backup og meta

ဆုပေးခြင်းစနစ် ၊ အမှန်နှင့်အမှား

ဆုပေးခြင်းစနစ် ၊ အမှန်နှင့်အမှား

ကလေးများကို အပြုသဘောဆောင်သော တွန်းအား ဖြစ်စေရန် ဆုပေးရန် လိုအပ်သည်။ သို့သော်လည်း လူအများ သည် ကလေးကို မှန်ကန်သော နည်းလမ်းဖြင့် ဆုပေးရန် မသိရှိပါ။

မှားယွင်းသော ဆုပေးခြင်းဆိုတာဘာလဲ။

မှားယွင်းသော ဆုပေးခြင်းဆိုသည်မှာ အပျက်သဘော ဆောင်သော တွန်းအားပေးမှုတစ်ခု ဖြစ်သည်။ ဥပမာ- သင့် ကလေးသည် သူ့အခန်းကို သန့်ရှင်းရေး မလုပ်ပါက သင်သည် သန့်ရှင်းရေးလုပ်ရန် ပြောမည့်အစား အခန်းသန့်ရှင်းရေး လုပ်ပြီးပါက ဆုအဖြစ် အရုပ်အသစ် တစ်ရုပ်ပေးမည်ဟု ပြောနိုင်သည်။ ကလေး၏ အပျက် သဘောဆောင်သော ရလဒ် သို့မဟုတ် မနှစ်သက်သော ခံစားမှုကို ဖယ်ရှားခြင်းဖြင့် သူတို့၏ တုံ့ပြန်မှု သို့မဟုတ် အပြု အမှုကို သန်မာစေသည်။

သင့်ကလေးသည် သူတို့ဆောင် ရွက်သောအခါ သင့်ဆီမှ စိတ်ဝင်စားမှု သို့မဟုတ် သူတို့လို လားသော အရာရမည်ဟု နားလည်လာသည်။ အချိန်ကြာ လာသောအခါ ညှိနှိုင်းမှု များလာပြီး သင့်ကလေးသည် အကျင့်ပျက်လာနိုင်သည်။ သင်သည် သင့်ကလေးအပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးနိုင်သည်။

မှန်ကန်သော ဆုပေးခြင်းဆိုတာ ဘာလဲ။

မှန်ကန်သော ဆုပေးခြင်းဆိုသည်မှာ သင်သည် ကလေး၏ ကောင်းမွန်သော အပြုအမှုအတွက် တစ်စုံတစ်ခု ချီးမြှင့်ခြင်း ဖြစ်သည်။ ၎င်းသည် အကျိုးရှိပါသည်။ အဘယ် ကြောင့်ဆိုသော် ကလေးသည် ဆုနှင့် အသိအမှတ်ပြုခြင်း လိုချင်ပါက ထိုက်တန်သော အရာတစ်ခု ဆောင်ရွက်ရမည် ဟု နားလည်သွားသောကြောင့် ဖြစ်သည်။ ၎င်းသည် ဖြာ ယောင်းပြီး အတင်းအကျပ် လုပ်ယူခြင်းထက် ပိုကောင်းပါ သည်။ သို့သော် မလိမ်ညာဘဲ ကျင့်ဝတ်နှင့်ညီသော နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ကို သင့်ကလေးအား နားလည်အောင် သင်ကြားပါ။

ဆုပေးခြင်း အမျိုးအစားတွေက ဘာတွေလဲ။

သင့်ကလေးများကို ပေးနိုင်သော ဆုပေးခြင်း စနစ် သုံးမျိုး ရှိပါသည်။

  • ဆက်တိုက် ဆုပေးခြင်း။ ဤနည်းလမ်းသည် သင့် ကလေး ကောင်းသော အပြုအမှု ပြုလုပ်တိုင်း ဆုပေးသော နည်းလမ်းဖြစ်သည်။ သို့သော်လည်း သင် ဆုပေးခြင်းကို ရပ်သောအခါ ကလေးသည် ကောင်းသော အပြုအမှုများကို ရပ်တန့်လိမ့်မည်။
  • ပြတ်တောင်းပြတ်တောင်း ဆုပေးခြင်း။ ဤ အခြေ အနေသည် သင့်ကလေးအား ပုံမှန် အချိန်အတိုင်း အတာဖြင့် ဆုပေးခြင်း ဖြစ်သည်။ ၎င်းသည် ကလေး များ အပြုအမှုများကို သင်ယူရန် အချိန်ကြာနိုင် သည်။ သို့သော် သင်ဆုပေးခြင်းကို ရပ်လိုက်သော် လည်း သူတို့အပြုအမှုများသည် ဆက်လက် ကျန်ရှိနေမည်။
  • ကြုံသလို ဆုပေးခြင်း။ ၎င်းသည် ရွေးချယ် သင့်သော နည်းလမ်းဖြစ်သည်။ ဆုများကို ပုံမှန် မဟုတ်သော အချိန်အတိုင်းအတာများတွင် ပေးသည်။ ထိုအခါ သင့်ကလေးသည် အချိန်ကြာစွာ ဘယ်လို ပြုမှုရမလဲကို သင်ယူနိုင်ပြီး ၎င်းကို လိုလားသော အပြုအမှုအဖြစ် ပြောင်းလဲ ယူနိုင်သည်။ အကျင့် ဖြစ်လာပါက ၎င်းသည် အလွယ်တကူ မပျောက်နိုင် တော့ပါ။

သင့်ကလေး တိုးတတ်မှု မြန်စေရန် သင်သည် ဆက်တိုက် ဆုပေးခြင်းဖြင့် စတင်သင့်ပြီး ပြတ်တောင်း ပြတ်တောင်း ဆုပေးခြင်းကို ဆက်လုပ်သင့်သည်။ နောက် ဆုံးတွင် ကြုံသလို ဆုပေးခြင်းကို အခြေချ ပြောင်းလဲ သင့်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ဤနည်းဖြင့် သင့်ကလေး၏ အပြုအမှုများသည် အကျင့်ဖြစ်လာ ပြီး အရွယ်ရောက်သည်အထိ လိုက်ပါသွားမည် ဖြစ်သည်။ ပထမတွင် သင်သည် သင့်ကလေး လိုလားသည်ကို ပေးရန် အားသန်နေနိုင်သည်။ ထိုမှသာ သင့်ကို သူတို့ဒုက္ခပေးခြင်း ရပ်မည်ဟု ထင်သည်။ သို့သော်လည်း ရေရှည်တွင် ပိုပြီး အကျိုးရှိစေရန် သင်၏ ဆုပေးခြင်း စနစ်သည် တင်းမာပြီး တစ်သမတ်တည်း ဖြစ်စေရန် အရေးကြီးပါသည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Rewarding techniques: the right and the wrong? http://mypositiveparenting.org/2014/01/10/rewarding-techniques-the-right-and-the-wrong/. Accessed April 23, 2017
Rewards are better than punishment: here’s why. https://www.psychologytoday.com/blog/family-affair/200809/rewards-are-better-punishment-here-s-why

ယခုပုံစံ

10/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement