ကလေးငယ်များကိုအသက်ဘယ်လောက်အထိမိခင်နို့တိုက်သင့်သလဲ။

    ကလေးငယ်များကိုအသက်ဘယ်လောက်အထိမိခင်နို့တိုက်သင့်သလဲ။

    သင့်ကလေးကိုအသက်ဘယ်အရွယ်အထိနို့တိုက်မလဲဆိုသည်မှာမိခင်၏ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပါသည်။

    အရင်ခေတ်ကတော့ ကလေးများကိုအသက်တစ်နှစ်ကျော်သည်အထိနို့တိုက်ကြပါသည်။

    နှစ်ဆယ်ရာစုမရောက်ခင်အထိကတော့ မိခင်နို့တိုက်သောကလေးများအတွက် နို့ဖြတ်ဖို့အချိန်သည် အတော်စောလှပါသည်။ မကြာသေးမီက ကမာ့္ဘကျန်းမာရေးအဖွဲ့အစည်းနှင့်ယူနီဆက်ဖ်တို့ကတော့ ကလေးတစ်ယောက်ကိုအသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပြီး အသက်နှစ်နှစ်နှင့်အထက်ကိုတော့မိခင်နို့အပြင် အစာအမာကျွေးလို့ရကြောင်း ပြောကြားထားပါသည်။ တကယ်တော့ ထိုအကြံဉာဏ်သည် လူတိုင်းအတွက် လက်တွေ့မဆန်ပါဘူး။ သုတေသနပြုချက်များစွာက အနည်းဆုံး ကလေး ပထမတစ်ဆယ့်သုံးပတ်အထိ အခြားအစာအမာမကျွေးဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် သင့်ကလေးကို အစာအိမ်နှင့်အူရောင်ခြင်း ၊ အဆုတ်ပိုးဝင်ခြင်းများမှကာကွယ်ပေး နိုင်သည်ဟု ဖော်ပြထားပါသည်။

    အကယ်၍သင်သည် မိခင်နို့တိုက်ရသည်ကို နှစ်သက်သည်ဆိုလျှင် သင့်ကလေးကို မည်သည့်အရွယ်ထိမဆို မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ သင့်ကလေးအသက်တစ်နှစ်သို့မဟုတ် နှစ်နှစ်အရွယ်ရောက်သည်အထိ မိခင်နို့တိုက်ကျွေးခြင်းသည်လည်းပဲ အဆင်ပြေပါသည်။ ကလေးရောအမေပါအဆင်သင့်မဖြစ်ခင်မှာ မိခင်နို့တိုက်ကျွေးခြင်း မရပ်လိုက်ဖို့တော့လိုအပ် ပါသည်။ သင့်မိသားစုနှင့် သင်၏အိမ်ထောင်ဖက်မှ ကူညီထောက်ပံ့မှုများသည် သင်မိခင်နို့တိုက်ချင်သည့် အချိန်အထိ ဆက်လက်တိုက်နိုင်ဖို့အတွက် ပိုမိုလွယ်ကူစေပါသည်။

    တစ်ခါတစ်ရံတွင် မိသားစုအတွက်သူငယ်ချင်းများအတွက် အလုပ်အတွက် ဖိအားများ ရှိနေသော မိခင်များသည် မိမိကိုယ်တိုင်အဆင်သင့်မဖြစ်သေးမီ မိခင်နို့တိုက်တာ ရပ်ဖို့ဆုံးဖြတ်တတ်ကြသည်။ ထို့ကြောင့် သင့်ကလေးကိုနို့တိုက်တာရပ်မလား၊မရပ်ဘူးလားဆိုခြင်းသည် သင်တစ်ဦးတည်းနှင့်ဆိုင်သော ရွေးချယ်မှု ဖြစ် ပါသည်။ သေချာစဉ်းစားပြီးမှဆုံးဖြတ်ပါ။ မိခင်အချို့သည် မိခင်နို့ဖြတ်ပြီးမှသာလျှင် အလုပ်ပြန်လုပ်ရမည်ဟု ထင်ကြသည်။ တကယ်တော့ အမျိုးသမီးများစွာသည် မိခင်နို့နှင့်နို့ဘူးပေါင်းစပ်တိုက်ကျွေးရင်းနှင့်ပင် ို အလုပ်လုပ်ရင်း ကလေးငယ်များကို မိခင်နို့ဆက်လက်တိုက်ကြပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးနှင့်ရင်းနှီးချစ်ခင်မှုရရှိနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ရုံသာမက ကလေးနှင့်အမေ နေ့စဉ်ဝေးကွာနေချိန်အတွင်း အဆင်ပြေအောင်လုပ်ပေးနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ သင့်ကလေးကိုဘယ်အရွယ်အထိနို့တိုက်မလဲဆိုသည်မှာ ကြီးမားသောဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး သင့်စိတ်ခံစားချက်နှင့် အခြေအနေများ ပေါ်တွင်မူတည်နေပါသည်။ သို့သော်လည်းသင့်ကလေးကို ပထမခြောက်လ အတွင်းတော့ မိခင်နို့မတိုက်မဖြစ် တိုက်ကို တိုက်ရပါမည်။

    မိခင်ကောင်းတစ်ယောက်ဆိုသည်ထက် ပျော်ရွှင်သောမိခင်တစ်ယောက်ဖြစ်ဖို့သည်ပို၍အရေးကြီးပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Kaung Thar မှ ရေးသားသည်။ 10/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။