိုက်ခြင်းအပေါ်တွင် မတူညီသော ခံစားချက်များရှိကြသည်။ ထိုအရာသည် နို့တိုက်ခြင်းနှင့် အကျိုးကျေးဇူးများကို အားမပေးခြင်းမဟုတ်ဘဲ သူတို့ကိုယ်ကို အရေးမပါသကဲ့သို့ခံစားမိစေသည့် ခံစားချက်ကြောင့်သာဖြစ်သည်။

အဖေများအတွက် ကလေးကိုနို့တိုက်ချိန်တွင် အောက်ပါခံစားချက်များ ဖြစ်ပေါ်နိုင်သည်။

  • ကလေးနှင့် အမေကြားတွင် ဖြစ်ပေါ်သော သံယောဇဉ်နှောင်ဖွဲ့မှုမျိုး ကိုယ်နှင့် ကလေးကြားတွင်မရှိမည်ကို စိုးရိမ်ခြင်း။
  • ကလေးအတွက် အမေ လုပ်ပေးသလောက် ကိုယ်မလုပ်ပေးနိုင်ဟု ယူဆသည့်အတွက် အားမရသည့် ခံစားချက်မျိုးဖြစ်ခြင်း။
  • ကလေးသည် သင်နှင့် သင့်အဖော်ကြား အနှောင့်အယှက်ကဲ့သို့ဖြစ်သည်ဟု ခံစားမိခြင်း။
  • အမျိုးသမီးသည် ကလေးကို နို့တိုက်ရသည့်အတွက် ကလေးအကြောင်းပိုသိမည်ဟု ယုံကြည်ခြင်း။

အောက်ပါတို့သည် ဖခင်မှကူညီပေးနိုင်သောနည်းလမ်းများ ဖြစ်ပါသည်။

  • ကူညီပေးပါ။ နားလည်ပေးပါ။

ကလေးကို နို့တိုက်ခြင်းသည် ခက်ခဲပင်ပန်းသည့် အလုပ်ဖြစ်သည့်အတွက် သင့်အဖော်မှ လုပ်ရမည့် အခြားအိမ်အလုပ်များကို ကူညီလုပ်ကိုင်ပေးပါ။ အမေမှ နို့တိုက်နေသည့်အချိန်တွင် ခေါင်းအုံးယူပေးခြင်း၊ ရေယူပေးခြင်း စသည်ဖြင့် ကူညီပေးပြီး ကလေးနို့တိုက်ပြီးလျှင် လေထုတ်ပေးခြင်းဖြင့်လည်း ကူညီနိုင်သည်။

  • သင့်ကလေးနှင့် နီးနီးကပ်ကပ် နေပါ။

ကလေးကို ပွေ့ဖက်ခြင်း၊ ရေချိုးပေးခြင်း၊ စာဖတ်ပြခြင်း၊ နှင့် ကလေးကို ရင်ခွင်ထဲတွင် ထားသိပ်ခြင်းတို့သည် ကလေးနှင့် ရင်းနှီးမှုရစေမည့် နည်းလမ်းများဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် နို့တိုက်နေသော အမေနှင့် တန်းတူ ရင်းနှီးမှုရနိုင်ပေသည်။

  • သင်ကလေးနှင့် များများအတူနေပေးပါ။

သင့်ကလေးကို တွန်းလှည်းထဲထည့်ပြီး လမ်းလျောက်ထွက်ပါ။ ဈေးဝယ်ထွက်ပါ။ အိမ်တွင် အတူဆော့ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် သင့်ကလေးကို တစ်ယောက်တည်းရှိနေချိန်နည်းစေပြီး သင့်အတွက်လည်း ကလေးကို ပြုစုစောင့်ရှောက်ရာတွင် မိဘအနေဖြင့် ယုံကြည်မှုတက်စေသည်။

  • သင့်အဖော်သည် သင်နှင့် အတူနေရန် စိတ်မပါလျှင် စိတ်ရှည်ရှည်ထားပါ။

သင့်အဖော်သည် ကလေးကို နို့တိုက်နေရချိန်တွင် ပင်ပန်းသောကြောင့်လည်းကောင်း၊ အီစထရိုဂျင်ဟော်မုန်းအထွက်နည်းသည့်အတွက်ကြောင့် လည်းကောင်း လိင်ဆက်ဆံရန် အဆင်သင့်မဖြစ်သေးခြင်းဖြစ်နိုင်သည်။ သင့်အဖော်ကို ဆက်ဆံသည့်အခါ နာကျင်မှုသက်သာစေရန် ရေဓာတ်ပါသော အဆီကို သုံးရန် အဆင်သင့်ထားပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dads and breastfeeding
http://www.babycenter.com/0_dads-and-breastfeeding_8252.bc
Accessed : 01 January 2017

ယခုပုံစံ

03/06/2022

Dr. Su Sandy မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ

ဖခင်တစ်ယောက်ရဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ



Dr. Su Sandy မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement