နှုတ်ခမ်းလှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ဘာသာစကားစွမ်းရည်တွေကြားမှာ ဆက်နွှယ်မှုကြီးမားတယ်လို့ သုတေသီတွေကပြောပါတယ်။
ကလေးတွေကို လျှာနဲ့နှုတ်ခမ်းသပ်တတ်အောင် သင်ပေးတာ၊ ဗူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်းလုပ်ပေးတာကမှ စကားလုံးတွေ အသံထွက်တတ်လာအောင် သူတို့ရဲ့သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။
သုတေသနမှာ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် အယောက် ၁၂၀ကျော်ကိုလေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေသင်ယူမှုပိုမြန်တာဖြစ်ပါတယ်။ လေ့လာမှုရလဒ်တွေအရ နှုတ်ခမ်းလှုပ်ရှားမှုသိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကားစွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီ Dr Katie Alcock ကပြောပါတယ်။
ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှုများများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးကစကားပိုတတ်ကြတယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။
“ကလေးတွေက တစ်နှစ်ခွဲရောက်တဲ့အခါ ထက်ဝက်လောက်က စကားလုံး ၁၀၀ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ ဆက်ပြီးပြောတတ်နေပြီ။ နောက်တစ်ဝက်ကတော့ မရဘူး။ ကလေးတွေရဲ့ ၅ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း လောက်က စကားတတ်တာအရမ်းနည်းတယ်။” လို့ သူကပြောပါတယ်။
ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဗူးမှုတ်မှာကိုမကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။ ဒီနည်းလေးတွေနဲ့ ကလေးရဲ့ လေ့လာသင်ယူမှုမှာ ကူညီပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။